မန်ယူပရိသတ်များနှင့် ပထမဆုံးအကြိမ် တွေ့ဆုံသွားမယ့် ဂျိုယေးဂလေဇာ

ဂျိုယေးဂလေဇာဟာလာမယ့်ဇွန်လ၄ရက်နေ့မှာမန်ယူပရိသတ်များဖိုရမ်ရဲ့အွန်လိုင်းတွေ့ဆုံဆွေးနွေးပွဲသွားမည်ဖြစ်ကြောင်းသိရပါတယ်။သူဟာ၂၀၀၅ခုနှစ်မှာမန်ယူကိုဖခင်ဂလေဇာကဝယ်ယူလိုက်ပြီးနောက်ပထမဆုံးအကြိမ်အဖြစ်ပရိသတ်များနှင့်တွေ့ဆုံမှုပြုလုပ်သွားမှာလည်းဖြစ်ပါတယ်။

မန်ယူအသင်းပိုင်ရှင်ဂလေဇာမိသားစုဟာပြီးခဲ့တဲ့မေလ၂ရက်နေ့တုန်းကအိုးထရက်ဖို့ဒ်ကွင်းအပြင်ဘက်တွင်မန်ယူပရိသတ်များရဲ့ဆန္ဒပြသပိတ်မှောက်မှုခံခဲ့ရပြီးလီဗာပူးနှင့်ပရီးမီးယားလိဂ်ပွဲစဉ်ကိုရွှေ့ဆိုင်းခဲ့ရပါတယ်။ယင်းသို့ပရိသတ်များရဲ့ဆန္ဒပြမှုကြောင့်The Hut Group ကမန်ယူအားပေါင်သန်း၂၀၀တန်ဖိုးရှိလေ့ကျင့်ရေးကွင်းအင်္ကျီစပွန်ဆာပေးရန်စီစဉ်နေမှုကိုရုတ်သိမ်းခဲ့ပါတယ်။ကုမ္ပဏီဟာပရိသတ်အင်အားထုကြီးမားတဲ့မန်ယူပရိသတ်များက၎င်းတို့ရဲ့လုပ်ငန်းကိုသပိတ်မှောက်လာမည်ကိုစိုးရိမ်မှုနဲ့အတူရုတ်သိမ်းခဲ့တာပါ။

မန်ယူပရိသတ်များဟာအသင်းပိုင်ရှင်ဂလေဇာမိသားစုထွက်ခွာသွားရေး၊ဂျာမနီဘောလုံးလောကတွင်ကဲ့သို့ပရိသတ်များအားအသင်းအားပိုင်ဆိုင်ခွင့်၅၁ရာခိုင်နှုန်းပေးရေးတောင်းဆိုလျက်ရှိကြပါတယ်။

ZawGyi

မန္ယူပရိသတ္မ်ားႏွင့္ ပထမဆုံးအႀကိမ္ ေတြ႕ဆုံသြားမယ့္ ဂ်ိဳေယးဂေလဇာ

ဂ်ိဳေယးဂေလဇာဟာလာမယ့္ဇြန္လ၄ရက္ေန႔မွာမန္ယူပရိသတ္မ်ားဖိုရမ္ရဲ႕အြန္လိုင္းေတြ႕ဆုံေဆြးေႏြးပြဲသြားမည္ျဖစ္ေၾကာင္းသိရပါတယ္။သူဟာ၂၀၀၅ခုႏွစ္မွာမန္ယူကိုဖခင္ဂေလဇာကဝယ္ယူလိုက္ၿပီးေနာက္ပထမဆုံးအႀကိမ္အျဖစ္ပရိသတ္မ်ားႏွင့္ေတြ႕ဆုံမႈျပဳလုပ္သြားမွာလည္းျဖစ္ပါတယ္။

မန္ယူအသင္းပိုင္ရွင္ဂေလဇာမိသားစုဟာၿပီးခဲ့တဲ့ေမလ၂ရက္ေန႔တုန္းကအိုးထရက္ဖို႔ဒ္ကြင္းအျပင္ဘက္တြင္မန္ယူပရိသတ္မ်ားရဲ႕ဆႏၵျပသပိတ္ေမွာက္မႈခံခဲ့ရၿပီးလီဗာပူးႏွင့္ပရီးမီးယားလိဂ္ပြဲစဥ္ကိုေ႐ႊ႕ဆိုင္းခဲ့ရပါတယ္။ယင္းသို႔ပရိသတ္မ်ားရဲ႕ဆႏၵျပမႈေၾကာင့္The Hut Group ကမန္ယူအားေပါင္သန္း၂၀၀တန္ဖိုးရွိေလ့က်င့္ေရးကြင္းအက်ႌစပြန္ဆာေပးရန္စီစဥ္ေနမႈကို႐ုတ္သိမ္းခဲ့ပါတယ္။ကုမၸဏီဟာပရိသတ္အင္အားထုႀကီးမားတဲ့မန္ယူပရိသတ္မ်ားက၎တို႔ရဲ႕လုပ္ငန္းကိုသပိတ္ေမွာက္လာမည္ကိုစိုးရိမ္မႈနဲ႔အတူ႐ုတ္သိမ္းခဲ့တာပါ။

မန္ယူပရိသတ္မ်ားဟာအသင္းပိုင္ရွင္ဂေလဇာမိသားစုထြက္ခြာသြားေရး၊ဂ်ာမနီေဘာလုံးေလာကတြင္ကဲ့သို႔ပရိသတ္မ်ားအားအသင္းအားပိုင္ဆိုင္ခြင့္၅၁ရာခိုင္ႏႈန္းေပးေရးေတာင္းဆိုလ်က္ရွိၾကပါတယ္။