မန်ယူနှင့် တစ်ပတ်လုပ်ခပေါင် ၂၅၀၀၀၀ ကျော်တန် ငါးနှစ်စာချုပ်သစ်ချုပ်ဆိုဖို့ နီးစပ်နေပြီဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ်

ဘရူနိုဖာနန်ဒက်စ်ဟာမန်ချက်စတာယူနိုက်တက်အသင်းနှင့်တစ်ပတ်လုပ်ခပေါင်၂၅၀၀၀၀ ကျော်တန် ငါးနှစ်စာချုပ်သစ်ချုပ်ဆိုရန်အလွန်နီးစပ်နေပြီဖြစ်ကြောင်းသိရပါတယ်။

ပေါ်တူဂီစူပါစတားဟာမန်ယူနှင့်စာချုပ်သစ်ချုပ်ဆိုရန်ဆွေးနွေးလာခဲ့တာလအနည်းငယ်ကြာမြင့်လာခဲ့ပြီဖြစ်ပြီးယခုအခါစာချုပ်တွင်လက်မှတ်ရေးထိုးနိုင်တော့မယ့်အခြေအနေမျိုးသို့ရောက်လာနေပြီဖြစ်ပါတယ်။

အထူးသဖြင့်ဘရူနိုဖာနန်ဒက်စ်ဟာပေါ်တူဂီကစားဖော်ခရစ္စတီယာနိုရော်နယ်ဒိုရောက်လာမှု၊အပြောင်းအရွှေ့ဈေးကွက်တွင်မန်ယူကကစားသမားသစ်များခေါ်ယူရင်းနှီးမြှပ်နှံမှုတို့ကြောင့်စာချုပ်သစ်ချုပ်ဆိုရန်ပိုမိုစိတ်အားထက်သန်လာခဲ့တာလည်းဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်၊ဘာစီလိုနာတို့ရဲ့အလိုရှိခြင်းခံနေရတဲ့အသက်၂၇နှစ်ရှိဘရူနိုဖာနန်ဒက်စ်ဟာလက်ရှိအချိန်တွင်မန်ယူမှာတစ်ပတ်လုပ်ခပေါင်တစ်သိန်းနီးပါးသာရရှိနေသူဖြစ်ပြီးမန်ယူတွင်လုပ်ခအနည်းဆုံးကစားသမားများထဲမှတစ်ဦးဖြစ်နေပါတယ်။

သူဟာစပို့တင်းလစ္စဘွန်းမှမန်ယူသို့ရောက်လာတဲ့၁၈လတာကာလအတွင်းတွင်အဓိကကစားသမားအဖြစ်ခြေစွမ်းပြလာနိုင်မှုနဲ့အတူယခုကဲ့သို့လုပ်ခများစွာတိုးပြီးစာချုပ်သစ်ချုပ်ဆိုခံရမှာလည်းဖြစ်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ရဲ့လက်ရှိစာချုပ်မှာ၂၀၂၅ခုနှစ်တွင်ကုန်ဆုံးမှာဖြစ်ပြီးစာချုပ်သစ်ကြောင့်၂၀၂၆ခုနှစ်အထိအိုးထရက်ဖို့ဒ်တွင်ရှိနေမှာဖြစ်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာစာချုပ်သစ်ကြောင့်တစ်ပတ်လုပ်ခပေါင်၂၅၀၀၀၀ကျော်အထိရရှိလာမှာဖြစ်ပေမယ့်ခရစ္စတီယာနိုရော်နယ်ဒို၊ဒီဂီယာ၊ဆန်ချို၊ဗာရိန်း၊ပေါ့ဘာတို့လောက် လုပ်ခရရှိမှာမဟုတ်ပါဘူး။

ZawGyi







