မန်ယူနှင့်မန်စီးတီးကို ပေါင်းစပ်ပြီး စူပါကလပ်တစ်ခုအဖြစ် ပြောင်းလဲရန် စီစဉ်ခဲ့ဖူးသလား?

၁၉၆၀ခုနှစ်များတုန်းကမန်ချက်စတာယူနိုက်တက်နှင့်မန်ချက်စတာစီးတီးတို့ကိုပေါင်းစပ်ပြီး ထိပ်သီးကလပ်တစ်ခုအဖြစ် တည်ထောင်ရန်စီစဉ်ခဲ့ကြဖူးပါတယ်။

ထိုစဉ်ကကလပ်နှစ်ခုလုံး အခုလိုတစောင်းစေနှင့်မျက်ချေးမဟုတ်ကြသေးဘဲ တစ်သင်းနှင့်တစ်သင်းအလွန်ကောင်းတဲ့ဆက်ဆံရေးများရှိပါတယ်။ဒုတိယကမ္ဘာစစ်ကာလအတွင်းမှာမန်စီးတီးဟာမန်ယူကိုအိုးထရက်ဖို့ဒ်ပျက်စီးမှုကြောင့်သူတို့ရဲ့အိမ်ကွင်းပွဲကို Maine Road မှာကစားခွင့်ပေးခဲ့ပါတယ်။

၁၉၆၄ခုနှစ်တုန်းကမန်စီးတီးအသင်းဒုဥက္ကဌကဖရန့်ဂျွန်ဆင်ဖြစ်ပါတယ်။သူဟာမန်ချက်စတာကလပ်နှစ်ခုကိုပေါင်းပြီးစူပါကလပ်အဖြစ်အသွင်ပြောင်းရန်ဆန္ဒပြင်းပြခဲ့ပါတယ်။

ထိုစဉ်ကမန်စီးတီးဟာဒုတိယမှာကစားနေပါတယ်။ဒါပေမယ့်မန်ယူကအဆင့်မြင့်တန်းမှာဒုတိယနေရာကိုရယူထားနိုင်မှုနဲ့အတူကလပ်နှစ်ခုကိုပေါင်းစည်းပြီးစူပါကလပ်အဖြစ်တည်ထောင်ရေးစိတ်ကူးကမဖြစ်နိုင်ခဲ့ပါဘူး။

ဆွေးနွေးမှုများစွာရှိခဲ့ကြပေမယ့်လည်းကလပ်နှစ်ခုလုံးကလူတွေကသဘောတူညီမှုမရရှိမှုနဲ့အတူမဖြစ်မြောက်ခဲ့ပါဘူး။

မန်ချက်စတာဘောလုံးသမိုင်းဆရာဂယ်ရီဂျိမ်းစ်က “ဒီစိတ်ကူးကိုပြည်သူလူထုကြားထဲမှာမရောက်ခင်မှာဘဲကလပ်နှစ်ခုလုံးကအဆုံးသတ်လိုက်တာပါ။အဲဒီတုန်းကဥက္ကဌအဖြစ်တာဝန်ထမ်းဆောင်တဲ့အဲရစ်အလက်ဇန္ဒားနဲ့စကားပြောခဲ့ပါတယ်။သူကဖရန့်ဂျွန်ဆင်ရဲ့စိတ်ကူးလို့ပြောပါတယ်။နောက်ထပ်သူ့အစီအစဉ်ကမြောက်နဲ့တောင်မှာဘဲထားဖို့ပါ။ဒါပေမယ့်အဲဒီတုန်းကစီးတီးကအဆင့်နိမ့်လိဂ်မှာပါ”လို့ပြောကြားသွားပါတယ်။

ယင်းနောက်ပိုင်းတွင်မန်စီးတီးသို့နည်းပြဂျိုးမာဆာရောက်လာပါတယ်။သူဟာတန်းတက်ရအောင်စွမ်းဆောင်ရုံသာမက၁၉၆၈ခုနှစ်မှာအဆင့်မြင့်တန်းဖလားရအောင်လုပ်ဆောင်နိုင်ခဲ့သလိုနောက်တစ်နှစ်မှာအက်ဖ်အေဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။

တစ်ဖက်တွင်မန်ယူဟာလည်း၁၉၆၈ခုနှစ်မှာဥရောပဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။၎င်းတို့ဟာဝင်ဘာလေကွင်းမှာဘင်ဖီကာကို၄-၁ဂိုးဖြင့်အနိုင်ရရှိခဲ့တာဖြစ်ပြီးဥရောပဖလားဆွတ်ခူးနိုင်တဲ့ပထမဆုံးအင်္ဂလိပ်ကလပ်ဖြစ်လာခဲ့ပါတယ်။

ZawGyi

မန္ယူႏွင့္မန္စီးတီးကို ေပါင္းစပ္ၿပီး စူပါကလပ္တစ္ခုအျဖစ္ ေျပာင္းလဲရန္ စီစဥ္ခဲ့ဖူးသလား?

