မန်ယူမှာ သနားစရာကောင်းလောက်အောင် စုတ်ပြတ်သတ်နေပြီး မကြာခင် ဆိုးလ်ရှားအထုတ်ခံရမယ်လို့ လီဗာပူးဂန္ထဝင်ပြောကြားလာ

လီဗာပူးဂန္ထဝင်ကစားသမားဒိုင်တာဟာမန်းကမန်ယူရဲ့ရာသီအစခြေစွမ်းနှင့်ရလဒ်မှာသနားစရာကောင်းလောက်အောင်စုတ်ပြတ်သတ်နေပြီးနည်ပြအိုလီဂန်းနားဆိုးလ်ရှားမှာလည်းမကြာမီထုတ်ပယ်ခြင်းခံရလိမ့်မယ်လို့ပြောကြားလိုက်ပါတယ်။

အသက်၄၈နှစ်ရှိဂျာမနီလက်ရွေးစင်ဟောင်းဟာမန်းဟာလီဗာပူးအသင်းနှင့်အတူအက်ဖ်အေဖလား၂ကြိမ်၊လိဂ်ဖလား၂ကြိမ်၊ယူအီးအက်ဖ်အေဖလား၁ကြိမ်ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။၎င်းကမန်ယူအသင်းမှာကစားသမားအချို့အပေါ်တွင်အလွန်အကျွံမီခိုနေပြီးကစားဟန်မှာလည်းကြည့်ချင်စရာမရှိလောက်အောင်ဆိုးရွားနေကြောင်းဆိုသွားပါတယ်။

ဟာမန်းက “မန်ချက်စတာယူနိုက်တက်ကိုချန်ပီယံဆုအတွက်ယှဉ်ပြိုင်တဲ့စာရင်းထဲမှာထည့်သွင်းထားရတဲ့တစ်ခုတည်းသောအကြောင်းအရင်းနဲ့ချန်ပီယံလိဂ်မှာရှိနေတဲ့တစ်ခုတည်းသောအကြောင်းအရင်းကခရစ္စတီယာနိုရော်နယ်ဒိုရှိနေလို့ဖြစ်ပါတယ်။သူ့သာမရှိရင်သူ့ဂိုးတွေသာမရှိရင်မန်ယူဖြစ်လာမလဲကျွန်တော်မသိပါဘူး။အရင်တုန်းကအိုးထရက်ဖို့ဒ်ကို အိပ်မက်ကဇာတ်ရုံလို့ခေါ်ကြပေမယ့်အခုဆိုရင် အိပ်မက်ဆိုးတို့ရဲ့ကဇာတ်ရုံဖြစ်နေပါပြီ။သူတို့ရဲ့ခြေစွမ်းကသနားစရာကောင်းအောင်ကိုဆိုးနေတယ်။အခုအချိန်မှာသူတို့ဟာဘောလုံးကစားဟန်မကောင်းပါဘူး။ဂျေဒွန်ဆန်ချိုကထင်မှတ်သထားသလိုမဖြစ်လာဘူး။ဘာကြောင့်လဲနားမလည်ပါဘူး။ဗာရိန်းအတွေ့အကြုံရှိတယ်။ရော်နယ်ဒိုကဒီလိဂ်အကြောင်းကောင်းကောင်းသိတယ်။သူဘယ်လောက်အထိဒီအသင်းမှာရှိနေဦးမလဲမသိပါဘူး။မန်ယူကကစားပုံကအရင်တုန်းကလိုဘဲကြည့်ချင်စရာမရှိသေးပါဘူး။ဒီအသင်းမန်ချက်စတာယူနိုက်တက်မဟုတ်ပါဘူး”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်ဘိုင်ယန်မြူးနစ်၊နယူးကာဆယ်၊မန်စီးတီးတို့တွင်လည်းကစားခဲ့ဖူးတဲ့ဟာမန်းကအထက်ပါပြဿနာရပ်များကြောင့်ပင်ဆိုးလ်ရှားမှာအနှေးနဲ့အမြန် မန်ယူနည်းပြရာထူးမှအထုတ်ခံရလိမ့်မယ်လို့ဆိုသွားပါတယ်။

ဟာမန်းက “အခုဆိုရင်နည်းပြဆီမှာဖိအားတွေအရမ်းများလာပြီလို့ထင်ပါတယ်။ဘာတိုးတက်မှုမှလည်းမရှိတော့သူဟာအနှေးနဲ့အမြန်အထုတ်ခံရပါလိမ့်မယ်။အခုအချိန်ကနည်းပြအပြောင်းအလဲလုပ်ရမယ့်အချိန်ပါ”လို့ပြောကြားသွားပါတယ်။

ZawGyi

မန္ယူမွာ သနားစရာေကာင္းေလာက္ေအာင္ စုတ္ျပတ္သတ္ေနၿပီး မၾကာခင္ ဆိုးလ္ရွားအထုတ္ခံရမယ္လို႔ လီဗာပူးဂႏၴဝင္ေျပာၾကားလာ

