စိတ်ဝေဒနာခံစားနေရရှာတဲ့မန်ယူနှင့်လိဒ်စတားဟောင်းမက်ကွင်း

ဂန္ထဝင်ဘောလုံးသမားဂေါ်ဒွန်မက်ကွင်းဟာသွေးကြောဆိုင်ရာစိတ်ဝေဒနာရောဂါခံစားနေရကြောင်းမိသားစုဝင်များက အတည်ပြုကြေညာလာပါတယ်။

အသက်၆၈နှစ်ရှိမက်ကွင်းဟာ၁၉၇၀နှင့်၁၉၈၀ခုနှစ်များတွင်မန်ယူ၊လိဒ်၊စကော့တလန်အသင်းများနှင့်အတူ အောင်မြင်မှုများရယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

သွေးကြောဆိုင်ရာစိတ်ဝေဒနာရောဂါမှာဦးနှောက်သို့သွေးရောက်ရှိမှုလျှော့ကာစိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာဆုတ်ယုတ်လာခဲ့ခြင်းဖြစ်ပါတယ်။

ဂေါ်ဒွန်မက်ကွင်းဟာပြီးခဲ့တဲ့ဇန်နဝါရီလမှစတင်ကာစိတ်ရောဂါဝေဒနာခံစားလာခဲ့ရတာဖြစ်ပါတယ်။မိသားစုဝင်များဟာဘောလုံးလောကအသိုင်းအဝိုင်းထံမှလိုအပ်တဲ့အကူအညီများရရှိလာစေရန်အတွက်ယခုကဲ့သို့လူသိရှင်ကြားထုတ်ပြန်ကြေညာလာခဲ့တာလည်းဖြစ်ပါတယ်။

မက်ကွင်းရဲ့မန်ယူကစားဖော်များကြတဲ့ဂျက်ချာလ်တန်နှင့်နော်ဘီစတိုင်တို့မှာစိတ်ဝေဒနာကြောင့်ကွယ်လွန်ခဲ့ကြပြီး ဖြစ်ပါတယ်။မန်ယူဂန္ထဝင်ဘော်လ်ဘီချာလ်တန်မှာလည်းစိတ်ရောဂါဝေဒနာခံစားနေရပါတယ်။

နောက်ခံလူဟောင်းမက်ကွင်းဟာ၁၉၇၄ခုနှစ်တုန်းကလိဒ်နှင့်အတူအဆင့်မြင့်တန်းဖလားဆွတ်ခူးနိုင်ခဲ့ပြီးနောက် တစ်နှစ်တွင်ဥရောပဖလားဗိုလ်လုပွဲသို့တက်ရောက်နိုင်ခဲ့ပါတယ်။

သူဟာမန်ယူနှင့်အတူ၁၉၈၃ခုနှစ်တွင်အက်ဖ်အေဖလားဆွတ်ခူးနိုင်ခဲ့ပြီးစကော့တလန်အတွက်ပွဲ၃၀ကစားကာ၅ဂိုး သွင်းယူပေးခဲ့ပါတယ်။

သူဟာ၁၉၈၅ခုနှစ်မှာဟောင်ကောင်တွင်ဘောလုံးကစားပြီးနောက်ကစားသမားဘဝမှအနားယူခဲ့ပြီး Airdrieonians ကိုနည်းပြအဖြစ်တာဝန်ယူခဲ့ပါတယ်။

သူဟာ၂၀၁၂ခုနှစ်တုန်းက Scottish Football Hall of Frame တွင် ထည့်သွင်းခံခဲ့ရပါတယ်။

အက်ဖ်အေဟာဘောလုံးသမားများနှင့်စိတ်ဝေဒနာဆက်စပ်မှုအပေါ်သုသေသနပြုလုပ်မှုများစတင်ပြုလုပ်နေပြီလည်းဖြစ်ပါတယ်။

