မန်ယူမှထွက်ခွာပြီး နိုင်ငံခြားသို့ သွားကစားရန် စီစဉ်ထားကြောင်း ရပ်ရှ်ဖို့ဒ်အံ့ဩဖွယ်ဖွင့်ဟလာ

မားကပ်စ်ရပ်ရှ်ဖို့ဒ်ဟာအိုးထရက်ဖို့ဒ်မှမထွက်ခွာဟုပြောကြားရန်ငြင်းဆိုသွားခဲ့ပြီးတစ်ချိန်တွင်နိုင်ငံခြားသို့ထွက်ခွာကစားနိုင်ကြောင်းပြောကြားသွားပါတယ်။

တိုက်စစ်တွင်နေရာစုံကစားနိုင်တဲ့အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟာမန်ယူလူငယ်စီမံကိန်းမှထွက်ပေါ်လာပြီးမွေးရပ်မြေကလပ်အတွက်ပွဲပေါင်း၂၇၀ကစားပေးထားသူလည်းဖြစ်ပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာမန်ယူနှင့်၂၀၂၃ခုနှစ်အထိစာချုပ်ချုပ်ဆိုထားသူဖြစ်ပြီးတစ်နေ့တွင်နိုင်ငံခြားသို့သွားရောက်ကစားရန်ရည်ရွယ်ထားတာလည်းဖြစ်ပါတယ်။

ရပ်ရှ်ဖို့ဒ်က “မပြောင်းဘူးလို့ဘယ်တော့မှပြောမှာမဟုတ်ပါဘူး။မန်ယူအပြင်ကျွန်တော်ကဘာစီလိုနာ၊ရီးရဲလ်မက်ဒရစ်ပရိသတ်တစ်ဦးလည်းဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ကထိပ်တန်းကစားသမားတွေအမြဲခေါ်ယူသလိုဆွဲဆောင်မှုရှိတဲ့ကစားဟန်နဲ့ကစားတဲ့အသင်းတွေဖြစ်ပါတယ်။လူတိုင်းရီးရဲလ်မက်ဒရစ်နဲ့ဘာစီလိုနာကိုကြည့်ပါတယ်”လို့ပြောကြားသွားပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာကိုဗစ်ကာလအတွင်းတွင်ဆင်းရဲနွမ်းပါးတဲ့ကလေးငယ်များအဟာရပြည့်အစားအစာများကိုအခမဲ့စားသောက်နိုင်ရေးအတွက်ရှေ့တန်းမှဆောင်ရွက်မှုကြောင့်ဗြိတိန်ဘုရင်မကြီးရဲ့MBE ဘွဲ့ချီးမြှင့်ခြင်းခံထားရသူလည်းဖြစ်ပါတယ်။

ဒါ့အပြင်၎င်းကစပိန်ဘာသာစကားနဲ့အီတလီဘာသာစကားတို့သင်ကြားရန်လည်းစီစဉ်ထားကြောင်းထုတ်ဖော်ပြောကြားသွားပါတယ်။

ZawGyi

မန္ယူမွထြက္ခြာၿပီး ႏိုင္ငံျခားသို႔ သြားကစားရန္ စီစဥ္ထားေၾကာင္း ရပ္ရွ္ဖို႔ဒ္အံ့ဩဖြယ္ဖြင့္ဟလာ

မားကပ္စ္ရပ္ရွ္ဖို႔ဒ္ဟာအိုးထရက္ဖို႔ဒ္မွမထြက္ခြာဟုေျပာၾကားရန္ျငင္းဆိုသြားခဲ့ၿပီးတစ္ခ်ိန္တြင္ႏိုင္ငံျခားသို႔ထြက္ခြာကစားႏိုင္ေၾကာင္းေျပာၾကားသြားပါတယ္။

တိုက္စစ္တြင္ေနရာစုံကစားႏိုင္တဲ့အဂၤလန္လက္ေ႐ြးစင္တိုက္စစ္မႉးဟာမန္ယူလူငယ္စီမံကိန္းမွထြက္ေပၚလာၿပီးေမြးရပ္ေျမကလပ္အတြက္ပြဲေပါင္း၂၇၀ကစားေပးထားသူလည္းျဖစ္ပါတယ္။

ရပ္ရွ္ဖို႔ဒ္ဟာမန္ယူႏွင့္၂၀၂၃ခုႏွစ္အထိစာခ်ဳပ္ခ်ဳပ္ဆိုထားသူျဖစ္ၿပီးတစ္ေန႔တြင္ႏိုင္ငံျခားသို႔သြားေရာက္ကစားရန္ရည္႐ြယ္ထားတာလည္းျဖစ္ပါတယ္။

ရပ္ရွ္ဖို႔ဒ္က “မေျပာင္းဘူးလို႔ဘယ္ေတာ့မွေျပာမွာမဟုတ္ပါဘူး။မန္ယူအျပင္ကြၽန္ေတာ္ကဘာစီလိုနာ၊ရီးရဲလ္မက္ဒရစ္ပရိသတ္တစ္ဦးလည္းျဖစ္ပါတယ္။ဘာေၾကာင့္လဲဆိုေတာ့သူတို႔ကထိပ္တန္းကစားသမားေတြအၿမဲေခၚယူသလိုဆြဲေဆာင္မႈရွိတဲ့ကစားဟန္နဲ႔ကစားတဲ့အသင္းေတြျဖစ္ပါတယ္။လူတိုင္းရီးရဲလ္မက္ဒရစ္နဲ႔ဘာစီလိုနာကိုၾကည့္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ရပ္ရွ္ဖို႔ဒ္ဟာကိုဗစ္ကာလအတြင္းတြင္ဆင္းရဲႏြမ္းပါးတဲ့ကေလးငယ္မ်ားအဟာရျပည့္အစားအစာမ်ားကိုအခမဲ့စားေသာက္ႏိုင္ေရးအတြက္ေရွ႕တန္းမွေဆာင္႐ြက္မႈေၾကာင့္ၿဗိတိန္ဘုရင္မႀကီးရဲ႕MBE ဘြဲ႕ခ်ီးျမႇင့္ျခင္းခံထားရသူလည္းျဖစ္ပါတယ္။

ဒါ့အျပင္၎ကစပိန္ဘာသာစကားနဲ႔အီတလီဘာသာစကားတို႔သင္ၾကားရန္လည္းစီစဥ္ထားေၾကာင္းထုတ္ေဖာ္ေျပာၾကားသြားပါတယ္။