
ရီးရဲလ်မက်ဒရစ်ဟာရန်းနက်စ်မှပြင်သစ်ပါရမီရှင်ကွင်းလယ်ကစားသမားအီဒူယာဒိကာမာဗန်ဂါအားခြောက်နှစ်စာချုပ်ဖြင့်ခေါ်ယူလိုက်ပါတယ်။
အသက်၁၈နှစ်ရှိပြင်သစ်လက်ရွေးစင်ကစားသမားဟာလီဂူး၁ကလပ်နှင့်၁၂လစာချုပ်သာကျန်တော့သူဖြစ်ပါတယ်။ရန်းနက်စ်ဟာသူ့အားလာမယ့်နွေရာသီတွင်အလွတ်ပြောင်းရွှေ့ကြေးဖြင့်လက်မလွှတ်ရအောင်ယခုနွေရာသီအပြောင်းအရွှေ့ပိတ်ခါနီးတွင်ရီးရဲလ်မက်ဒရစ်သို့လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။
သူဟာတနင်္လာနေ့တွင်ပြင်သစ်ရဲ့ကလဲယားဖောင်တိန်လေ့ကျင့်ရေးကွင်းတွင်ဆေးစစ်မှုခံယူပြီးအပြောင်းအရွှေ့ကိုအပြီးသတ်မှုပြုလုပ်ခဲ့ပါတယ်။
သူဟာ၂၀၁၉ခုနှစ်၊ဧပြီလတုန်းကအသက်၁၆နှစ်၊၄လဖြင့်ရန်းနက်စ်အတွက်ပွဲကစားခွင့်ရရှိခဲ့ကာရန်းနက်စ်သမိုင်းတွင်အသက်အငယ်ဆုံးပွဲကစားခွင့်ရသူဖြစ်လာခဲ့ပါတယ်။
သူဟာချက်ချင်းပင်ရန်းနက်စ်ရဲ့အရေးပါတဲ့ကစားသမားတစ်ဦးဖြစ်လာခဲ့ပြီးပြီးခဲ့တဲ့နှစ်ရာသီမှာပြင်သစ်လီဂူး၁ပွဲ၆၀အထိကစားခွင့်ရခဲ့ပါတယ်။
သူဟာ၂၀၂၀ခုနှစ်၊စက်တင်ဘာလတုန်းကခရိုအေးရှားနှင့်နေးရှင်းလိဂ်ပွဲစဉ်တွင်ပြင်သစ်လက်ရွေးစင်အတွက်ပထမဆုံးပွဲကိုကစားခွင့်ရရှိခဲ့ကာ၁၉၁၄ခုနှစ်တုန်းကလက်စ်ဘလူး နောက်ပိုင်းတွင်ပြင်သစ်အတွက်အသက်အငယ်ဆုံးပွဲကစားခွင့်ရသူဖြစ်လာခဲ့ပါတယ်။
သူဟာယူရို၂၀၂၀ပြိုင်ပွဲတွင်ပြင်သစ်နှင့်ပါဝင်မကစားခဲ့ပေမယ့်ယူရိုယူ-၂၁ချန်ပီယံရှစ်ပြိုင်ပွဲမှာပါဝင်ကစားခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာကာမာဗန်ဂါအတွက်ပြောင်းရွှေ့ကြေးပေါင်၂၇သန်းအပြင်အောင်မြင်မှုအပေါ်မူတည်ပြီးနောက်ထပ်ပေးရမယ့်အချက်ဖြင့်ခေါ်ယူခဲ့တာပါ။
ရီးရဲလ်မက်ဒရစ်ဟာယခုနွေရာသီမှာဩစတြီးယားနောက်ခံလူအလာဘာပြီးနောက် ဒုတိယမြောက်ခေါ်ယူမှုအဖြစ်ကာမာဗန်ဂါကိုခေါ်ယူခဲ့တာပါ။
ZawGyi
