မန်ယူမှာ နည်းပြတစ်ဦးအဖြစ် စိတ်မကောင်းဖွယ်ရာ လုပ်ဆောင်နေရတဲ့ ဗန်ဒီဘိခ်

မန်ချက်စတာယူနိုက်တက်မှာဒွန်နီဗန်ဒီဘိခ်ရဲ့အခြေအနေကဆိုးရွားသထက်ဆိုးရွားလို့လာနေပါတယ်။ဗန်ဒီဘိခ်ဟာမန်ယူမှာပွဲကစားခွင့်အလွန်နည်းပါးစွာရရှိနေမှုနဲ့အတူနည်းပြတစ်ဦးအဖြစ်ဝင်ရောက်လုပ်ဆောင်ပေးနေရပါတယ်။

ဒတ်ချ်ကွင်းလယ်ကစားသမားဗန်ဒီဘိခ်ဟာပြီးခဲ့တဲ့အပတ်တုန်းကစပါးစ်ကို၃-ဝဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာအရန်အဖြစ်ပင်ဝင်ရောက်ကစားခွင့်မရရှိခဲ့ပါဘူး။

ဒါပေမယ့်မန်ယူနည်းပြအိုလီဂန်းနားဆိုးလ်ရှားဟာကွင်းထဲမှာဘောလုံးကစားခွင့်မရတဲ့ဗန်ဒီဘိခ်ကိုစနေနေ့တုန်းကစပါးစ်နှင့်ပွဲမတိုင်ခင်မှာအလကားနေခိုင်းမထားခဲ့ဘဲအလုပ်တစ်ခုပေးခဲ့ပါတယ်။

အွန်လိုင်းမှာထွက်ပေါ်လာတဲ့ဗီဒီယိုဖိုင်အရဗန်ဒီဘိခ်ဟာစပါးစ်နှင့်ပွဲမတိုင်ခင်မှာပွဲထွက်လူစာရင်းမှာပါဝင်တဲ့ပထမအသင်းမှကစားသမားများကို နည်းပြတစ်ဦးလိုထောက်ပံ့မှုပြုလုပ်ခဲ့ရပါတယ်။

အေဂျက်စ်ကစားသမားဟောင်းဟာပွဲထွက်လူစာရင်းမှာပါဝင်တဲ့ခရစ္စတီယာနိုရော်နယ်ဒို၊အက်ဒီဆင်ကာဗာနီနှင့်ဘရူနိုဖာနန်ဒက်စ်တို့ကဲ့သို့ကစားသမားများ ဂိုးသွင်းလေ့ကျင့်ခန်းလုပ်ချိန်မှာ နည်းပြအဖွဲ့ဝင်မိုက်ကယ်ကာရစ်နှင့်အတူထောက်ပံ့မှုပြုလုပ်ခဲ့ရပါတယ်။

မန်ယူပရိသတ်တစ်ဦးက “ဒွန်နီကိုဖရက်ထက်ဖန်တီးမှုပိုင်းကောင်းတယ်၊ဘောလုံးအထိန်းအသိမ်းကောင်းတယ်၊ခံစစ်ကစားတာကောင်းတယ်လို့ထင်တယ်။ဒီအံ့ဩစရာကောင်းတဲ့လူစာရင်းနဲ့ အိုလီလုပ်နေတာတွေကအဓိပ္ပါယ်မရှိပါဘူး”လို့ ဆိုသွားပါတယ်။

အခြားပရိသတ်တစ်ဦးကလည်း “တကယ့်ဟာသပဲ။၃-၅-၂ကစားကွက်ကိုသာသုံးမယ်ဆိုရင်ဒွန်နီကအလယ်တန်းမှာဘရူနို၊ရှေ့တန်းနှစ်ဦးနဲ့ တော်တော်လေးကောင်းလာမှာ”လို့ပြောကြားသွားပါတယ်။

ဒွန်နီဗန်ဒီဘိခ်ဟာယခုရာသီမှာမန်ယူအတွက်ပရီးမီးယားလိဂ်တွင်၆မိနစ်တည်းသာကစားခွင့်ရရှိထားသူဖြစ်ပြီးလာမယ့်ဇန်နဝါရီလမှာမန်ယူမှထွက်ခွာဖို့သေချာသလောက်ရှိနေတဲ့ကစားသမားလည်းဖြစ်ပါတယ်။

သူ့ကိုဘာစီလိုနာ၊ဂျူဗင်တပ်၊အဲဗာတန်၊နယူးကာဆယ်နှင့်အဲဗာတန်တို့ကခေါ်ယူရန်စိတ်ဝင်စားနေပါတယ်။သူဟာနွေရာသီတုန်းကအဲဗာတန်သို့ပြောင်းရန်ပုဂ္ဂိုလ်ရေးသဘောတူညီမှုရပြီးမှဆိုးလ်ရှားကအခွင့်အရေးပေးမယ်လို့ကတိပြုမှုကြောင့်အိုးထရက်ဖို့ဒ်မှာဆက်နေခဲ့တာဖြစ်ပါတယ်။