၁၉၆၀ခုႏွစ္မ်ားတုန္းကမန္ခ်က္စတာယူႏိုက္တက္ႏွင့္မန္ခ်က္စတာစီးတီးတို႔ကိုေပါင္းစပ္ၿပီး ထိပ္သီးကလပ္တစ္ခုအျဖစ္ တည္ေထာင္ရန္စီစဥ္ခဲ့ၾကဖူးပါတယ္။

ထိုစဥ္ကကလပ္ႏွစ္ခုလုံး အခုလိုတေစာင္းေစႏွင့္မ်က္ေခ်းမဟုတ္ၾကေသးဘဲ တစ္သင္းႏွင့္တစ္သင္းအလြန္ေကာင္းတဲ့ဆက္ဆံေရးမ်ားရွိပါတယ္။ဒုတိယကမာၻစစ္ကာလအတြင္းမွာမန္စီးတီးဟာမန္ယူကိုအိုးထရက္ဖို႔ဒ္ပ်က္စီးမႈေၾကာင့္သူတို႔ရဲ႕အိမ္ကြင္းပြဲကို Maine Road မွာကစားခြင့္ေပးခဲ့ပါတယ္။

၁၉၆၄ခုႏွစ္တုန္းကမန္စီးတီးအသင္းဒုဥကၠဌကဖရန႔္ဂြၽန္ဆင္ျဖစ္ပါတယ္။သူဟာမန္ခ်က္စတာကလပ္ႏွစ္ခုကိုေပါင္းၿပီးစူပါကလပ္အျဖစ္အသြင္ေျပာင္းရန္ဆႏၵျပင္းျပခဲ့ပါတယ္။

ထိုစဥ္ကမန္စီးတီးဟာဒုတိယမွာကစားေနပါတယ္။ဒါေပမယ့္မန္ယူကအဆင့္ျမင့္တန္းမွာဒုတိယေနရာကိုရယူထားႏိုင္မႈနဲ႔အတူကလပ္ႏွစ္ခုကိုေပါင္းစည္းၿပီးစူပါကလပ္အျဖစ္တည္ေထာင္ေရးစိတ္ကူးကမျဖစ္ႏိုင္ခဲ့ပါဘူး။

ေဆြးေႏြးမႈမ်ားစြာရွိခဲ့ၾကေပမယ့္လည္းကလပ္ႏွစ္ခုလုံးကလူေတြကသေဘာတူညီမႈမရရွိမႈနဲ႔အတူမျဖစ္ေျမာက္ခဲ့ပါဘူး။

မန္ခ်က္စတာေဘာလုံးသမိုင္းဆရာဂယ္ရီဂ်ိမ္းစ္က “ဒီစိတ္ကူးကိုျပည္သူလူထုၾကားထဲမွာမေရာက္ခင္မွာဘဲကလပ္ႏွစ္ခုလုံးကအဆုံးသတ္လိုက္တာပါ။အဲဒီတုန္းကဥကၠဌအျဖစ္တာဝန္ထမ္းေဆာင္တဲ့အဲရစ္အလက္ဇႏၵားနဲ႔စကားေျပာခဲ့ပါတယ္။သူကဖရန႔္ဂြၽန္ဆင္ရဲ႕စိတ္ကူးလို႔ေျပာပါတယ္။ေနာက္ထပ္သူ႔အစီအစဥ္ကေျမာက္နဲ႔ေတာင္မွာဘဲထားဖို႔ပါ။ဒါေပမယ့္အဲဒီတုန္းကစီးတီးကအဆင့္နိမ့္လိဂ္မွာပါ”လို႔ေျပာၾကားသြားပါတယ္။

ယင္းေနာက္ပိုင္းတြင္မန္စီးတီးသို႔နည္းျပဂ်ိဳးမာဆာေရာက္လာပါတယ္။သူဟာတန္းတက္ရေအာင္စြမ္းေဆာင္႐ုံသာမက၁၉၆၈ခုႏွစ္မွာအဆင့္ျမင့္တန္းဖလားရေအာင္လုပ္ေဆာင္ႏိုင္ခဲ့သလိုေနာက္တစ္ႏွစ္မွာအက္ဖ္ေအဖလားဆြတ္ခူးႏိုင္ခဲ့ပါတယ္။

တစ္ဖက္တြင္မန္ယူဟာလည္း၁၉၆၈ခုႏွစ္မွာဥေရာပဖလားဆြတ္ခူးႏိုင္ခဲ့ပါတယ္။၎တို႔ဟာဝင္ဘာေလကြင္းမွာဘင္ဖီကာကို၄-၁ဂိုးျဖင့္အႏိုင္ရရွိခဲ့တာျဖစ္ၿပီးဥေရာပဖလားဆြတ္ခူးႏိုင္တဲ့ပထမဆုံးအဂၤလိပ္ကလပ္ျဖစ္လာခဲ့ပါတယ္။