မန်ယူနှင့်အတူ ပထမဆုံးအကြိမ် လေ့ကျင့်ခန်းဆင်းလာတဲ့ ဆန်ချို

ဂျာဒွန်ဆန်ချိုဟာပရီးမီးယားလိဂ်အဖွင့်ပွဲမတိုင်မီမန်ယူကစားဖော်များနှင့်ပထမဆုံးအကြိမ်အဖြစ်လေ့ကျင့်ခန်းဆင်းလာပါတယ်။

အင်္ဂလန်တောင်ပံကစားသမားဟာမန်ယူအသင်းနှင့်အတူလေ့ကျင့်ခန်းဆင်းလာမှုနဲ့အတူစနေနေ့တွင်အိုးထရက်ဖို့ဒ်ကွင်းမှာလိဒ်ယူနိုက်တက်နှင့်ရင်ဆိုင်ကစားရမယ့်ပွဲစဉ်မှာပါဝင်လာဖို့ရှိနေပါတယ်။

ဆန်ချိုဟာအင်္ဂလန်အသင်းနှင့်အတူယူရို၂၀၂၀ပြိုင်ပွဲကစားခဲ့ရမှုနဲ့အတူအားလပ်ရက်များစွာပေးခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။

သူဟာဇူလိုင်လ၂၃ရက်နေ့တုန်းကဒေါ့မွန်ကနေမန်ယူသို့ပြောင်းရွှေ့ကြေးပေါင်၇၇.၅သန်းဖြင့်ပြောင်းခဲ့ပြီးနောက်အပန်းဖြေခရီးထွက်နေခဲ့ပါတယ်။

ဒါပေမယ့်လည်းသူဟာအားလပ်ရက်အပန်းဖြေခရီးစဉ်အတွင်းတွင်အားကစားလေ့ကျင့်ခန်းများလုပ်ဆောင်နေခဲ့ရာမန်ယူအသင်းသို့အကောင်းဆုံးခန္ဓာကိုယ်အနေအထားမျိုးဖြင့်ပူးပေါင်းနိုင်ခဲ့ပါတယ်။

သူဟာဒေါ့မွန်အသင်းအတွက်၁၃၇ပွဲကစားခဲ့ရာမှာဂိုး၅၀သွင်းယူပြီး၆၄ကြိမ်ဖန်တီးမှုပြုလုပ်နိုင်ခဲ့ပါတယ်။

ZawGyi






