မန်ယူယာယီနည်းပြအဖြစ် ရန်နစ်ခ်ရောက်လာမှုနဲ့ အတူ ဘုံပျောက်မှာ စိုးကြောက်နေရတဲ့ ခရစ္စတီယာနိုရော်နယ်ဒို

မန်ချက်စတာယူနိုက်တက်ပရိသတ်များဟာယူနိုက်တက်ယာယီနည်းပြအဖြစ်ရေးဖ်ရန်နစ်ခ်ရောက်လာမှုနဲ့အတူစူပါစတားခရစ္စတီယာနိုရော်နယ်ဒိုအတွက်စိုးရိမ်ပူပန်နေကြပြီဖြစ်ပါတယ်။

အသက်၆၃နှစ်ရှိဂျာမန်လူမျိုးနည်းပြဟာမန်ယူကိုယာယီနည်းပြအဖြစ် ခြောက်လတာကိုင်တွယ်ရန်စာချုပ်ချုပ်ဆိုထားပါတယ်။

ရန်နစ်ခ်ဟာဘောလုံးနည်းဗျူဟာပိုင်းတွင်အလွန်ထူးချွန်တဲ့နည်းပြအဖြစ်နာမည်ကျော်ကြားသူဖြစ်ပြီးသူ့နည်းဗျူဟာများဟာ ပရီးမီးယားလိဂ်ထိပ်သီးနည်းပြများဖြစ်ကြတဲ့ကလော့ပ်၊တူချယ်နှင့်ဘိုင်ယန်နည်းပြနာဂယ်မန်းတို့အပေါ်များစွာလွှမ်းမိုးပါတယ်။

ပရော်ဖက်ဆာလို့အမည်ပြောင်ရရှိထားတဲ့သူဟာ Gegenpressing ကစားဟန်ကိုစွန့်ဦးတီထွင်သူများထဲမှတစ်ဦးအဖြစ်သတ်မှတ်ခံထားရပါတယ်။ယင်းကစားဟန်မှာဘောလုံးဆုံးရှုံးမှုဖြစ်သည်နှင့်ချက်ချင်းပင် ပြိုင်ဘက်အသင်းအားဖိအားပေးရန်ဖြစ်ပါတယ်။

အိုးထရက်ဖို့ဒ်သို့ရန်နစ်ခ်ရောက်လာမှုနဲ့အတူအသက်၃၆နှစ်ရှိပြီဖြစ်တဲ့ရော်နယ်ဒိုမှာနည်းပြသစ်ရဲ့ကစားကွက်နဲ့အံ့ဝင်ပါ့မလားမေးခွန်းထုတ်စရာရှိနေပါတယ်။

အထူးသဖြင့်လွန်ခဲ့တဲ့ငါးနှစ်တုန်းကရန်နစ်ခ်ဟာလိုက်ဇစ်ကိုကိုင်တွယ်တုန်းကခရစ္စတီယာနိုရော်နယ်ဒိုမှာဘောလုံးကစားရန်အသက်အရွယ်ရနေပြီဖြစ်ကြောင်းပြောကြားခဲ့ဖူးလို့ဖြစ်ပါတယ်။ဒါ့အပြင်သူကရော်နယ်ဒို(သို့မဟုတ်)မက်ဆီကိုခေါ်ယူရန်ဘယ်တုန်းကမှစဉ်းစားမှာမဟုတ်ကြောင်းလည်းပြောခဲ့ဖူးပါတယ်။

ရော်နယ်ဒိုဟာအသက်၃၆နှစ်အရွယ်သို့ရောက်နေပြီဖြစ်ပေမယ့် ကျဆင်းနေတဲ့ပုံစံလုံးဝမပြဘဲဗီလာရီးရဲလ်အား၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာ ယခုရာသီသူ့ရဲ့၁၀ဂိုးမြောက်ဂိုးအားသွင်းယူခဲ့ပါတယ်။

ZawGyi

မန္ယူယာယီနည္းျပအျဖစ္ ရန္နစ္ခ္ေရာက္လာမႈနဲ႔ အတူ ဘုံေပ်ာက္မွာ စိုးေၾကာက္ေနရတဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

