မန်ယူနှင့်အဲဗာတန်သရေပွဲအပြီးမှာ သူ့ကို ရော်နယ်ဒို ဘာပြောခဲ့သလဲ တောင်းဆင့်ဖွင့်ဟလာ

အင်ဒရို့စ်တောင်းဆင့်ကမန်ယူနှင့်အဲဗာတန်တို့တစ်ဂိုးစီသရေကျတဲ့ပွဲအပြီးမှာအင်္ကျီရရှိရေးအတွက်ချဉ်းကပ်ချိန်တွင်ခရစ္စတီယာနိုရော်နယ်ဒိုဟာပေါ်တူဂီဘာသာစကားဖြင့် တတွတ်တွတ်ပြောဆိုနေကြောင်းဖွင့်ဟလာခဲ့ပါတယ်။

အသက်၃၀နှစ်ရှိအဲဗာတန်တောင်ပံကစားသမားဟာအန်တိုနီမာရှယ်ရဲ့ပထမပိုင်းဦးဆောင်ဂိုးကိုဒုတိယပိုင်းတွင်ပြန်လည်ချေပကာ အိုးထရက်ဖို့ဒ်ကွင်းမှသရေတစ်မှတ်ဖြင့်ပြန်လာနိုင်အောင်အဲဗာတန်ကိုကူညီခဲ့သူဖြစ်ပါတယ်။

အင်ဒရို့စ်တောင်းဆင့်ဟာအဲဗာတန်အတွက်အဖိုးတန်ချေပဂိုးသွင်းယူပြီးနောက် ခရစ္စတီယာနိုရော်နယ်ဒိုကဲ့သို့အောင်ပွဲခံမှုပြုလုပ်ခဲ့ပါတယ်။

ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင်တောင်းဆင့်ကရော်နယ်ဒိုကိုလှောင်ပြောင်တဲ့သဘောဖြင့်အောင်ပွဲခံခဲ့ခြင်းမဟုတ်ဘဲ၊လေးစားအားကျမှုကြောင့်ယင်းသို့အောင်ပွဲခံခြင်းမျှသာဖြစ်ကြောင်းဖွင့်ဟခဲ့ပါတယ်။

တောင်းဆင့်ဟာပွဲသိမ်းခရာမှုပြီးနောက် ချက်ချင်းပင်ခရစ္စတီယာနိုရော်နယ်ဒိုထံသို့သွားရောက်ခဲ့ပြီးအင်္ကျီတောင်းဆိုမှုပြုလုပ်ခဲ့ပါတယ်။ရော်နယ်ဒိုဟာတောင်းဆင့်ကိုလှည့်ပင်မကြည့်ဘဲဥမင်လှိုဏ်ခေါင်းအတွင်းသို့ဒေါသတကြီးဝင်ရောက်သွားခဲ့ပါတယ်။

ဒါပေမယ့်တောင်းဆင့်ဟာနောက်ပိုင်းတွင်ခရစ္စတီယာနိုရော်နယ်ဒိုထံမှအင်္ကျီလက်ဆောင်ရရှိခဲ့ပါတယ်။

ယခုအခါတောင်းဆင့်က၎င်းမှာအိုးထရက်ဖို့ဒ်ကွင်းမှခရစ္စတီယာနိုရော်နယ်ဒိုရဲ့အင်္ကျီမပါဘဲပြန်မထွက်လာရန်ဆုံးဖြတ်ထားခဲ့ကြောင်းဖွင့်ဟလာပါတယ်။

တောင်းဆင့်က “အိုးထရက်ဖို့ဒ်ကခရစ္စတီယာနိုရဲ့အင်္ကျီမပါဘဲမပြန်ဘူးလို့ဆုံးဖြတ်ချက်ချထားခဲ့တာပါ။ပွဲသိမ်းခရာမှုတ်ပြီးချိန်မှာသူ့ကိုတန်းပြေးသွားတာခင်ဗျားတို့လည်းမြင်ကြမှာပါ။သူဘာတွေတတွတ်တွတ်ပြောနေလဲတော့မသိပါဘူး။ဒါပေမယ့်အင်္ဂလိပ်လိုပြောနေတာမဟုတ်ပါဘူး။ပေါ်တူဂီလိုတတွတ်တွတ်ပြောနေတာပါ။သူ့အင်္ကျီကိုသုံး၊လေးကြိမ်လောက်တောင်းခဲ့ရတယ်။သူလည်းအထဲရောက်တော့ပေးခဲ့တယ်။အထဲရောက်မှပေးမယ်လို့သူကပြောခဲ့ပါတယ်။အဝတ်အစားလဲခန်းအတွင်းမှာစောင့်နေခဲ့တယ်။အဝတ်အစားတာဝန်ခံကကျွန်တော့်ကိစ္စဖြေရှင်းပေးခဲ့တယ်။ဒီအတွက်ကျေးဇူးပါ။ဒီအင်္ကျီကကျွန်တော်တသက်လုံးသိမ်းထားမယ့်အင်္ကျီပါ”လို့ပြောကြားသွားပါတယ်။

ZawGyi

မန္ယူႏွင့္အဲဗာတန္သေရပြဲအၿပီးမွာ သူ႔ကို ေရာ္နယ္ဒို ဘာေျပာခဲ့သလဲ ေတာင္းဆင့္ဖြင့္ဟလာ

