မန်ယူရဲ့နည်းစနစ်ပိုင်း အပြောင်းအလဲပြုလုပ်ရန် ဆိုးလ်ရှားကို ခရစ္စတီယာနိုရော်နယ်ဒို ပြောကြားထား

ခရစ္စတီယာနိုရော်နယ်ဒိုဟာသူ့ကစားဟန်နှင့်ကိုက်ညီမယ့်နည်းစနစ်ပိုင်းကိုပြောင်းလဲကျင့်သုံးရန်အိုလီဂန်းနားဆိုးလ်ရှားကိုတောင်းဆိုမှုပြုလုပ်ထားပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ယူသို့ဒုတိယအကြိမ်မြောက်ပြန်လည်ရောက်ရှိလာပြီးနောက်မန်ယူအတွက်ပြိုင်ပွဲအရပ်ရပ်တွင်ငါးဂိုးသွင်းယူထားနိုင်ပါတယ်။

သူဟာကြားရက်တုန်းကဗီလာရီးရဲလ်အား၂-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာနာကျင်အချိန်ပို၉၅မိနစ်မှာအရေးပါတဲ့အနိုင်ဂိုးကိုသွင်းယူခဲ့သူလည်းဖြစ်ပါတယ်။

သူဟာမန်ယူသို့တစ်ကျော့ပြန်ရောက်လာချိန်တွင်ခြေစွမ်းပြကစားနိုင်မယ့်ယင်းထက်ပိုပြီးခြေစွမ်းပြဂိုးသွင်းယူနိုင်ရန်အတွက်မန်ယူရဲ့ကစားဟန်အပြောင်းအလဲပြုလုပ်ပေးရန် နည်းပြဆိုးလ်ရှားကိုတောင်းဆိုလာတာလည်းဖြစ်ပါတယ်။

ESPN ရဲ့ဖော်ပြချက်အရအသက်၃၆နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ယူဟာကစားဟန်ကိုယခုထက်ပိုပြီးတော့မြန်စေချင်နေပြီးတိုက်စစ်သို့ ဘောလုံးလျှင်မြန်စွာရောက်လာပါကသူ့ရဲ့အကောင်းဆုံးခြေစွမ်းပိုမိုထွက်ပေါ်လာမယ်လို့ယုံကြည်နေကြောင်းသိရပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုကမန်ယူအနေဖြင့်တတိယဇုန်သို့ဘောလုံးကိုလျှင်မြန်စွာပေးပို့နိုင်လျှင်ဂိုးပိုမိုသွင်းယူနိုင်လိမ့်မယ်လို့နော်ဝေလူမျိုးနည်းပြနှင့်မန်ယူနည်းပြအဖွဲ့ဝင်များကိုပြောကြားထားပါတယ်။

ဆိုးလ်ရှားဟာလည်းရော်နယ်ဒိုပြောတဲ့အတိုင်းပင်တိုက်စစ်ဆင်မှုကိုလျှင်မြန်စွာပြုလုပ်ရန်လေ့ကျင့်ခန်းအစီအစဉ်များတွင်လေ့ကျင့်မှုပြုလုပ်နေပါတယ်။

တစ်ဖက်တွင်မန်ယူအသင်းနည်းပြအဖွဲ့ဝင်များဟာဗဟိုခံစစ်သမားများအနေဖြင့်တိုက်စစ်သမားများထံသို့ဘောလုံးတိုက်ရိုက်ပေးပို့နိုင်ရေးအတွက်လေ့ကျင့်မှုများပြုလုပ်ပေးနေပါတယ်။

မန်ယူရဲ့အလယ်တန်းတိုက်စစ်တွင်ဘရူနိုဖာနန်ဒက်စ်၊မေဆင်ဂရင်းဝုဒ်နှင့်ပေါလ်ပေါ့ဘာတို့ကအရေးပါသော်လည်းမန်ယူနည်းပြအဖွဲ့ကခရစ္စတီယာနိုရော်နယ်ဒိုအတွက်ဂိုးရမယ့်အခွင့်အရေးပိုများလာအောင်အခြားကစားသမားများကိုပါ တိုက်စစ်ကိုကူညီပံ့ပိုးစေလိုနေတာဖြစ်ပါတယ်။

မန်ယူဟာယနေ့မှာအိုးထရက်ဖို့ဒ်ကွင်းတွင်အဲဗာတန်အသင်းကိုဧည့်ခံကစားရပါမယ်။

ZawGyi

မန္ယူရဲ႕နည္းစနစ္ပိုင္း အေျပာင္းအလဲျပဳလုပ္ရန္ ဆိုးလ္ရွားကို ခရစၥတီယာႏိုေရာ္နယ္ဒို ေျပာၾကားထား