မန္ခ်က္စတာယူႏိုက္တက္ပရိသတ္မ်ားဟာယူႏိုက္တက္ယာယီနည္းျပအျဖစ္ေရးဖ္ရန္နစ္ခ္ေရာက္လာမႈနဲ႔အတူစူပါစတားခရစၥတီယာႏိုေရာ္နယ္ဒိုအတြက္စိုးရိမ္ပူပန္ေနၾကၿပီျဖစ္ပါတယ္။

အသက္၆၃ႏွစ္ရွိဂ်ာမန္လူမ်ိဳးနည္းျပဟာမန္ယူကိုယာယီနည္းျပအျဖစ္ ေျခာက္လတာကိုင္တြယ္ရန္စာခ်ဳပ္ခ်ဳပ္ဆိုထားပါတယ္။

ရန္နစ္ခ္ဟာေဘာလုံးနည္းဗ်ဴဟာပိုင္းတြင္အလြန္ထူးခြၽန္တဲ့နည္းျပအျဖစ္နာမည္ေက်ာ္ၾကားသူျဖစ္ၿပီးသူ႔နည္းဗ်ဴဟာမ်ားဟာ ပရီးမီးယားလိဂ္ထိပ္သီးနည္းျပမ်ားျဖစ္ၾကတဲ့ကေလာ့ပ္၊တူခ်ယ္ႏွင့္ဘိုင္ယန္နည္းျပနာဂယ္မန္းတို႔အေပၚမ်ားစြာလႊမ္းမိုးပါတယ္။

ပေရာ္ဖက္ဆာလို႔အမည္ေျပာင္ရရွိထားတဲ့သူဟာ Gegenpressing ကစားဟန္ကိုစြန႔္ဦးတီထြင္သူမ်ားထဲမွတစ္ဦးအျဖစ္သတ္မွတ္ခံထားရပါတယ္။ယင္းကစားဟန္မွာေဘာလုံးဆုံးရႈံးမႈျဖစ္သည္ႏွင့္ခ်က္ခ်င္းပင္ ၿပိဳင္ဘက္အသင္းအားဖိအားေပးရန္ျဖစ္ပါတယ္။

အိုးထရက္ဖို႔ဒ္သို႔ရန္နစ္ခ္ေရာက္လာမႈနဲ႔အတူအသက္၃၆ႏွစ္ရွိၿပီျဖစ္တဲ့ေရာ္နယ္ဒိုမွာနည္းျပသစ္ရဲ႕ကစားကြက္နဲ႔အံ့ဝင္ပါ့မလားေမးခြန္းထုတ္စရာရွိေနပါတယ္။

အထူးသျဖင့္လြန္ခဲ့တဲ့ငါးႏွစ္တုန္းကရန္နစ္ခ္ဟာလိုက္ဇစ္ကိုကိုင္တြယ္တုန္းကခရစၥတီယာႏိုေရာ္နယ္ဒိုမွာေဘာလုံးကစားရန္အသက္အ႐ြယ္ရေနၿပီျဖစ္ေၾကာင္းေျပာၾကားခဲ့ဖူးလို႔ျဖစ္ပါတယ္။ဒါ့အျပင္သူကေရာ္နယ္ဒို(သို႔မဟုတ္)မက္ဆီကိုေခၚယူရန္ဘယ္တုန္းကမွစဥ္းစားမွာမဟုတ္ေၾကာင္းလည္းေျပာခဲ့ဖူးပါတယ္။

ေရာ္နယ္ဒိုဟာအသက္၃၆ႏွစ္အ႐ြယ္သို႔ေရာက္ေနၿပီျဖစ္ေပမယ့္ က်ဆင္းေနတဲ့ပုံစံလုံးဝမျပဘဲဗီလာရီးရဲလ္အား၂-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာ ယခုရာသီသူ႔ရဲ႕၁၀ဂိုးေျမာက္ဂိုးအားသြင္းယူခဲ့ပါတယ္။