မန်ယူမှထွက်ခွာပြီးနောက် အာဆင်နယ်သို့ ပြောင်းလိုခဲ့ပေမယ့် ဝင်းဂါးရဲ့ငြင်းဆိုခံခဲ့ရတဲ့ သရဲနီဂန္ထဝင်

ရီယိုဖာဒီနန်ကမန်ချက်စတာယူနိုက်တက်မှထွက်ခွာပြီးနောက်အာဆင်နယ်အသင်းသို့ပြောင်းရွှေ့ကစားရန်ဆန္ဒရှိခဲ့သော်လည်းအာစင်ဝင်းဂါးကသူ့စိတ်ကူးကိုအရူးစိတ်ကူးဟုဆိုကာပယ်ချခဲ့ပါတယ်။

အိုးထရက်ဖို့ဒ်ဂန္ထဝင်ကမန်ယူရဲ့ကြီးမားတဲ့ပြိုင်ဘက်အာဆင်နယ်ရဲ့အဝတ်အစားလဲခန်းအစဉ်အလာကိုပြောင်းလဲနိုင်လိမ့်မယ်လို့ယုံကြည်ခဲ့ပါတယ်။ဒါပေမယ့်သူဟာအာဆင်နယ်ရဲ့ပယ်ချခြင်းခံခဲ့ရမှုနဲ့အတူကျူပီအာသို့ပြောင်းခဲ့ပါတယ်။

ဒါ့အပြင်အင်္ဂလန်ဗဟိုနောက်ခံလူဟောင်းကဝင်းဂါးမှာသူ့အားခေါ်ယူရေးပယ်ချမှုမှာမှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်ကြောင်းဆိုသွားပါတယ်။ဖာဒီနန်ဟာမန်ယူမှထွက်ခွာပြီးနောက်ချန်ပီယံရှစ်ကလပ်ကျူပီအာမှာရုန်းကန်ခဲ့ရပါတယ်။

ယခုအခါအသက်၄၂နှစ်ရှိရီယိုဖာဒီနန်ဟာ၂၀၁၄ခုနှစ်တွင်မန်ယူမှမထွက်ခွာမီအိုးထရက်ဖို့ဒ်တွင်၁၂နှစ်တာကစားခဲ့ရာတွင်ပရီးမီးယားလိဂ်ဖလား၆ကြိမ်နှင့်ချန်ပီယံလိဂ်ဖလား၁ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဖာဒီနန်က “အရှုးဆုံးအရာကတော့အာဆင်နယ်သို့ပြောင်းဖို့စဉ်းစားခဲ့တာပါ။ကျွန်တော်က အာစင်၊နားထောင်၊ကျွန်တော်မန်ယူကထွက်ပြီ။ခင်ဗျားလိုချင်ရင်ကျွန်တော်ပြောင်းလာမယ်၊အဝတ်အစားလဲခန်းအစဉ်အလာအပါအဝင်အခြားအရာတွေမှာကူညီနိုင်မယ်၊ကြိုးစားမယ်ဆိုပြီးပြောခဲ့တယ်။အဲဒီနေရာမှာခင်ဗျားလည်းအကူအညီလိုနေတယ်ပေါ့။အမှန်တကယ်ပြောရရင်လည်းအစဉ်အလာအတွက်ပြောင်းလာခဲ့တာပါ။သူ(ဝင်းဂါး)ကကမ်းလှမ်းမှုတောင်မလုပ်ခဲ့ပါဘူး။ကျွန်တော်ဟာကျူပီအာမှာလိုအပ်တဲ့အဆင့်မျိုးမှာမကစားနိုင်ခဲ့တော့သူ့ဆုံးဖြတ်ချက်မှန်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ZawGyi

မန္ယူမွထြက္ခြာၿပီးေနာက္ အာဆင္နယ္သို႔ ေျပာင္းလိုခဲ့ေပမယ့္ ဝင္းဂါးရဲ႕ျငင္းဆိုခံခဲ့ရတဲ့ သရဲနီဂႏၴဝင္