လီဗာပူးဂႏၴဝင္ကစားသမားဒိုင္တာဟာမန္းကမန္ယူရဲ႕ရာသီအစေျခစြမ္းႏွင့္ရလဒ္မွာသနားစရာေကာင္းေလာက္ေအာင္စုတ္ျပတ္သတ္ေနၿပီးနည္ျပအိုလီဂန္းနားဆိုးလ္ရွားမွာလည္းမၾကာမီထုတ္ပယ္ျခင္းခံရလိမ့္မယ္လို႔ေျပာၾကားလိုက္ပါတယ္။

အသက္၄၈ႏွစ္ရွိဂ်ာမနီလက္ေ႐ြးစင္ေဟာင္းဟာမန္းဟာလီဗာပူးအသင္းႏွင့္အတူအက္ဖ္ေအဖလား၂ႀကိမ္၊လိဂ္ဖလား၂ႀကိမ္၊ယူအီးအက္ဖ္ေအဖလား၁ႀကိမ္ဆြတ္ခူးႏိုင္ခဲ့သူျဖစ္ပါတယ္။၎ကမန္ယူအသင္းမွာကစားသမားအခ်ိဳ႕အေပၚတြင္အလြန္အကြၽံမီခိုေနၿပီးကစားဟန္မွာလည္းၾကည့္ခ်င္စရာမရွိေလာက္ေအာင္ဆိုး႐ြားေနေၾကာင္းဆိုသြားပါတယ္။

ဟာမန္းက “မန္ခ်က္စတာယူႏိုက္တက္ကိုခ်န္ပီယံဆုအတြက္ယွဥ္ၿပိဳင္တဲ့စာရင္းထဲမွာထည့္သြင္းထားရတဲ့တစ္ခုတည္းေသာအေၾကာင္းအရင္းနဲ႔ခ်န္ပီယံလိဂ္မွာရွိေနတဲ့တစ္ခုတည္းေသာအေၾကာင္းအရင္းကခရစၥတီယာႏိုေရာ္နယ္ဒိုရွိေနလို႔ျဖစ္ပါတယ္။သူ႔သာမရွိရင္သူ႔ဂိုးေတြသာမရွိရင္မန္ယူျဖစ္လာမလဲကြၽန္ေတာ္မသိပါဘူး။အရင္တုန္းကအိုးထရက္ဖို႔ဒ္ကို အိပ္မက္ကဇာတ္႐ုံလို႔ေခၚၾကေပမယ့္အခုဆိုရင္ အိပ္မက္ဆိုးတို႔ရဲ႕ကဇာတ္႐ုံျဖစ္ေနပါၿပီ။သူတို႔ရဲ႕ေျခစြမ္းကသနားစရာေကာင္းေအာင္ကိုဆိုးေနတယ္။အခုအခ်ိန္မွာသူတို႔ဟာေဘာလုံးကစားဟန္မေကာင္းပါဘူး။ေဂ်ဒြန္ဆန္ခ်ိဳကထင္မွတ္သထားသလိုမျဖစ္လာဘူး။ဘာေၾကာင့္လဲနားမလည္ပါဘူး။ဗာရိန္းအေတြ႕အႀကဳံရွိတယ္။ေရာ္နယ္ဒိုကဒီလိဂ္အေၾကာင္းေကာင္းေကာင္းသိတယ္။သူဘယ္ေလာက္အထိဒီအသင္းမွာရွိေနဦးမလဲမသိပါဘူး။မန္ယူကကစားပုံကအရင္တုန္းကလိုဘဲၾကည့္ခ်င္စရာမရွိေသးပါဘူး။ဒီအသင္းမန္ခ်က္စတာယူႏိုက္တက္မဟုတ္ပါဘူး”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္ဘိုင္ယန္ျမဴးနစ္၊နယူးကာဆယ္၊မန္စီးတီးတို႔တြင္လည္းကစားခဲ့ဖူးတဲ့ဟာမန္းကအထက္ပါျပႆနာရပ္မ်ားေၾကာင့္ပင္ဆိုးလ္ရွားမွာအေႏွးနဲ႔အျမန္ မန္ယူနည္းျပရာထူးမွအထုတ္ခံရလိမ့္မယ္လို႔ဆိုသြားပါတယ္။

ဟာမန္းက “အခုဆိုရင္နည္းျပဆီမွာဖိအားေတြအရမ္းမ်ားလာၿပီလို႔ထင္ပါတယ္။ဘာတိုးတက္မႈမွလည္းမရွိေတာ့သူဟာအေႏွးနဲ႔အျမန္အထုတ္ခံရပါလိမ့္မယ္။အခုအခ်ိန္ကနည္းျပအေျပာင္းအလဲလုပ္ရမယ့္အခ်ိန္ပါ”လို႔ေျပာၾကားသြားပါတယ္။