ZawGyi

မန္ယူမွာ နည္းျပတစ္ဦးအျဖစ္ စိတ္မေကာင္းဖြယ္ရာ လုပ္ေဆာင္ေနရတဲ့ ဗန္ဒီဘိခ္

မန္ခ်က္စတာယူႏိုက္တက္မွာဒြန္နီဗန္ဒီဘိခ္ရဲ႕အေျခအေနကဆိုး႐ြားသထက္ဆိုး႐ြားလို႔လာေနပါတယ္။ဗန္ဒီဘိခ္ဟာမန္ယူမွာပြဲကစားခြင့္အလြန္နည္းပါးစြာရရွိေနမႈနဲ႔အတူနည္းျပတစ္ဦးအျဖစ္ဝင္ေရာက္လုပ္ေဆာင္ေပးေနရပါတယ္။

ဒတ္ခ်္ကြင္းလယ္ကစားသမားဗန္ဒီဘိခ္ဟာၿပီးခဲ့တဲ့အပတ္တုန္းကစပါးစ္ကို၃-ဝဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာအရန္အျဖစ္ပင္ဝင္ေရာက္ကစားခြင့္မရရွိခဲ့ပါဘူး။

ဒါေပမယ့္မန္ယူနည္းျပအိုလီဂန္းနားဆိုးလ္ရွားဟာကြင္းထဲမွာေဘာလုံးကစားခြင့္မရတဲ့ဗန္ဒီဘိခ္ကိုစေနေန႔တုန္းကစပါးစ္ႏွင့္ပြဲမတိုင္ခင္မွာအလကားေနခိုင္းမထားခဲ့ဘဲအလုပ္တစ္ခုေပးခဲ့ပါတယ္။

အြန္လိုင္းမွာထြက္ေပၚလာတဲ့ဗီဒီယိုဖိုင္အရဗန္ဒီဘိခ္ဟာစပါးစ္ႏွင့္ပြဲမတိုင္ခင္မွာပြဲထြက္လူစာရင္းမွာပါဝင္တဲ့ပထမအသင္းမွကစားသမားမ်ားကို နည္းျပတစ္ဦးလိုေထာက္ပံ့မႈျပဳလုပ္ခဲ့ရပါတယ္။

ေအဂ်က္စ္ကစားသမားေဟာင္းဟာပြဲထြက္လူစာရင္းမွာပါဝင္တဲ့ခရစၥတီယာႏိုေရာ္နယ္ဒို၊အက္ဒီဆင္ကာဗာနီႏွင့္ဘ႐ူႏိုဖာနန္ဒက္စ္တို႔ကဲ့သို႔ကစားသမားမ်ား ဂိုးသြင္းေလ့က်င့္ခန္းလုပ္ခ်ိန္မွာ နည္းျပအဖြဲ႕ဝင္မိုက္ကယ္ကာရစ္ႏွင့္အတူေထာက္ပံ့မႈျပဳလုပ္ခဲ့ရပါတယ္။

မန္ယူပရိသတ္တစ္ဦးက “ဒြန္နီကိုဖရက္ထက္ဖန္တီးမႈပိုင္းေကာင္းတယ္၊ေဘာလုံးအထိန္းအသိမ္းေကာင္းတယ္၊ခံစစ္ကစားတာေကာင္းတယ္လို႔ထင္တယ္။ဒီအံ့ဩစရာေကာင္းတဲ့လူစာရင္းနဲ႔ အိုလီလုပ္ေနတာေတြကအဓိပၸါယ္မရွိပါဘူး”လို႔ ဆိုသြားပါတယ္။

အျခားပရိသတ္တစ္ဦးကလည္း “တကယ့္ဟာသပဲ။၃-၅-၂ကစားကြက္ကိုသာသုံးမယ္ဆိုရင္ဒြန္နီကအလယ္တန္းမွာဘ႐ူႏို၊ေရွ႕တန္းႏွစ္ဦးနဲ႔ ေတာ္ေတာ္ေလးေကာင္းလာမွာ”လို႔ေျပာၾကားသြားပါတယ္။

ဒြန္နီဗန္ဒီဘိခ္ဟာယခုရာသီမွာမန္ယူအတြက္ပရီးမီးယားလိဂ္တြင္၆မိနစ္တည္းသာကစားခြင့္ရရွိထားသူျဖစ္ၿပီးလာမယ့္ဇန္နဝါရီလမွာမန္ယူမွထြက္ခြာဖို႔ေသခ်ာသေလာက္ရွိေနတဲ့ကစားသမားလည္းျဖစ္ပါတယ္။

သူ႔ကိုဘာစီလိုနာ၊ဂ်ဴဗင္တပ္၊အဲဗာတန္၊နယူးကာဆယ္ႏွင့္အဲဗာတန္တို႔ကေခၚယူရန္စိတ္ဝင္စားေနပါတယ္။သူဟာေႏြရာသီတုန္းကအဲဗာတန္သို႔ေျပာင္းရန္ပုဂၢိဳလ္ေရးသေဘာတူညီမႈရၿပီးမွဆိုးလ္ရွားကအခြင့္အေရးေပးမယ္လို႔ကတိျပဳမႈေၾကာင့္အိုးထရက္ဖို႔ဒ္မွာဆက္ေနခဲ့တာျဖစ္ပါတယ္။