မန်ယူပွဲအမီ ကြံ့ခိုင်မှုပြည့်ဝရန် လီဗာပူးနောက်ခံလူမာတစ်ရုန်းကန်နေရ

လီဗာပူးနောက်ခံလူဂျိုယေးမာတစ်ဟာမနက်ဖြန်အန်ဖီးလ်မှာဧည့်ခံကစားရမယ့်မန်ယူနှင့်ပရီးမီးယားလိဂ်အရေးပါတဲ့ပွဲအမီကြံ့ခိုင်မှုပြည့်ဝရန်ရုန်းကန်နေရကြောင်းသိရပါတယ်။

ဗဟိုနောက်ခံလူမာတစ်ဟာဒီဇင်ဘာလ၂၇ရက်နေ့တုန်းကဝက်စ်ဘရွန်းနှင့်သရေကျတဲ့ပွဲမှာဒဏ်ရာရရှိပြီးနောက် အနားယူလာခဲ့ရသူဖြစ်ပါတယ်။မာတစ်ဟာလီဗာပူးကစားဖော်များနှင့်အတူလေ့ကျင့်ခန်းဆင်းနိုင်ပြီဖြစ်ရာမန်ယူနှင့်ပွဲစဉ်တွင်ပါဝင်လာမယ်လို့ယူဆခဲ့ရပါတယ်။

ဒါပေမယ့်တကယ်တမ်းမှာတော့မာတစ်ဟာကြံ့ခိုင်မှုပိုင်းအကောင်းဆုံးအနေအထားမျိုးတွင်မရှိနေရာမန်ယူပွဲတွင် ပါဝင်ဖို့မရေမရာဖြစ်နေတုန်းပါ။

လီဗာပူးဟာအဓိကနောက်ခံလူများဖြစ်တဲ့ဗန်ဒိုက်နှင့်ဂိုမက်ဇ်တို့အားဒူးဒဏ်ရာကြောင့်ကာလရှည်ဆုံးရှုံးထားခဲ့ရပြီး အသင်းခေါင်းဆောင်ဟင်ဒါဆင်အားဆောက်သမ်တန်အား၁-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲမှာဗဟိုခံစစ်မှာသုံးခဲ့ရပါတယ်။

ကလော့ပ်ဟာအသင်းခေါင်းဆောင်ဟင်ဒါဆင်ကိုကွင်းလယ်မှာဘဲအသုံးပြုလိုနေပေမယ့်အခြားတစ်ဖက်မှာကြံ့ခိုင်မှုမပြည့်ဝသေးတဲ့ကစားသမားကိုသုံးမှုကြောင့်အခြေအနေပိုးဆိုးရွားမှာကိုလည်းစိုးရိမ်နေပါတယ်။

ကလော့ပ်က “သူ(မာတစ်)ကစားနိုင်မလားမသိပါဘူး။အခြေအနေကြည့်ရပါမယ်။ပြီးတော့မှကျွန်တော်တို့ဆုံးဖြတ် သွားပါမယ်။ဟင်ဒို(ဟင်ဒါဆင်)ကကျွန်တော်တို့အတွက်အရေးပါတဲ့အလယ်တန်းကစားသမားတစ်ဦးပါ။ဒီတော့ ဘာဖြစ်လာမလဲကြည့်ရပါမယ်။မဆုံးဖြတ်ရသေးပါဘူး”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်ဂျာဂင်ကလော့ပ်ကဘောလုံးပွဲများတွင်ကစားသမားများမှာဂိုးသွင်းပြီးပါကဖက်၍အောင်ပွဲမခံရန်အလွန်ခက်ခဲကြောင်းလည်းပြောကြားသွားပါတယ်။

ပရီးမီးယားလိဂ်ဟာနိုင်ငံတွင်ကိုဗစ်ကူးစက်မှုမြင့်မားမှုကြောင့်ကစားသမားများအားတစ်ဦးနှင့်တစ်ဦးဖက်ခြင်း၊ လက်ဆွဲနှုတ်ဆက်ခြင်း၊လက်ဝါးရိုက်ခြင်းတို့မပြုလုပ်ရန်တားမြစ်ထားပါတယ်။

