မန်ယူရဲ့နွေရာသီအပြောင်းအရွှေ့ပြီးဆုံးသွားပြီဟု ဆိုးလ်ရှားအတည်ပြု

မန်ယူနည်းပြအိုလီဂန်းနားဆိုးလ်ရှားကမန်ယူရဲ့ယခုနွေရာသီအပြောင်းအရွှေ့လှုပ်ရှားမှုအဆုံးသတ်သွားမည်ဖြစ်ကြောင်းအတည်ပြုပြောကြားလာပါတယ်။

ဒါပေမယ့်နော်ဝေလူမျိုးနည်းပြကဘောလုံးတွင်မည်သည့်အရာကြိုတင်ခန့်မှန်းရန်မဖြစ်နိုင်မှုနဲ့အတူအပြောင်းအရွှေ့နှောင်းပိုင်းတွင်ကစားသမားသစ်ရောက်လာနိုင်သေးကြောင်းလည်းပြောကြားသွားပါတယ်။

မန်ယူဟာယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်ဗီလာဂိုးသမားတွမ်ဟာဒီကိုအလွတ်ပြောင်းရွှေ့ကြေးဖြင့်လည်းကောင်း၊ဒေါ့မွန်မှဆန်ချိုကိုပေါင်၇၆သန်းဖြင့်လည်းကောင်း၊ရီးရဲလ်မက်ဒရစ်မှရာဖေးလ်ဗာရိန်းကိုပေါင်၃၄သန်းဖြင့်လည်းကောင်းခေါ်ယူထားပါတယ်။

ဒါပေမယ့်မန်ယူဟာအပြောင်းအရွှေ့ဈေးကွက်မပိတ်မီကွင်းလယ်ကစားသမားတစ်ဦးခေါ်ယူဖို့ကြိုးစားနေကြောင်းသတင်းထွက်နေပါတယ်။အထူးသဖြင့်ဆိုးလ်ရှားဟာမာတစ်နှင့်ဖရက်တို့အကောင်းဆုံးပုံစံပျောက်နေမှုကြောင့်ကွင်းလယ်ခံစစ်သမားတစ်ဦးခေါ်ယူလိုနေကြောင်းသတင်းထွက်နေပါတယ်။

မန်ယူခေါ်ယူဖို့ဆက်သွယ်နေတဲ့သူကတော့အက်သလက်တီကိုကွင်းလယ်ကစားသမားဆောလ်နီဂွက်ဇ်ဖြစ်ပါတယ်။

ဆိုးလ်ရှားက “နောက်ထပ်ခေါ်ယူဖို့ဖြစ်လာမယ်တော့မထင်ပါဘူး။တကယ်လို့ဖြစ်လာခဲ့ရင်တော့အပိုဆုပေါ့ဗျာ။ဘောလုံးကမ္ဘာမှာဘာဖြစ်လာမယ်ဆိုတာကြိုပြောဖို့ခက်ပါတယ်။ဒါပေမယ့်ကျွန်တော်တို့ဟာကောင်းမွန်တဲ့အပြောင်းအရွှေ့နဲ့ကြုံခဲ့ရပါတယ်။လုပ်ဆောင်နိုင်ခဲ့တာတွေအတွက်ကျေနပ်ပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

မန္ယူရဲ႕ေႏြရာသီအေျပာင္းအေ႐ႊ႕ၿပီးဆုံးသြားၿပီဟု ဆိုးလ္ရွားအတည္ျပဳ

မန္ယူနည္းျပအိုလီဂန္းနားဆိုးလ္ရွားကမန္ယူရဲ႕ယခုေႏြရာသီအေျပာင္းအေ႐ႊ႕လႈပ္ရွားမႈအဆုံးသတ္သြားမည္ျဖစ္ေၾကာင္းအတည္ျပဳေျပာၾကားလာပါတယ္။

ဒါေပမယ့္ေနာ္ေဝလူမ်ိဳးနည္းျပကေဘာလုံးတြင္မည္သည့္အရာႀကိဳတင္ခန႔္မွန္းရန္မျဖစ္ႏိုင္မႈနဲ႔အတူအေျပာင္းအေ႐ႊ႕ေႏွာင္းပိုင္းတြင္ကစားသမားသစ္ေရာက္လာႏိုင္ေသးေၾကာင္းလည္းေျပာၾကားသြားပါတယ္။

မန္ယူဟာယခုေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ဗီလာဂိုးသမားတြမ္ဟာဒီကိုအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္လည္းေကာင္း၊ေဒါ့မြန္မွဆန္ခ်ိဳကိုေပါင္၇၆သန္းျဖင့္လည္းေကာင္း၊ရီးရဲလ္မက္ဒရစ္မွရာေဖးလ္ဗာရိန္းကိုေပါင္၃၄သန္းျဖင့္လည္းေကာင္းေခၚယူထားပါတယ္။

ဒါေပမယ့္မန္ယူဟာအေျပာင္းအေ႐ႊ႕ေဈးကြက္မပိတ္မီကြင္းလယ္ကစားသမားတစ္ဦးေခၚယူဖို႔ႀကိဳးစားေနေၾကာင္းသတင္းထြက္ေနပါတယ္။အထူးသျဖင့္ဆိုးလ္ရွားဟာမာတစ္ႏွင့္ဖရက္တို႔အေကာင္းဆုံးပုံစံေပ်ာက္ေနမႈေၾကာင့္ကြင္းလယ္ခံစစ္သမားတစ္ဦးေခၚယူလိုေနေၾကာင္းသတင္းထြက္ေနပါတယ္။

မန္ယူေခၚယူဖို႔ဆက္သြယ္ေနတဲ့သူကေတာ့အက္သလက္တီကိုကြင္းလယ္ကစားသမားေဆာလ္နီဂြက္ဇ္ျဖစ္ပါတယ္။

ဆိုးလ္ရွားက “ေနာက္ထပ္ေခၚယူဖို႔ျဖစ္လာမယ္ေတာ့မထင္ပါဘူး။တကယ္လို႔ျဖစ္လာခဲ့ရင္ေတာ့အပိုဆုေပါ့ဗ်ာ။ေဘာလုံးကမာၻမွာဘာျဖစ္လာမယ္ဆိုတာႀကိဳေျပာဖို႔ခက္ပါတယ္။ဒါေပမယ့္ကြၽန္ေတာ္တို႔ဟာေကာင္းမြန္တဲ့အေျပာင္းအေ႐ႊ႕နဲ႔ႀကဳံခဲ့ရပါတယ္။လုပ္ေဆာင္ႏိုင္ခဲ့တာေတြအတြက္ေက်နပ္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။