မန်ယူရဲ့ချန်ပီယံလိဂ်ပြိုင်ဘက်အတ္တလန္တာနှင့်ရင်ဆိုင်ခဲ့တဲ့ပွဲများမှာ ပင်နယ်တီလွဲမှုအပါအဝင်ဆိုးရွားတဲ့ မှတ်တမ်းပိုင်ဆိုင်ထားတဲ့ CR7

ခရစ္စတီယာနိုရော်နယ်ဒိုဟာသူ့ရဲ့အောင်မြင်လှတဲ့ကစားသမားဘဝတစ်လျှောက်မှာအတ္တလန္တာအသင်းကိုတစ်ကြိမ်တည်းဘဲအနိုင်ရရှိခဲ့ဖူးပြီးဂျူဗင်တပ်မှာကစားစဉ်တုန်းကပင်နယ်တီပါလွဲခဲ့ဖူးပါသေးတယ်။

အိုလီဂန်းနားဆိုးလ်ရှားဦးဆောင်တဲ့သရဲနီဟာယနေ့ညမှာဂက်စ်ပါရီနီဦးဆောင်တဲ့အတ္တလန္တာအသင်းကိုချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ်ရင်ဆိုင်ကစားရပါမယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာအတ္တလန္တာအသင်းနဲ့ကစားသမားဘဝတစ်လျှောက်ခြောက်ကြိမ်ရင်ဆိုင်ခဲ့ဖူးပြီးယင်း၆ပွဲမှာ၁၈ဂိုးအထိအပြန်အလှန်သွင်းခဲ့ကြပါတယ်။

ယင်းမှ၄ပွဲစီးရီးအေမှာဆုံခဲ့တာဖြစ်ပြီးကျန်၂ပွဲကကိုပါအီတာလီယာမှာထိပ်တိုက်တွေ့ခဲ့တာဖြစ်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာအတ္တလန္တာနဲ့ရင်ဆိုင်ခဲ့ဖူးတဲ့၆ပွဲမှာ၃ဂိုးသွင်းထားပါတယ်။ပထမဆုံးဂိုးသွင်းခဲ့ဖူးတာ၂၀၁၈ခုနှစ်ဒီဇင်ဘာလတုန်းက၂ဂိုးစီသရေကျတဲ့စီးရီးအေပွဲစဉ်မှာအရန်ခုံကနေထလာပြီးနောက်ချေပဂိုးသွင်းခဲ့တာဖြစ်ပါတယ်။ယင်းနောက်တစ်လအကြာမှာတွေ့ဆုံခဲ့ရာမှာအတ္တလန္တာကို၃-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။ယင်းနောက်စီးရီးအေမှာပြန်တွေ့ခဲ့ရာ၁ဂိုးစီသရေကျပြီးရော်နယ်ဒိုထပ်မံဂိုးပေါက်ပျောက်ခဲ့ပါတယ်။

သူဟာ၂၀၂၀ခုနှစ်၊ဇူလိုင်လမှာတွေ့တဲ့ပွဲမှာ၂ဂိုးသွင်းနိုင်ခဲ့ပေမယ့်၂ဂိုးစီသရေနဲ့ပြီးသွားခဲ့ပါတယ်။သူဟာယခုနှစ်မေလတုန်းကကိုပါအီတာလီယာဖလားဗိုလ်လုပွဲမှာအတ္တလန္တာကို၂-၁ဂိုးဖြင့်အနိုင်ရခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာဂျူဗင်တပ်အတွက်၁၃၄ပွဲကစားခဲ့ရာမှာ၁၀၁ဂိုးအထိသွင်းယူနိုင်ခဲ့ပေမယ့်အတ္တလန္တာနဲ့ရင်ဆိုင်ရတုန်းရုန်းကန်ရမှုကတော့ အံ့ဩစရာကောင်းလှပါတယ်။

အိုလီဂန်းနားဆိုးလ်ရှားဟာချန်ပီယံလိဂ်မှာထိပ်တိုက်တွေ့မယ့်အတ္တလန္တာနှင့်ပွဲစဉ်မှာစီးရီးအေအတွေ့အကြုံရှိတဲ့ခရစ္စတီယာနိုရော်နယ်ဒိုကိုအားကိုးအားထားပြုလာမှာယုံမှားသံသယဖြစ်စရာမရှိပါဘူး။

ဒါပေမယ့်သူ့ရဲ့အတ္တလန္တာနဲ့ရင်ဆိုင်ရတုန်းရုန်းကန်ရမှုကစိုးရိမ်စရာပါ။တစ်ဖက်မှာသူဟာမန်ယူရဲ့နောက်ဆုံးလေးပွဲမှာတစ်ဂိုးတည်းဘဲသွင်းထားနိုင်ပါသေးတယ်။

တကယ်လို့များ တိုက်ဆိုင်မှုတွေပေါင်းစုံပြီးတကယ်ဖြစ်လာခဲ့မယ်ဆိုရင်တော့ဆိုးလ်ရှားအတွက်ဖိအားတွေကတဖြည်းဖြည်းများသထက်များလာတော့မှာဖြစ်ပါတယ်။

ဒါပေမယ့်မန်ယူဟာယနေ့ညပွဲစဉ်မှာအတ္တလန္တာကိုအနိုင်ရခဲ့မယ်ဆိုရင်တော့ ၁၆သင်းရှုံးထွက်အဆင့်သို့တက်နိုင်ဖို့အတွက်အခွင့်အရေးကောင်းပိုင်ဆိုင်လာတော့မှာလည်းဖြစ်ပါတယ်။

