မန်ယူမှာစည်းကမ်းကြီးတဲ့ ကွန်တီကဲ့သို့ နည်းပြလိုအပ်နေကြောင်း ဘာဘာတော့ဗ်ပြောကြား

မန်ယူတိုက်စစ်မှူးဒီမီထရီဘာဘာတော့ဗ်ကအန်တိုနီယိုကွန်တီမှာဖိအားများနှင့်ကြုံနေရတဲ့အိုလီဂန်းနားဆိုးလ်ရှားနေရာတွင်အစားထိုးခန့်အပ်သင့်တဲ့နည်းပြတစ်ဦးဖြစ်ကြောင်းထောက်ခံပြောကြားလိုက်ပါတယ်။

မန်ယူဟာနောက်ဆုံးပရီးမီးယားလိဂ်လေးပွဲဆက်နိုင်ပွဲပျောက်နေပြီးနည်းပြဆိုးလ်ရှားမှာရာထူးလက်လွှတ်ဆုံးရှုံးရမယ့်အရေးနှင့်ကြုံနေရပါတယ်။

စီးရီးအေဖလားနှင့်ပရီးမီးယားလိဂ်ဖလားတို့ဆွတ်ခူးခဲ့တဲ့ကွန်တီဟာနော်ဝေလူမျိုးနည်းပြအထုတ်ခံရလျှင်အစားထိုးခန့်အပ်ခံရရန်ရေပန်းစားနေတဲ့နည်းပြများထဲမှတစ်ဦးဖြစ်ပါတယ်။

မန်ယူဂန္ထဝင်တိုက်စစ်မှူးကအီတလီလူမျိုးနည်းပြမှာမန်ယူအသင်းလိုအပ်နေတဲ့နည်းပြဖြစ်ကြောင်းဆိုလာပါတယ်။

ဘူလ်ဂေရီးယားဂန္ထဝင်က “နောက်ဆုံးသတင်းတွေအရအန်တိုနီယိုကွန်တီကမန်ယူရာထူးအတွက်တံခါးဖွင့်ထားတယ်လို့ဆိုပါတယ်။သူကအင်တာနဲ့ချန်ပီယံဖြစ်ခဲ့သူပါ။ချဲလ်ဆီးကိုလည်းချန်ပီယံဖြစ်အောင်လုပ်ခဲ့တယ်။ကွန်တီမှာမှတ်တမ်းတွေရှိတယ်။အလုပ်ကြိုးစားတဲ့သူလည်းဖြစ်တယ်။သူနဲ့ပတ်သက်ပြီးအများကြီးကြားခဲ့ဖူးတယ်။သူဟာအင်္ဂလန်မှာလာပြီးတော့လည်းလုပ်ပြပြီးပြီ။ပရီးမီးယားလိဂ်ဖလားရခဲ့တယ်။သူကအခုအချိန်မှာလူတိုင်းပြောနေတဲ့သူပါ။တစ်ချို့ကလည်းမန်ယူကစည်းကမ်းကြီးတဲ့သူလိုအပ်နေတယ်လို့ပြောကြတယ်။သူကမလိုက်နာတဲ့သူကိုအရန်ခုံသို့ပို့တဲ့သူပါ။လူးဝစ်ဗန်ဂါးလ်လည်းကွန်တီလိုစည်းကမ်းကြီးတဲ့သူပါ။စည်းကမ်းကနံပါတ်တစ်အရေးအကြီးဆုံးပါ။ဒါပေမယ့်သူလည်းအောင်မြင်မှုရခဲ့တယ်။အက်ဖ်အေဖလားရခဲ့တယ်။ကွန်တီမှာလည်းအင်္ဂလန်ကကလပ်ကြီးတစ်ခုကိုဘယ်လိုကိုင်တွယ်ရမလဲသိတဲ့သူပါ”လို့ပြောကြားသွားပါတယ်။