ရီယိုဖာဒီနန္ကမန္ခ်က္စတာယူႏိုက္တက္မွထြက္ခြာၿပီးေနာက္အာဆင္နယ္အသင္းသို႔ေျပာင္းေ႐ႊ႕ကစားရန္ဆႏၵရွိခဲ့ေသာ္လည္းအာစင္ဝင္းဂါးကသူ႔စိတ္ကူးကိုအ႐ူးစိတ္ကူးဟုဆိုကာပယ္ခ်ခဲ့ပါတယ္။

အိုးထရက္ဖို႔ဒ္ဂႏၴဝင္ကမန္ယူရဲ႕ႀကီးမားတဲ့ၿပိဳင္ဘက္အာဆင္နယ္ရဲ႕အဝတ္အစားလဲခန္းအစဥ္အလာကိုေျပာင္းလဲႏိုင္လိမ့္မယ္လို႔ယုံၾကည္ခဲ့ပါတယ္။ဒါေပမယ့္သူဟာအာဆင္နယ္ရဲ႕ပယ္ခ်ျခင္းခံခဲ့ရမႈနဲ႔အတူက်ဴပီအာသို႔ေျပာင္းခဲ့ပါတယ္။

ဒါ့အျပင္အဂၤလန္ဗဟိုေနာက္ခံလူေဟာင္းကဝင္းဂါးမွာသူ႔အားေခၚယူေရးပယ္ခ်မႈမွာမွန္ကန္တဲ့ဆုံးျဖတ္ခ်က္ျဖစ္ေၾကာင္းဆိုသြားပါတယ္။ဖာဒီနန္ဟာမန္ယူမွထြက္ခြာၿပီးေနာက္ခ်န္ပီယံရွစ္ကလပ္က်ဴပီအာမွာ႐ုန္းကန္ခဲ့ရပါတယ္။

ယခုအခါအသက္၄၂ႏွစ္ရွိရီယိုဖာဒီနန္ဟာ၂၀၁၄ခုႏွစ္တြင္မန္ယူမွမထြက္ခြာမီအိုးထရက္ဖို႔ဒ္တြင္၁၂ႏွစ္တာကစားခဲ့ရာတြင္ပရီးမီးယားလိဂ္ဖလား၆ႀကိမ္ႏွင့္ခ်န္ပီယံလိဂ္ဖလား၁ႀကိမ္ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

ဖာဒီနန္က “အရႈးဆုံးအရာကေတာ့အာဆင္နယ္သို႔ေျပာင္းဖို႔စဥ္းစားခဲ့တာပါ။ကြၽန္ေတာ္က အာစင္၊နားေထာင္၊ကြၽန္ေတာ္မန္ယူကထြက္ၿပီ။ခင္ဗ်ားလိုခ်င္ရင္ကြၽန္ေတာ္ေျပာင္းလာမယ္၊အဝတ္အစားလဲခန္းအစဥ္အလာအပါအဝင္အျခားအရာေတြမွာကူညီႏိုင္မယ္၊ႀကိဳးစားမယ္ဆိုၿပီးေျပာခဲ့တယ္။အဲဒီေနရာမွာခင္ဗ်ားလည္းအကူအညီလိုေနတယ္ေပါ့။အမွန္တကယ္ေျပာရရင္လည္းအစဥ္အလာအတြက္ေျပာင္းလာခဲ့တာပါ။သူ(ဝင္းဂါး)ကကမ္းလွမ္းမႈေတာင္မလုပ္ခဲ့ပါဘူး။ကြၽန္ေတာ္ဟာက်ဴပီအာမွာလိုအပ္တဲ့အဆင့္မ်ိဳးမွာမကစားႏိုင္ခဲ့ေတာ့သူ႔ဆုံးျဖတ္ခ်က္မွန္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။