ZawGyi

မန္ယူရဲ႕ခ်န္ပီယံလိဂ္ၿပိဳင္ဘက္အတၱလႏၲာႏွင့္ရင္ဆိုင္ခဲ့တဲ့ပြဲမ်ားမွာ ပင္နယ္တီလြဲမႈအပါအဝင္ဆိုး႐ြားတဲ့ မွတ္တမ္းပိုင္ဆိုင္ထားတဲ့ CR7

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာသူ႔ရဲ႕ေအာင္ျမင္လွတဲ့ကစားသမားဘဝတစ္ေလွ်ာက္မွာအတၱလႏၲာအသင္းကိုတစ္ႀကိမ္တည္းဘဲအႏိုင္ရရွိခဲ့ဖူးၿပီးဂ်ဴဗင္တပ္မွာကစားစဥ္တုန္းကပင္နယ္တီပါလြဲခဲ့ဖူးပါေသးတယ္။

အိုလီဂန္းနားဆိုးလ္ရွားဦးေဆာင္တဲ့သရဲနီဟာယေန႔ညမွာဂက္စ္ပါရီနီဦးေဆာင္တဲ့အတၱလႏၲာအသင္းကိုခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္အျဖစ္ရင္ဆိုင္ကစားရပါမယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာအတၱလႏၲာအသင္းနဲ႔ကစားသမားဘဝတစ္ေလွ်ာက္ေျခာက္ႀကိမ္ရင္ဆိုင္ခဲ့ဖူးၿပီးယင္း၆ပြဲမွာ၁၈ဂိုးအထိအျပန္အလွန္သြင္းခဲ့ၾကပါတယ္။

ယင္းမွ၄ပြဲစီးရီးေအမွာဆုံခဲ့တာျဖစ္ၿပီးက်န္၂ပြဲကကိုပါအီတာလီယာမွာထိပ္တိုက္ေတြ႕ခဲ့တာျဖစ္ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာအတၱလႏၲာနဲ႔ရင္ဆိုင္ခဲ့ဖူးတဲ့၆ပြဲမွာ၃ဂိုးသြင္းထားပါတယ္။ပထမဆုံးဂိုးသြင္းခဲ့ဖူးတာ၂၀၁၈ခုႏွစ္ဒီဇင္ဘာလတုန္းက၂ဂိုးစီသေရက်တဲ့စီးရီးေအပြဲစဥ္မွာအရန္ခုံကေနထလာၿပီးေနာက္ေခ်ပဂိုးသြင္းခဲ့တာျဖစ္ပါတယ္။ယင္းေနာက္တစ္လအၾကာမွာေတြ႕ဆုံခဲ့ရာမွာအတၱလႏၲာကို၃-၀ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။ယင္းေနာက္စီးရီးေအမွာျပန္ေတြ႕ခဲ့ရာ၁ဂိုးစီသေရက်ၿပီးေရာ္နယ္ဒိုထပ္မံဂိုးေပါက္ေပ်ာက္ခဲ့ပါတယ္။

သူဟာ၂၀၂၀ခုႏွစ္၊ဇူလိုင္လမွာေတြ႕တဲ့ပြဲမွာ၂ဂိုးသြင္းႏိုင္ခဲ့ေပမယ့္၂ဂိုးစီသေရနဲ႔ၿပီးသြားခဲ့ပါတယ္။သူဟာယခုႏွစ္ေမလတုန္းကကိုပါအီတာလီယာဖလားဗိုလ္လုပြဲမွာအတၱလႏၲာကို၂-၁ဂိုးျဖင့္အႏိုင္ရခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာဂ်ဴဗင္တပ္အတြက္၁၃၄ပြဲကစားခဲ့ရာမွာ၁၀၁ဂိုးအထိသြင္းယူႏိုင္ခဲ့ေပမယ့္အတၱလႏၲာနဲ႔ရင္ဆိုင္ရတုန္း႐ုန္းကန္ရမႈကေတာ့ အံ့ဩစရာေကာင္းလွပါတယ္။

အိုလီဂန္းနားဆိုးလ္ရွားဟာခ်န္ပီယံလိဂ္မွာထိပ္တိုက္ေတြ႕မယ့္အတၱလႏၲာႏွင့္ပြဲစဥ္မွာစီးရီးေအအေတြ႕အႀကဳံရွိတဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုကိုအားကိုးအားထားျပဳလာမွာယုံမွားသံသယျဖစ္စရာမရွိပါဘူး။

ဒါေပမယ့္သူ႔ရဲ႕အတၱလႏၲာနဲ႔ရင္ဆိုင္ရတုန္း႐ုန္းကန္ရမႈကစိုးရိမ္စရာပါ။တစ္ဖက္မွာသူဟာမန္ယူရဲ႕ေနာက္ဆုံးေလးပြဲမွာတစ္ဂိုးတည္းဘဲသြင္းထားႏိုင္ပါေသးတယ္။

တကယ္လို႔မ်ား တိုက္ဆိုင္မႈေတြေပါင္းစုံၿပီးတကယ္ျဖစ္လာခဲ့မယ္ဆိုရင္ေတာ့ဆိုးလ္ရွားအတြက္ဖိအားေတြကတျဖည္းျဖည္းမ်ားသထက္မ်ားလာေတာ့မွာျဖစ္ပါတယ္။

ဒါေပမယ့္မန္ယူဟာယေန႔ညပြဲစဥ္မွာအတၱလႏၲာကိုအႏိုင္ရခဲ့မယ္ဆိုရင္ေတာ့ ၁၆သင္းရႈံးထြက္အဆင့္သို႔တက္ႏိုင္ဖို႔အတြက္အခြင့္အေရးေကာင္းပိုင္ဆိုင္လာေတာ့မွာလည္းျဖစ္ပါတယ္။