အင္ဒ႐ို႕စ္ေတာင္းဆင့္ကမန္ယူႏွင့္အဲဗာတန္တို႔တစ္ဂိုးစီသေရက်တဲ့ပြဲအၿပီးမွာအက်ႌရရွိေရးအတြက္ခ်ဥ္းကပ္ခ်ိန္တြင္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာေပၚတူဂီဘာသာစကားျဖင့္ တတြတ္တြတ္ေျပာဆိုေနေၾကာင္းဖြင့္ဟလာခဲ့ပါတယ္။

အသက္၃၀ႏွစ္ရွိအဲဗာတန္ေတာင္ပံကစားသမားဟာအန္တိုနီမာရွယ္ရဲ႕ပထမပိုင္းဦးေဆာင္ဂိုးကိုဒုတိယပိုင္းတြင္ျပန္လည္ေခ်ပကာ အိုးထရက္ဖို႔ဒ္ကြင္းမွသေရတစ္မွတ္ျဖင့္ျပန္လာႏိုင္ေအာင္အဲဗာတန္ကိုကူညီခဲ့သူျဖစ္ပါတယ္။

အင္ဒ႐ို႕စ္ေတာင္းဆင့္ဟာအဲဗာတန္အတြက္အဖိုးတန္ေခ်ပဂိုးသြင္းယူၿပီးေနာက္ ခရစၥတီယာႏိုေရာ္နယ္ဒိုကဲ့သို႔ေအာင္ပြဲခံမႈျပဳလုပ္ခဲ့ပါတယ္။

ပြဲအၿပီးသတင္းစာရွင္းလင္းပြဲတြင္ေတာင္းဆင့္ကေရာ္နယ္ဒိုကိုေလွာင္ေျပာင္တဲ့သေဘာျဖင့္ေအာင္ပြဲခံခဲ့ျခင္းမဟုတ္ဘဲ၊ေလးစားအားက်မႈေၾကာင့္ယင္းသို႔ေအာင္ပြဲခံျခင္းမွ်သာျဖစ္ေၾကာင္းဖြင့္ဟခဲ့ပါတယ္။

ေတာင္းဆင့္ဟာပြဲသိမ္းခရာမႈၿပီးေနာက္ ခ်က္ခ်င္းပင္ခရစၥတီယာႏိုေရာ္နယ္ဒိုထံသို႔သြားေရာက္ခဲ့ၿပီးအက်ႌေတာင္းဆိုမႈျပဳလုပ္ခဲ့ပါတယ္။ေရာ္နယ္ဒိုဟာေတာင္းဆင့္ကိုလွည့္ပင္မၾကည့္ဘဲဥမင္လႈိဏ္ေခါင္းအတြင္းသို႔ေဒါသတႀကီးဝင္ေရာက္သြားခဲ့ပါတယ္။

ဒါေပမယ့္ေတာင္းဆင့္ဟာေနာက္ပိုင္းတြင္ခရစၥတီယာႏိုေရာ္နယ္ဒိုထံမွအက်ႌလက္ေဆာင္ရရွိခဲ့ပါတယ္။

ယခုအခါေတာင္းဆင့္က၎မွာအိုးထရက္ဖို႔ဒ္ကြင္းမွခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕အက်ႌမပါဘဲျပန္မထြက္လာရန္ဆုံးျဖတ္ထားခဲ့ေၾကာင္းဖြင့္ဟလာပါတယ္။

ေတာင္းဆင့္က “အိုးထရက္ဖို႔ဒ္ကခရစၥတီယာႏိုရဲ႕အက်ႌမပါဘဲမျပန္ဘူးလို႔ဆုံးျဖတ္ခ်က္ခ်ထားခဲ့တာပါ။ပြဲသိမ္းခရာမႈတ္ၿပီးခ်ိန္မွာသူ႔ကိုတန္းေျပးသြားတာခင္ဗ်ားတို႔လည္းျမင္ၾကမွာပါ။သူဘာေတြတတြတ္တြတ္ေျပာေနလဲေတာ့မသိပါဘူး။ဒါေပမယ့္အဂၤလိပ္လိုေျပာေနတာမဟုတ္ပါဘူး။ေပၚတူဂီလိုတတြတ္တြတ္ေျပာေနတာပါ။သူ႔အက်ႌကိုသုံး၊ေလးႀကိမ္ေလာက္ေတာင္းခဲ့ရတယ္။သူလည္းအထဲေရာက္ေတာ့ေပးခဲ့တယ္။အထဲေရာက္မွေပးမယ္လို႔သူကေျပာခဲ့ပါတယ္။အဝတ္အစားလဲခန္းအတြင္းမွာေစာင့္ေနခဲ့တယ္။အဝတ္အစားတာဝန္ခံကကြၽန္ေတာ့္ကိစၥေျဖရွင္းေပးခဲ့တယ္။ဒီအတြက္ေက်းဇူးပါ။ဒီအက်ႌကကြၽန္ေတာ္တသက္လုံးသိမ္းထားမယ့္အက်ႌပါ”လို႔ေျပာၾကားသြားပါတယ္။