မန္ယူပစ္မွတ္ ျပင္သစ္ပါရမီရွင္ကြင္းလယ္ကစားသမားကာမာဗန္ဂါကို ရီးရဲလ္မက္ဒရစ္ ေခၚယူ
ရီးရဲလ္မက္ဒရစ္ဟာရန္းနက္စ္မွျပင္သစ္ပါရမီရွင္ကြင္းလယ္ကစားသမားအီဒူယာဒိကာမာဗန္ဂါအားေျခာက္ႏွစ္စာခ်ဳပ္ျဖင့္ေခၚယူလိုက္ပါတယ္။
အသက္၁၈ႏွစ္ရွိျပင္သစ္လက္ေ႐ြးစင္ကစားသမားဟာလီဂူး၁ကလပ္ႏွင့္၁၂လစာခ်ဳပ္သာက်န္ေတာ့သူျဖစ္ပါတယ္။ရန္းနက္စ္ဟာသူ႔အားလာမယ့္ေႏြရာသီတြင္အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္လက္မလႊတ္ရေအာင္ယခုေႏြရာသီအေျပာင္းအေ႐ႊ႕ပိတ္ခါနီးတြင္ရီးရဲလ္မက္ဒရစ္သို႔လက္လႊတ္ခဲ့ရတာျဖစ္ပါတယ္။
သူဟာတနလၤာေန႔တြင္ျပင္သစ္ရဲ႕ကလဲယားေဖာင္တိန္ေလ့က်င့္ေရးကြင္းတြင္ေဆးစစ္မႈခံယူၿပီးအေျပာင္းအေ႐ႊ႕ကိုအၿပီးသတ္မႈျပဳလုပ္ခဲ့ပါတယ္။
သူဟာ၂၀၁၉ခုႏွစ္၊ဧၿပီလတုန္းကအသက္၁၆ႏွစ္၊၄လျဖင့္ရန္းနက္စ္အတြက္ပြဲကစားခြင့္ရရွိခဲ့ကာရန္းနက္စ္သမိုင္းတြင္အသက္အငယ္ဆုံးပြဲကစားခြင့္ရသူျဖစ္လာခဲ့ပါတယ္။
သူဟာခ်က္ခ်င္းပင္ရန္းနက္စ္ရဲ႕အေရးပါတဲ့ကစားသမားတစ္ဦးျဖစ္လာခဲ့ၿပီးၿပီးခဲ့တဲ့ႏွစ္ရာသီမွာျပင္သစ္လီဂူး၁ပြဲ၆၀အထိကစားခြင့္ရခဲ့ပါတယ္။
သူဟာ၂၀၂၀ခုႏွစ္၊စက္တင္ဘာလတုန္းကခ႐ိုေအးရွားႏွင့္ေနးရွင္းလိဂ္ပြဲစဥ္တြင္ျပင္သစ္လက္ေ႐ြးစင္အတြက္ပထမဆုံးပြဲကိုကစားခြင့္ရရွိခဲ့ကာ၁၉၁၄ခုႏွစ္တုန္းကလက္စ္ဘလူး ေနာက္ပိုင္းတြင္ျပင္သစ္အတြက္အသက္အငယ္ဆုံးပြဲကစားခြင့္ရသူျဖစ္လာခဲ့ပါတယ္။
သူဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္ျပင္သစ္ႏွင့္ပါဝင္မကစားခဲ့ေပမယ့္ယူ႐ိုယူ-၂၁ခ်န္ပီယံရွစ္ၿပိဳင္ပြဲမွာပါဝင္ကစားခဲ့ပါတယ္။
ရီးရဲလ္မက္ဒရစ္ဟာကာမာဗန္ဂါအတြက္ေျပာင္းေ႐ႊ႕ေၾကးေပါင္၂၇သန္းအျပင္ေအာင္ျမင္မႈအေပၚမူတည္ၿပီးေနာက္ထပ္ေပးရမယ့္အခ်က္ျဖင့္ေခၚယူခဲ့တာပါ။
ရီးရဲလ္မက္ဒရစ္ဟာယခုေႏြရာသီမွာဩစႀတီးယားေနာက္ခံလူအလာဘာၿပီးေနာက္ ဒုတိယေျမာက္ေခၚယူမႈအျဖစ္ကာမာဗန္ဂါကိုေခၚယူခဲ့တာပါ။