မန်ယူပစ်မှတ်ထားနေတဲ့ အူပါမီကာနိုအား ခေါ်ယူရန် ဆွေးနွေးနေကြောင်း ဘိုင်ယန်အတည်ပြုလာ

ဘိုင်ယန်မြူးနစ်ကမန်ယူ၊ချဲလ်ဆီးနှင့်လီဗာပူးတို့ပစ်မှတ်ထားနေတဲ့ဒါယော့ခ်အူပါမီကာနိုအားခေါ်ယူရန်ဆွေးနွေး နေကြောင်းအတည်ပြုလာပါတယ်။

အသက်၂၂နှစ်ရှိပြင်သစ်လက်ရွေးစင်နောက်ခံလူဟာ၂၀၁၇ခုနှစ်တွင်ရက်ဘူးလ်ဆဲလ်ဘတ်မှလိုက်ဇစ်သို့ရောက်လာပြီးနောက်အဓိကကစားသမားအဖြစ်ခြေစွမ်းပြလာခဲ့သူလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ကြာသပတေးနေ့တုန်းကဗဟိုနောက်ခံလူရဲ့အေးဂျင့်ဟာဘိုင်ယန်မြူးနစ်အသင်းရုံးခန်းသို့သွားရောက်ကာ အပြောင်းအရွှေ့နှင့်ပတ်သက်ပြီးဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်းသတင်းထွက်ခဲ့ပါတယ်။

ယခုအခါမှာတော့ဘိုင်ယန်အားကစားဒါရိုက်တာဆာလီဟာမစ်ဇစ်ကအူပါမီကာနိုအားခေါ်ယူရန်ဆွေးနွေးနေကြောင်းအတည်ပြုလာပြီဖြစ်ပါတယ်။

၎င်းက “သူနဲ့ဆွေးနွေးနေပါတယ်။သူ့အေးဂျင့်နဲ့တွေ့ခဲ့ကြတယ်။ကောင်းမွန်ပြီးပရော်ဖက်ရှင်နယ်ဆန်တဲ့ဆွေးနွေးမှု ပါပဲ”လို့ပြောကြားသွားပါတယ်။

အူပါမီကာနိုရဲ့စာချုပ်က၂၀၂၃ခုနှစ်တွင်မှကုန်ဆုံးမှာဖြစ်သော်လည်းစာချုပ်အတွင်းတွင်လာမယ့်နွေရာသီမှစတင် အကျုံးဝင်လာမယ့်ပေါင်၃၈သန်းဖြင့်ခေါ်ယူနိုင်မယ့်အချက်ပါဝင်နေပါတယ်။

ZawGyi

မန္ယူပစ္မွတ္ထားေနတဲ့ အူပါမီကာႏိုအား ေခၚယူရန္ ေဆြးေႏြးေနေၾကာင္း ဘိုင္ယန္အတည္ျပဳလာ

ဘိုင္ယန္ျမဴးနစ္ကမန္ယူ၊ခ်ဲလ္ဆီးႏွင့္လီဗာပူးတို႔ပစ္မွတ္ထားေနတဲ့ဒါေယာ့ခ္အူပါမီကာႏိုအားေခၚယူရန္ေဆြးေႏြး ေနေၾကာင္းအတည္ျပဳလာပါတယ္။

အသက္၂၂ႏွစ္ရွိျပင္သစ္လက္ေ႐ြးစင္ေနာက္ခံလူဟာ၂၀၁၇ခုႏွစ္တြင္ရက္ဘူးလ္ဆဲလ္ဘတ္မွလိုက္ဇစ္သို႔ေရာက္လာၿပီးေနာက္အဓိကကစားသမားအျဖစ္ေျခစြမ္းျပလာခဲ့သူလည္းျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ၾကာသပေတးေန႔တုန္းကဗဟိုေနာက္ခံလူရဲ႕ေအးဂ်င့္ဟာဘိုင္ယန္ျမဴးနစ္အသင္း႐ုံးခန္းသို႔သြားေရာက္ကာ အေျပာင္းအေ႐ႊ႕ႏွင့္ပတ္သက္ၿပီးေဆြးေႏြးမႈမ်ားျပဳလုပ္ခဲ့ေၾကာင္းသတင္းထြက္ခဲ့ပါတယ္။

ယခုအခါမွာေတာ့ဘိုင္ယန္အားကစားဒါ႐ိုက္တာဆာလီဟာမစ္ဇစ္ကအူပါမီကာႏိုအားေခၚယူရန္ေဆြးေႏြးေနေၾကာင္းအတည္ျပဳလာၿပီျဖစ္ပါတယ္။

၎က “သူနဲ႔ေဆြးေႏြးေနပါတယ္။သူ႔ေအးဂ်င့္နဲ႔ေတြ႕ခဲ့ၾကတယ္။ေကာင္းမြန္ၿပီးပေရာ္ဖက္ရွင္နယ္ဆန္တဲ့ေဆြးေႏြးမႈ ပါပဲ”လို႔ေျပာၾကားသြားပါတယ္။

အူပါမီကာႏိုရဲ႕စာခ်ဳပ္က၂၀၂၃ခုႏွစ္တြင္မွကုန္ဆုံးမွာျဖစ္ေသာ္လည္းစာခ်ဳပ္အတြင္းတြင္လာမယ့္ေႏြရာသီမွစတင္ အက်ဳံးဝင္လာမယ့္ေပါင္၃၈သန္းျဖင့္ေခၚယူႏိုင္မယ့္အခ်က္ပါဝင္ေနပါတယ္။