မန်ယူဘုတ်အဖွဲ့နှင့်ဆာအဲလက်စ်ဖာဂူဆန်တို့ ဆွေးနွေးနွေးနေပြီး စပါးစ်နှင့်ပွဲတွင် ထပ်ရှုံးလျှင် ဆိုးလ်ရှားအထုတ်ခံရမည်

ဆာအဲလက်စ်ဖာဂူဆန်ဟာဖိအားများနှင့်ကြုံနေတဲ့အိုလီဂန်းနားဆိုးလ်ရှားရဲ့အနာဂတ်နှင့်ပတ်သက်ပြီးမန်ယူဘုတ်အဖွဲ့ဝင်များနှင့်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပါတယ်။မန်ယူဂန္ထဝင်နည်းပြဆာအဲလက်စ်ဖာဂူဆန်နှင်ဘုတ်အဖွဲ့ဝင်များဟာဆိုးလ်ရှားရဲ့အနာဂတ်အားယာယီအာမခံချက်ပေးခဲ့ပါတယ်။

ဆိုးလ်ရှားဟာတနင်္ဂနွေနေ့တုန်းကလီဗာပူးကို၅-၀ဂိုးဖြင့်အရှက်တကွဲရှုံးနိမ့်ပြီးနောက်ရာထူးမှထုတ်ပယ်ခံရမယ့်အရေးနှင့်ရင်ဆိုင်နေရပါတယ်။ဒါပေမယ့်မန်ယူဘုတ်အဖွဲ့ကဆိုးလ်ရှားကိုလာမယ့်စနေနေ့တွင်စပါးစ်နှင့်ကစားရမယ့်ပွဲအထိအာခံချက်ပေးခဲ့ပါတယ်။

မန်ယူဂန္ထဝင်နည်းပြဆာအဲလက်စ်ဖာဂူဆန်ဟာအသင်းတွင်ဖြစ်ပျက်နေတဲ့ အရာများနှင့်ပတ်သက်ပြီး စီအီးအိုရာထူးကို အက်ဒ်ဝုဒ်ဝတ်ထံမှလွဲပြောင်းရယူမယ့်ရစ်ချက်အာနိုး၊စီအီးအိုဟောင်းဒေးဗစ်ဂီးလ်တို့နှင့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြပါတယ်။

၎င်းတို့ဟာယခုအပတ်အကုန်အထိဆိုးလ်ရှားရဲ့အနာဂတ်ကိုအာခံချက်ပေးခဲ့ကြပါတယ်။ဒါပေမယ့်၎င်းတို့ဟာစနေနေ့စပါးစ်နှင့်ပွဲစဉ်တွင်ရှုံးပွဲကြုံရပါကနည်းပြအပြောင်းအလဲလုပ်ရန်ဆုံးဖြတ်ထားကြပါတယ်။

လက်ရှိအချိန်တွင်မန်ယူဟာဆိုးလ်ရှားကိုရာထူးမှထုတ်ပယ်ပါကအစားထိုးရန်အတွက်အန်တိုနီယိုကွန်တီ၊ဇီဒန်း၊ဘရန်ဒန်ရော်ဂျာနှင့်အဲရစ်တင်ဟက်တို့ လေးဦးအားလျာထားပါတယ်။

ZawGyi

မန္ယူဘုတ္အဖြဲ႕ႏွင့္ဆာအဲလက္စ္ဖာဂူဆန္တို႔ ေဆြးေႏြးေႏြးေနၿပီး စပါးစ္ႏွင့္ပြဲတြင္ ထပ္ရႈံးလွ်င္ ဆိုးလ္ရွားအထုတ္ခံရမည္

ဆာအဲလက္စ္ဖာဂူဆန္ဟာဖိအားမ်ားႏွင့္ႀကဳံေနတဲ့အိုလီဂန္းနားဆိုးလ္ရွားရဲ႕အနာဂတ္ႏွင့္ပတ္သက္ၿပီးမန္ယူဘုတ္အဖြဲ႕ဝင္မ်ားႏွင့္ေတြ႕ဆုံေဆြးေႏြးမႈျပဳလုပ္ခဲ့ပါတယ္။မန္ယူဂႏၴဝင္နည္းျပဆာအဲလက္စ္ဖာဂူဆန္ႏွင္ဘုတ္အဖြဲ႕ဝင္မ်ားဟာဆိုးလ္ရွားရဲ႕အနာဂတ္အားယာယီအာမခံခ်က္ေပးခဲ့ပါတယ္။

ဆိုးလ္ရွားဟာတနဂၤေႏြေန႔တုန္းကလီဗာပူးကို၅-၀ဂိုးျဖင့္အရွက္တကြဲရႈံးနိမ့္ၿပီးေနာက္ရာထူးမွထုတ္ပယ္ခံရမယ့္အေရးႏွင့္ရင္ဆိုင္ေနရပါတယ္။ဒါေပမယ့္မန္ယူဘုတ္အဖြဲ႕ကဆိုးလ္ရွားကိုလာမယ့္စေနေန႔တြင္စပါးစ္ႏွင့္ကစားရမယ့္ပြဲအထိအာခံခ်က္ေပးခဲ့ပါတယ္။

မန္ယူဂႏၴဝင္နည္းျပဆာအဲလက္စ္ဖာဂူဆန္ဟာအသင္းတြင္ျဖစ္ပ်က္ေနတဲ့ အရာမ်ားႏွင့္ပတ္သက္ၿပီး စီအီးအိုရာထူးကို အက္ဒ္ဝုဒ္ဝတ္ထံမွလြဲေျပာင္းရယူမယ့္ရစ္ခ်က္အာႏိုး၊စီအီးအိုေဟာင္းေဒးဗစ္ဂီးလ္တို႔ႏွင့္ေတြ႕ဆုံေဆြးေႏြးမႈမ်ားျပဳလုပ္ခဲ့ၾကပါတယ္။

၎တို႔ဟာယခုအပတ္အကုန္အထိဆိုးလ္ရွားရဲ႕အနာဂတ္ကိုအာခံခ်က္ေပးခဲ့ၾကပါတယ္။ဒါေပမယ့္၎တို႔ဟာစေနေန႔စပါးစ္ႏွင့္ပြဲစဥ္တြင္ရႈံးပြဲႀကဳံရပါကနည္းျပအေျပာင္းအလဲလုပ္ရန္ဆုံးျဖတ္ထားၾကပါတယ္။

လက္ရွိအခ်ိန္တြင္မန္ယူဟာဆိုးလ္ရွားကိုရာထူးမွထုတ္ပယ္ပါကအစားထိုးရန္အတြက္အန္တိုနီယိုကြန္တီ၊ဇီဒန္း၊ဘရန္ဒန္ေရာ္ဂ်ာႏွင့္အဲရစ္တင္ဟက္တို႔ ေလးဦးအားလ်ာထားပါတယ္။