မန်ယူပစ်မှတ်ထားနေတဲ့ ကစားသမားကို အိုးထရက်ဖို့ဒ်သို့ လာကစားဖို့ ဖာဒီနန် မက်ဆေ့ချ်ပို့

ရီယိုဖာဒီနန်ကမန်ယူပစ်မှတ်ထားနေတဲ့ပြင်သစ်နောက်ခံလူရာဖေးလ်ဗာရိန်းထံသို့မက်ဆေ့ချ်ပို့ကာအိုးထရက်ဖို့ဒ်သို့လာကစားရန်တိုက်တွန်းမှုပြုလုပ်ထားကြောင်းဖွင့်ဟလာပါတယ်။

မန်ယူဟာယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်ကာလရှည်ကြာပစ်မှတ်ထားနေတဲ့ဒေါ့မွန်မှအင်္ဂလန်စတားဆန်ချိုကိုပေါင်၇၂.၉သန်းဖြင့်ခေါ်ယူထားပါတယ်။

ဒါ့အပြင်ဆိုးလ်ရှားဟာကာမာဗင်ဂါ၊ဒက်လန်းရိုက်စ်၊ဒန်နီအင်းစ်အပြင်ဗာရိန်းကိုလည်းပစ်မှတ်ထားနေပါတယ်။

မန်ယူဟာဗဟိုခံစစ်တွင်ဟယ်ရီမက်ဂွိုင်းယားနှင့်တွဲဖက်အသုံးပြုရန်အတွက်ဘယ်သန် ဗာရိန်းကိုပစ်မှတ်ထားနေတာလည်းဖြစ်ပါတယ်။

ပြင်သစ်လက်ရွေးစင်နောက်ခံလူဟာရီးရဲလ်မက်ဒရစ်နှင့်တစ်နှစ်စာချုပ်သာကျန်တော့သူလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်ဟာနောက်ခံလူဗာရိန်းအတွက်ပြောင်းရွှေ့ကြေးယူရိုသန်း၆၀ရရှိလိုနေပါတယ်။

အသက်၂၈နှစ်ရှိဗာရိန်းဟာရီးရဲလ်မက်ဒရစ်တွင်ကစားတဲ့၁၀နှစ်တာကာလအတွင်းတွင်ဆုဖလားပေါင်းများစွာဆွတ်ခူးထားတဲ့အတွေ့အကြုံရင့်နောက်ခံလူတစ်ဦးဖြစ်ပါတယ်။

အင်စတာဂရမ်အမေးအဖြေကဏ္ဍတွင်ပရိသတ်တစ်ဦးကဗာရိန်းထံသို့မက်ဆေ့ချ်ပို့ထားသလားဟုမေးမြန်းလာမှုအပေါ်ဖာဒီနန်က “ပို့ပြီးပါပြီ။အေးဂျင့်ဖာဒီဖြစ်နေပြီ”လို့ဆိုသွားပါတယ်။

ဗာရိန်းကရီယိုဖာဒီနန်မှာသူလေးစားအားကျရတဲ့နောက်ခံလူတစ်ဦးဖြစ်ကြောင်းထုတ်ဖော်ပြောကြားဖူးပါတယ်။

ZawGyi

မန္ယူပစ္မွတ္ထားေနတဲ့ ကစားသမားကို အိုးထရက္ဖို႔ဒ္သို႔ လာကစားဖို႔ ဖာဒီနန္ မက္ေဆ့ခ်္ပို႔

ရီယိုဖာဒီနန္ကမန္ယူပစ္မွတ္ထားေနတဲ့ျပင္သစ္ေနာက္ခံလူရာေဖးလ္ဗာရိန္းထံသို႔မက္ေဆ့ခ်္ပို႔ကာအိုးထရက္ဖို႔ဒ္သို႔လာကစားရန္တိုက္တြန္းမႈျပဳလုပ္ထားေၾကာင္းဖြင့္ဟလာပါတယ္။

မန္ယူဟာယခုေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ကာလရွည္ၾကာပစ္မွတ္ထားေနတဲ့ေဒါ့မြန္မွအဂၤလန္စတားဆန္ခ်ိဳကိုေပါင္၇၂.၉သန္းျဖင့္ေခၚယူထားပါတယ္။

ဒါ့အျပင္ဆိုးလ္ရွားဟာကာမာဗင္ဂါ၊ဒက္လန္း႐ိုက္စ္၊ဒန္နီအင္းစ္အျပင္ဗာရိန္းကိုလည္းပစ္မွတ္ထားေနပါတယ္။

မန္ယူဟာဗဟိုခံစစ္တြင္ဟယ္ရီမက္ဂြိဳင္းယားႏွင့္တြဲဖက္အသုံးျပဳရန္အတြက္ဘယ္သန္ ဗာရိန္းကိုပစ္မွတ္ထားေနတာလည္းျဖစ္ပါတယ္။

ျပင္သစ္လက္ေ႐ြးစင္ေနာက္ခံလူဟာရီးရဲလ္မက္ဒရစ္ႏွင့္တစ္ႏွစ္စာခ်ဳပ္သာက်န္ေတာ့သူလည္းျဖစ္ပါတယ္။ရီးရဲလ္မက္ဒရစ္ဟာေနာက္ခံလူဗာရိန္းအတြက္ေျပာင္းေ႐ႊ႕ေၾကးယူ႐ိုသန္း၆၀ရရွိလိုေနပါတယ္။

အသက္၂၈ႏွစ္ရွိဗာရိန္းဟာရီးရဲလ္မက္ဒရစ္တြင္ကစားတဲ့၁၀ႏွစ္တာကာလအတြင္းတြင္ဆုဖလားေပါင္းမ်ားစြာဆြတ္ခူးထားတဲ့အေတြ႕အႀကဳံရင့္ေနာက္ခံလူတစ္ဦးျဖစ္ပါတယ္။

အင္စတာဂရမ္အေမးအေျဖက႑တြင္ပရိသတ္တစ္ဦးကဗာရိန္းထံသို႔မက္ေဆ့ခ်္ပို႔ထားသလားဟုေမးျမန္းလာမႈအေပၚဖာဒီနန္က “ပို႔ၿပီးပါၿပီ။ေအးဂ်င့္ဖာဒီျဖစ္ေနၿပီ”လို႔ဆိုသြားပါတယ္။

ဗာရိန္းကရီယိုဖာဒီနန္မွာသူေလးစားအားက်ရတဲ့ေနာက္ခံလူတစ္ဦးျဖစ္ေၾကာင္းထုတ္ေဖာ္ေျပာၾကားဖူးပါတယ္။