ZawGyi

မန္ယူပြဲအမီ ႀကံ့ခိုင္မႈျပည့္ဝရန္ လီဗာပူးေနာက္ခံလူမာတစ္႐ုန္းကန္ေနရ

လီဗာပူးေနာက္ခံလူဂ်ိဳေယးမာတစ္ဟာမနက္ျဖန္အန္ဖီးလ္မွာဧည့္ခံကစားရမယ့္မန္ယူႏွင့္ပရီးမီးယားလိဂ္အေရးပါတဲ့ပြဲအမီႀကံ့ခိုင္မႈျပည့္ဝရန္႐ုန္းကန္ေနရေၾကာင္းသိရပါတယ္။

ဗဟိုေနာက္ခံလူမာတစ္ဟာဒီဇင္ဘာလ၂၇ရက္ေန႔တုန္းကဝက္စ္ဘ႐ြန္းႏွင့္သေရက်တဲ့ပြဲမွာဒဏ္ရာရရွိၿပီးေနာက္ အနားယူလာခဲ့ရသူျဖစ္ပါတယ္။မာတစ္ဟာလီဗာပူးကစားေဖာ္မ်ားႏွင့္အတူေလ့က်င့္ခန္းဆင္းႏိုင္ၿပီျဖစ္ရာမန္ယူႏွင့္ပြဲစဥ္တြင္ပါဝင္လာမယ္လို႔ယူဆခဲ့ရပါတယ္။

ဒါေပမယ့္တကယ္တမ္းမွာေတာ့မာတစ္ဟာႀကံ့ခိုင္မႈပိုင္းအေကာင္းဆုံးအေနအထားမ်ိဳးတြင္မရွိေနရာမန္ယူပြဲတြင္ ပါဝင္ဖို႔မေရမရာျဖစ္ေနတုန္းပါ။

လီဗာပူးဟာအဓိကေနာက္ခံလူမ်ားျဖစ္တဲ့ဗန္ဒိုက္ႏွင့္ဂိုမက္ဇ္တို႔အားဒူးဒဏ္ရာေၾကာင့္ကာလရွည္ဆုံးရႈံးထားခဲ့ရၿပီး အသင္းေခါင္းေဆာင္ဟင္ဒါဆင္အားေဆာက္သမ္တန္အား၁-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲမွာဗဟိုခံစစ္မွာသုံးခဲ့ရပါတယ္။

ကေလာ့ပ္ဟာအသင္းေခါင္းေဆာင္ဟင္ဒါဆင္ကိုကြင္းလယ္မွာဘဲအသုံးျပဳလိုေနေပမယ့္အျခားတစ္ဖက္မွာႀကံ့ခိုင္မႈမျပည့္ဝေသးတဲ့ကစားသမားကိုသုံးမႈေၾကာင့္အေျခအေနပိုးဆိုး႐ြားမွာကိုလည္းစိုးရိမ္ေနပါတယ္။

ကေလာ့ပ္က “သူ(မာတစ္)ကစားႏိုင္မလားမသိပါဘူး။အေျခအေနၾကည့္ရပါမယ္။ၿပီးေတာ့မွကြၽန္ေတာ္တို႔ဆုံးျဖတ္ သြားပါမယ္။ဟင္ဒို(ဟင္ဒါဆင္)ကကြၽန္ေတာ္တို႔အတြက္အေရးပါတဲ့အလယ္တန္းကစားသမားတစ္ဦးပါ။ဒီေတာ့ ဘာျဖစ္လာမလဲၾကည့္ရပါမယ္။မဆုံးျဖတ္ရေသးပါဘူး”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္ဂ်ာဂင္ကေလာ့ပ္ကေဘာလုံးပြဲမ်ားတြင္ကစားသမားမ်ားမွာဂိုးသြင္းၿပီးပါကဖက္၍ေအာင္ပြဲမခံရန္အလြန္ခက္ခဲေၾကာင္းလည္းေျပာၾကားသြားပါတယ္။

ပရီးမီးယားလိဂ္ဟာႏိုင္ငံတြင္ကိုဗစ္ကူးစက္မႈျမင့္မားမႈေၾကာင့္ကစားသမားမ်ားအားတစ္ဦးႏွင့္တစ္ဦးဖက္ျခင္း၊ လက္ဆြဲႏႈတ္ဆက္ျခင္း၊လက္ဝါး႐ိုက္ျခင္းတို႔မျပဳလုပ္ရန္တားျမစ္ထားပါတယ္။