မန်ယူပစ်မှတ်ဆန်ချိုအား နွေရာသီတွင် အသင်းပြောင်းခွင့်ပေးလိုက်ပြီတဲ့ ဒေါ့မွန်

မန်ယူကပစ်မှတ်ထားနေတဲ့ဂျာဒွန်ဆန်ချိုအားလာမယ့်နွေရာသီတွင်အသင်းပြောင်းရွှေ့နိုင်ပြီဖြစ်ကြောင်းဒေါ့မွန်ကပြောကြားလာပါတယ်။

မန်ယူဟာပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလတုန်းကအင်္ဂလန်လက်ရွေးစင်တောင်ပံကစားသမားအားခေါ်ယူရေးအတွက်အကြီးအကျယ်ကြိုးပမ်းခဲ့ဖူးပါတယ်။

ထိုစဉ်ကဒေါ့မွန်ကအသက်၂၁နှစ်ရှိဆန်ချိုအတွက်ပြောင်းရွှေ့ကြေးပေါင်၁၁၇သန်းတောင်းဆိုခဲ့ပါတယ်။ဒါပေမယ့်၎င်းတို့ဟာယခုနွေရာသီမှာတော့ဆန်ချိုကိုပေါင်၇၅သန်းဖြင့်ကမ်းလှမ်းရန်အသင့်ရှိနေပါတယ်။

ဂျာမန်ထိပ်သီးသတင်းစာ Bild က ယခုရာသီမှာဆန်ချိုအတွက်ဒေါ့မွန်အတွက်ကစားတဲ့နောက်ဆုံးရာသီဖြစ်လာမယ်လို့ဆိုသွားပါတယ်။

ဒေါ့မွန်တာဝန်ရှိသူများဟာဆန်ချိုအားရောင်းချကာနော်ဝေတိုက်စစ်မှူးအာလင်းဟာလန်းအားထိန်းထားသွားပါမယ်။

ဒေါ့မွန်ဟာဆန်ချိုအားရောင်းချပြီးပါကအစားထိုးမယ့်ကစားသမားအဖြစ်လိုင်လီတောင်ပံတိုက်စစ်သမားဂျိုနသန်အိုင်ကွန်းအားရွေးချယ်ထားပြီးဖြစ်ပါတယ်။

ဆန်ချိုဟာ၂၀၂၀-၂၁ဘောလုံးရာသီမှာဒေါ့မွန်အတွက်၁၆ဂိုးသွင်းထားပြီးဂျာမန်ပိုကယ်ဖလားဆွတ်ခူးထားနိုင်ပါတယ်။

ZawGyi

မန္ယူပစ္မွတ္ဆန္ခ်ိဳအား ေႏြရာသီတြင္ အသင္းေျပာင္းခြင့္ေပးလိုက္ၿပီတဲ့ ေဒါ့မြန္

မန္ယူကပစ္မွတ္ထားေနတဲ့ဂ်ာဒြန္ဆန္ခ်ိဳအားလာမယ့္ေႏြရာသီတြင္အသင္းေျပာင္းေ႐ႊ႕ႏိုင္ၿပီျဖစ္ေၾကာင္းေဒါ့မြန္ကေျပာၾကားလာပါတယ္။

မန္ယူဟာၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလတုန္းကအဂၤလန္လက္ေ႐ြးစင္ေတာင္ပံကစားသမားအားေခၚယူေရးအတြက္အႀကီးအက်ယ္ႀကိဳးပမ္းခဲ့ဖူးပါတယ္။

ထိုစဥ္ကေဒါ့မြန္ကအသက္၂၁ႏွစ္ရွိဆန္ခ်ိဳအတြက္ေျပာင္းေ႐ႊ႕ေၾကးေပါင္၁၁၇သန္းေတာင္းဆိုခဲ့ပါတယ္။ဒါေပမယ့္၎တို႔ဟာယခုေႏြရာသီမွာေတာ့ဆန္ခ်ိဳကိုေပါင္၇၅သန္းျဖင့္ကမ္းလွမ္းရန္အသင့္ရွိေနပါတယ္။

ဂ်ာမန္ထိပ္သီးသတင္းစာ Bild က ယခုရာသီမွာဆန္ခ်ိဳအတြက္ေဒါ့မြန္အတြက္ကစားတဲ့ေနာက္ဆုံးရာသီျဖစ္လာမယ္လို႔ဆိုသြားပါတယ္။

ေဒါ့မြန္တာဝန္ရွိသူမ်ားဟာဆန္ခ်ိဳအားေရာင္းခ်ကာေနာ္ေဝတိုက္စစ္မႉးအာလင္းဟာလန္းအားထိန္းထားသြားပါမယ္။

ေဒါ့မြန္ဟာဆန္ခ်ိဳအားေရာင္းခ်ၿပီးပါကအစားထိုးမယ့္ကစားသမားအျဖစ္လိုင္လီေတာင္ပံတိုက္စစ္သမားဂ်ိဳနသန္အိုင္ကြန္းအားေ႐ြးခ်ယ္ထားၿပီးျဖစ္ပါတယ္။

ဆန္ခ်ိဳဟာ၂၀၂၀-၂၁ေဘာလုံးရာသီမွာေဒါ့မြန္အတြက္၁၆ဂိုးသြင္းထားၿပီးဂ်ာမန္ပိုကယ္ဖလားဆြတ္ခူးထားႏိုင္ပါတယ္။