ZawGyi

စိတ္ေဝဒနာခံစားေနရရွာတဲ့မန္ယူႏွင့္လိဒ္စတားေဟာင္းမက္ကြင္း

ဂႏၴဝင္ေဘာလုံးသမားေဂၚဒြန္မက္ကြင္းဟာေသြးေၾကာဆိုင္ရာစိတ္ေဝဒနာေရာဂါခံစားေနရေၾကာင္းမိသားစုဝင္မ်ားက အတည္ျပဳေၾကညာလာပါတယ္။

အသက္၆၈ႏွစ္ရွိမက္ကြင္းဟာ၁၉၇၀ႏွင့္၁၉၈၀ခုႏွစ္မ်ားတြင္မန္ယူ၊လိဒ္၊စေကာ့တလန္အသင္းမ်ားႏွင့္အတူ ေအာင္ျမင္မႈမ်ားရယူႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။

ေသြးေၾကာဆိုင္ရာစိတ္ေဝဒနာေရာဂါမွာဦးေႏွာက္သို႔ေသြးေရာက္ရွိမႈေလွ်ာ့ကာစိတ္ပိုင္းဆိုင္ရာႏွင့္႐ုပ္ပိုင္းဆိုင္ရာဆုတ္ယုတ္လာခဲ့ျခင္းျဖစ္ပါတယ္။

ေဂၚဒြန္မက္ကြင္းဟာၿပီးခဲ့တဲ့ဇန္နဝါရီလမွစတင္ကာစိတ္ေရာဂါေဝဒနာခံစားလာခဲ့ရတာျဖစ္ပါတယ္။မိသားစုဝင္မ်ားဟာေဘာလုံးေလာကအသိုင္းအဝိုင္းထံမွလိုအပ္တဲ့အကူအညီမ်ားရရွိလာေစရန္အတြက္ယခုကဲ့သို႔လူသိရွင္ၾကားထုတ္ျပန္ေၾကညာလာခဲ့တာလည္းျဖစ္ပါတယ္။

မက္ကြင္းရဲ႕မန္ယူကစားေဖာ္မ်ားၾကတဲ့ဂ်က္ခ်ာလ္တန္ႏွင့္ေနာ္ဘီစတိုင္တို႔မွာစိတ္ေဝဒနာေၾကာင့္ကြယ္လြန္ခဲ့ၾကၿပီး ျဖစ္ပါတယ္။မန္ယူဂႏၴဝင္ေဘာ္လ္ဘီခ်ာလ္တန္မွာလည္းစိတ္ေရာဂါေဝဒနာခံစားေနရပါတယ္။

ေနာက္ခံလူေဟာင္းမက္ကြင္းဟာ၁၉၇၄ခုႏွစ္တုန္းကလိဒ္ႏွင့္အတူအဆင့္ျမင့္တန္းဖလားဆြတ္ခူးႏိုင္ခဲ့ၿပီးေနာက္ တစ္ႏွစ္တြင္ဥေရာပဖလားဗိုလ္လုပြဲသို႔တက္ေရာက္ႏိုင္ခဲ့ပါတယ္။

သူဟာမန္ယူႏွင့္အတူ၁၉၈၃ခုႏွစ္တြင္အက္ဖ္ေအဖလားဆြတ္ခူးႏိုင္ခဲ့ၿပီးစေကာ့တလန္အတြက္ပြဲ၃၀ကစားကာ၅ဂိုး သြင္းယူေပးခဲ့ပါတယ္။

သူဟာ၁၉၈၅ခုႏွစ္မွာေဟာင္ေကာင္တြင္ေဘာလုံးကစားၿပီးေနာက္ကစားသမားဘဝမွအနားယူခဲ့ၿပီး Airdrieonians ကိုနည္းျပအျဖစ္တာဝန္ယူခဲ့ပါတယ္။

သူဟာ၂၀၁၂ခုႏွစ္တုန္းက Scottish Football Hall of Frame တြင္ ထည့္သြင္းခံခဲ့ရပါတယ္။
အက္ဖ္ေအဟာေဘာလုံးသမားမ်ားႏွင့္စိတ္ေဝဒနာဆက္စပ္မႈအေပၚသုေသသနျပဳလုပ္မႈမ်ားစတင္ျပဳလုပ္ေနၿပီလည္းျဖစ္ပါတယ္။