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာသူ႔ကစားဟန္ႏွင့္ကိုက္ညီမယ့္နည္းစနစ္ပိုင္းကိုေျပာင္းလဲက်င့္သုံးရန္အိုလီဂန္းနားဆိုးလ္ရွားကိုေတာင္းဆိုမႈျပဳလုပ္ထားပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္ယူသို႔ဒုတိယအႀကိမ္ေျမာက္ျပန္လည္ေရာက္ရွိလာၿပီးေနာက္မန္ယူအတြက္ၿပိဳင္ပြဲအရပ္ရပ္တြင္ငါးဂိုးသြင္းယူထားႏိုင္ပါတယ္။

သူဟာၾကားရက္တုန္းကဗီလာရီးရဲလ္အား၂-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္မွာနာက်င္အခ်ိန္ပို၉၅မိနစ္မွာအေရးပါတဲ့အႏိုင္ဂိုးကိုသြင္းယူခဲ့သူလည္းျဖစ္ပါတယ္။

သူဟာမန္ယူသို႔တစ္ေက်ာ့ျပန္ေရာက္လာခ်ိန္တြင္ေျခစြမ္းျပကစားႏိုင္မယ့္ယင္းထက္ပိုၿပီးေျခစြမ္းျပဂိုးသြင္းယူႏိုင္ရန္အတြက္မန္ယူရဲ႕ကစားဟန္အေျပာင္းအလဲျပဳလုပ္ေပးရန္ နည္းျပဆိုးလ္ရွားကိုေတာင္းဆိုလာတာလည္းျဖစ္ပါတယ္။

ESPN ရဲ႕ေဖာ္ျပခ်က္အရအသက္၃၆ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္ယူဟာကစားဟန္ကိုယခုထက္ပိုၿပီးေတာ့ျမန္ေစခ်င္ေနၿပီးတိုက္စစ္သို႔ ေဘာလုံးလွ်င္ျမန္စြာေရာက္လာပါကသူ႔ရဲ႕အေကာင္းဆုံးေျခစြမ္းပိုမိုထြက္ေပၚလာမယ္လို႔ယုံၾကည္ေနေၾကာင္းသိရပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုကမန္ယူအေနျဖင့္တတိယဇုန္သို႔ေဘာလုံးကိုလွ်င္ျမန္စြာေပးပို႔ႏိုင္လွ်င္ဂိုးပိုမိုသြင္းယူႏိုင္လိမ့္မယ္လို႔ေနာ္ေဝလူမ်ိဳးနည္းျပႏွင့္မန္ယူနည္းျပအဖြဲ႕ဝင္မ်ားကိုေျပာၾကားထားပါတယ္။

ဆိုးလ္ရွားဟာလည္းေရာ္နယ္ဒိုေျပာတဲ့အတိုင္းပင္တိုက္စစ္ဆင္မႈကိုလွ်င္ျမန္စြာျပဳလုပ္ရန္ေလ့က်င့္ခန္းအစီအစဥ္မ်ားတြင္ေလ့က်င့္မႈျပဳလုပ္ေနပါတယ္။

တစ္ဖက္တြင္မန္ယူအသင္းနည္းျပအဖြဲ႕ဝင္မ်ားဟာဗဟိုခံစစ္သမားမ်ားအေနျဖင့္တိုက္စစ္သမားမ်ားထံသို႔ေဘာလုံးတိုက္႐ိုက္ေပးပို႔ႏိုင္ေရးအတြက္ေလ့က်င့္မႈမ်ားျပဳလုပ္ေပးေနပါတယ္။

မန္ယူရဲ႕အလယ္တန္းတိုက္စစ္တြင္ဘ႐ူႏိုဖာနန္ဒက္စ္၊ေမဆင္ဂရင္းဝုဒ္ႏွင့္ေပါလ္ေပါ့ဘာတို႔ကအေရးပါေသာ္လည္းမန္ယူနည္းျပအဖြဲ႕ကခရစၥတီယာႏိုေရာ္နယ္ဒိုအတြက္ဂိုးရမယ့္အခြင့္အေရးပိုမ်ားလာေအာင္အျခားကစားသမားမ်ားကိုပါ တိုက္စစ္ကိုကူညီပံ့ပိုးေစလိုေနတာျဖစ္ပါတယ္။

မန္ယူဟာယေန႔မွာအိုးထရက္ဖို႔ဒ္ကြင္းတြ၍္အဲဗာတန္အသင္းကိုဧည့္ခံကစားရပါမယ္။