မန်ယူနှင့် ပရီးမီးယားလိဂ်ပွဲစဉ်ကို အာဆင်နယ်အသင်းခေါင်းဆောင်အူဘာမီယန်လွဲချော်မည်

အာဆင်နယ်နည်းပြအာတီတာကအသင်းခေါင်းဆောင်အူဘာမီယန်မှာကြံ့ခိုင်မှုအခြေအနေအကောင်းဆုံးပုံစံ တွင် မရှိမှုကြောင့်မန်ယူနှင့်ပရီးမီးယားလိဂ်ပွဲစဉ်ကိုလွဲချော်မှာဖြစ်ကြောင်းပြောကြားလာပါတယ်။

အူဘာမီယန်ဟာမိခင်မကျန်းမာမှုကြောင့်သွားရောက်ပြုစုနေခဲ့ရပြီးအာဆင်နယ်ရဲ့ဆောက်သမ်တန်နှင့်ပွဲနှစ်ပွဲကိုလွဲချော်ခဲ့သူဖြစ်ပြီးမနေ့က တည်းကလန်ဒန်သို့ပြန်လည်ရောက်လာခဲ့ပါတယ်။

ဒါပေမယ့်အာတီတာဟာကလပ်ရဲ့လေ့ကျင့်ခန်းအစီအစဉ်များကိုငါးရက်အထိလွဲချော်လာခဲ့တဲ့အူဘာမီယန်မှာကြံ့ ခိုင်မှုပိုင်းအကောင်းဆုံးအနေအထားတွင်မရှိမှုနဲ့အတူမနက်ဖြန်မန်ယူနှင့်ကစားရမယ့်အရေးပါတဲ့ပရီးမီးယားလိဂ်ပွဲ တွင်ချန်လှပ်ရန်ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။

အာတီတာက “သူ့အခြေအနေနဲ့ပတ်သက်ပြီးအူဘာနဲ့စကားပြောပြီးပါပြီ။အခြေအနေကအားလုံးကောင်းမွန်နေပါ ပြီ။ဒါပေမယ့်ကျွန်တော်တို့အနေနဲ့သူပြန်ကစားမယ့်အချိန်ကိုတော့စောင့်ရပါမယ်။အူဘာကကျွန်တော်တို့ရဲ့ အသင်းခေါင်းဆောင်ဖြစ်ပြီးအရေးအပါဆုံးကစားသမားတွေထဲကတစ်ဦးပါ။သူအမြန်ဆုံးပြန်ကစားလာနိုင်ဖို့ကျွန် တော်တို့လုပ်ဆောင်သွားပါမယ်။ဒါပေမယ့်ပြီးခဲ့တဲ့ရက်တွေမှာသူအခက်အခဲတွေနဲ့ဖြတ်သန်းခဲ့ရတာနားလည်ရပါ မယ်။သူ့မိသားစုကိုသူကူညီဖို့လိုအပ်နေခဲ့တယ်။အခုလည်းကျွန်တော်တို့ကသူ့ကိုအားလုံးအဆင်ပြေသွားဖို့အချိန် ပေးဖို့ကူညီရပါမယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

မန္ယူႏွင့္ ပရီးမီးယားလိဂ္ပြဲစဥ္ကို အာဆင္နယ္အသင္းေခါင္းေဆာင္အူဘာမီယန္လြဲေခ်ာ္မည္

အာဆင္နယ္နည္းျပအာတီတာကအသင္းေခါင္းေဆာင္အူဘာမီယန္မွာႀကံ့ခိုင္မႈအေျခအေနအေကာင္းဆုံးပုံစံ တြင္ မရွိမႈေၾကာင့္မန္ယူႏွင့္ပရီးမီးယားလိဂ္ပြဲစဥ္ကိုလြဲေခ်ာ္မွာျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။

အူဘာမီယန္ဟာမိခင္မက်န္းမာမႈေၾကာင့္သြားေရာက္ျပဳစုေနခဲ့ရၿပီးအာဆင္နယ္ရဲ႕ေဆာက္သမ္တန္ႏွင့္ပြဲႏွစ္ပြဲကိုလြဲေခ်ာ္ခဲ့သူျဖစ္ၿပီးမေန႔က တည္းကလန္ဒန္သို႔ျပန္လည္ေရာက္လာခဲ့ပါတယ္။

ဒါေပမယ့္အာတီတာဟာကလပ္ရဲ႕ေလ့က်င့္ခန္းအစီအစဥ္မ်ားကိုငါးရက္အထိလြဲေခ်ာ္လာခဲ့တဲ့အူဘာမီယန္မွာႀကံ့ ခိုင္မႈပိုင္းအေကာင္းဆုံးအေနအထားတြင္မရွိမႈနဲ႔အတူမနက္ျဖန္မန္ယူႏွင့္ကစားရမယ့္အေရးပါတဲ့ပရီးမီးယားလိဂ္ပြဲ တြင္ခ်န္လွပ္ရန္ဆုံးျဖတ္လိုက္ၿပီျဖစ္ပါတယ္။

အာတီတာက “သူ႔အေျခအေနနဲ႔ပတ္သက္ၿပီးအူဘာနဲ႔စကားေျပာၿပီးပါၿပီ။အေျခအေနကအားလုံးေကာင္းမြန္ေနပါ ၿပီ။ဒါေပမယ့္ကြၽန္ေတာ္တို႔အေနနဲ႔သူျပန္ကစားမယ့္အခ်ိန္ကိုေတာ့ေစာင့္ရပါမယ္။အူဘာကကြၽန္ေတာ္တို႔ရဲ႕ အသင္းေခါင္းေဆာင္ျဖစ္ၿပီးအေရးအပါဆုံးကစားသမားေတြထဲကတစ္ဦးပါ။သူအျမန္ဆုံးျပန္ကစားလာႏိုင္ဖို႔ကြၽန္ ေတာ္တို႔လုပ္ေဆာင္သြားပါမယ္။ဒါေပမယ့္ၿပီးခဲ့တဲ့ရက္ေတြမွာသူအခက္အခဲေတြနဲ႔ျဖတ္သန္းခဲ့ရတာနားလည္ရပါ မယ္။သူ႔မိသားစုကိုသူကူညီဖို႔လိုအပ္ေနခဲ့တယ္။အခုလည္းကြၽန္ေတာ္တို႔ကသူ႔ကိုအားလုံးအဆင္ေျပသြားဖို႔အခ်ိန္ ေပးဖို႔ကူညီရပါမယ္”လို႔ေျပာၾကားသြားပါတယ္။