ZawGyi

မန္ယူမွာစည္းကမ္းႀကီးတဲ့ ကြန္တီကဲ့သို႔ နည္းျပလိုအပ္ေနေၾကာင္း ဘာဘာေတာ့ဗ္ေျပာၾကား

မန္ယူတိုက္စစ္မႉးဒီမီထရီဘာဘာေတာ့ဗ္ကအန္တိုနီယိုကြန္တီမွာဖိအားမ်ားႏွင့္ႀကဳံေနရတဲ့အိုလီဂန္းနားဆိုးလ္ရွားေနရာတြင္အစားထိုးခန႔္အပ္သင့္တဲ့နည္းျပတစ္ဦးျဖစ္ေၾကာင္းေထာက္ခံေျပာၾကားလိုက္ပါတယ္။

မန္ယူဟာေနာက္ဆုံးပရီးမီးယားလိဂ္ေလးပြဲဆက္ႏိုင္ပြဲေပ်ာက္ေနၿပီးနည္းျပဆိုးလ္ရွားမွာရာထူးလက္လႊတ္ဆုံးရႈံးရမယ့္အေရးႏွင့္ႀကဳံေနရပါတယ္။

စီးရီးေအဖလားႏွင့္ပရီးမီးယားလိဂ္ဖလားတို႔ဆြတ္ခူးခဲ့တဲ့ကြန္တီဟာေနာ္ေဝလူမ်ိဳးနည္းျပအထုတ္ခံရလွ်င္အစားထိုးခန႔္အပ္ခံရရန္ေရပန္းစားေနတဲ့နည္းျပမ်ားထဲမွတစ္ဦးျဖစ္ပါတယ္။

မန္ယူဂႏၴဝင္တိုက္စစ္မႉးကအီတလီလူမ်ိဳးနည္းျပမွာမန္ယူအသင္းလိုအပ္ေနတဲ့နည္းျပျဖစ္ေၾကာင္းဆိုလာပါတယ္။

ဘူလ္ေဂရီးယားဂႏၴဝင္က “ေနာက္ဆုံးသတင္းေတြအရအန္တိုနီယိုကြန္တီကမန္ယူရာထူးအတြက္တံခါးဖြင့္ထားတယ္လို႔ဆိုပါတယ္။သူကအင္တာနဲ႔ခ်န္ပီယံျဖစ္ခဲ့သူပါ။ခ်ဲလ္ဆီးကိုလည္းခ်န္ပီယံျဖစ္ေအာင္လုပ္ခဲ့တယ္။ကြန္တီမွာမွတ္တမ္းေတြရွိတယ္။အလုပ္ႀကိဳးစားတဲ့သူလည္းျဖစ္တယ္။သူနဲ႔ပတ္သက္ၿပီးအမ်ားႀကီးၾကားခဲ့ဖူးတယ္။သူဟာအဂၤလန္မွာလာၿပီးေတာ့လည္းလုပ္ျပၿပီးၿပီ။ပရီးမီးယားလိဂ္ဖလားရခဲ့တယ္။သူကအခုအခ်ိန္မွာလူတိုင္းေျပာေနတဲ့သူပါ။တစ္ခ်ိဳ႕ကလည္းမန္ယူကစည္းကမ္းႀကီးတဲ့သူလိုအပ္ေနတယ္လို႔ေျပာၾကတယ္။သူကမလိုက္နာတဲ့သူကိုအရန္ခုံသို႔ပို႔တဲ့သူပါ။လူးဝစ္ဗန္ဂါးလ္လည္းကြန္တီလိုစည္းကမ္းႀကီးတဲ့သူပါ။စည္းကမ္းကနံပါတ္တစ္အေရးအႀကီးဆုံးပါ။ဒါေပမယ့္သူလည္းေအာင္ျမင္မႈရခဲ့တယ္။အက္ဖ္ေအဖလားရခဲ့တယ္။ကြန္တီမွာလည္းအဂၤလန္ကကလပ္ႀကီးတစ္ခုကိုဘယ္လိုကိုင္တြယ္ရမလဲသိတဲ့သူပါ”လို႔ေျပာၾကားသြားပါတယ္။