မန်ယူရဲ့ယန်းဘွိုင်းစ်နှင့် ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်ကို မန်ယူပရိသတ်များ သွားကြည့်ခွင့်ရရှိ

မန်ချက်စတာယူနိုက်တက်ပရိသတ်များဟာလာမယ့်အပတ်မှာဆွစ်ဇာလန်နှင့်ယန်းဘွိုင်းစ် နှင့်ရင်ဆိုင်ကစားရမယ့်ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်အားသွားရောက်ကြည့်ခွင့်ရရှိခဲ့ပါတယ်။

မန်ယူဟာလာမယ့်အပတ်အင်္ဂါနေ့မှာဆွစ်ဇာလန်နိုင်ငံ၊ဘန်းသို့သွားရောက်ကာယန်းဘွိုင်းစ်နှင့်ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်ကစားရပါမယ်။

အစောပိုင်းတုန်းကယန်းဘွိုင်းစ်ဟာဒေသတွင်းဥပဒေကြောင့်မန်ယူပရိသတ်များအားလက်မှတ်ရောင်းချရန်ငြင်းဆိုခဲ့ပါတယ်။

ဒါပေမယ့်လည်းယခုအခါမန်ယူပရိသတ်များအနေဖြင့်ဆွစ်ဇာလန်ရဲ့ကိုဗစ်လမ်းညွှန်ချက်နှင့်ကိုက်ညီမှုရှိပါကသွားရောက်ကြည့်ရှုနိုင်ရန်ကလပ်နှစ်ခုအကြားဆွေးနွေးမှုရရှိခဲ့ပါတယ်။

ယန်းဘွိုင်းစ်နှင့်ပွဲကိုသွားကြည့်မယ့်မန်ယူပရိသတ်ဟာကိုဗစ်စစ်ဆေးမှုနစ်ဂတစ်အဖြေထွက်မှသာကြည့်ခွင့်ရရှိမှာလည်းဖြစ်ပါတယ်။

မန်ယူဟာယန်းဘွိုင်းစ်နှင့်ပွဲအတွက်လက်မှတ်၁၈၀၀ခွဲတမ်းရရှိပါမယ်။ယင်းပွဲကိုကြည့်မယ့်မန်ယူပရိသတ်များဟာတနင်္လာနေ့ညနေ့၈နာရီမတိုင်မီကာလအတွင်းတွင်ကိုဗစ်စစ်ဆေးမှုပြုလုပ်ပြီးမှဆွစ်ဇာလန်သို့သွားရောက်ခွင့်ရရှိပါမယ်။

ကိုဗစ်စစ်ဆေးမှုစရိတ်မှာပေါင်၅၀မှပေါင်၆၀အတွင်းကုန်ကျမှာဖြစ်ပြီးစစ်ဆေးမှုအဖြေထွက်ရန်၂နာရီကြာမြင့်ပါမယ်။

ဒါ့အပြင်မန်ယူပရိသတ်များဟာကွင်းအတွင်းသို့ဝင်ရောက်ချိန်မှာလက်မှတ်အပြင်ပါ့ပို့စ်၊ဆွစ်ဇာလန်အစိုးရရဲ့ကိုဗစ်ကင်းစင်ကြောင်းထောက်ခံချက်လက်မှတ်တို့ကိုလည်းပြသရပါမယ်။

ZawGyi

မန္ယူရဲ႕ယန္းဘြိဳင္းစ္ႏွင့္ ခ်န္ပီယံလိဂ္အေဝးကြင္းပြဲစဥ္ကို မန္ယူပရိသတ္မ်ား သြားၾကည့္ခြင့္ရရွိ

မန္ခ်က္စတာယူႏိုက္တက္ပရိသတ္မ်ားဟာလာမယ့္အပတ္မွာဆြစ္ဇာလန္ႏွင့္ယန္းဘြိဳင္းစ္ ႏွင့္ရင္ဆိုင္ကစားရမယ့္ခ်န္ပီယံလိဂ္အေဝးကြင္းပြဲစဥ္အားသြားေရာက္ၾကည့္ခြင့္ရရွိခဲ့ပါတယ္။

မန္ယူဟာလာမယ့္အပတ္အဂၤါေန႔မွာဆြစ္ဇာလန္ႏိုင္ငံ၊ဘန္းသို႔သြားေရာက္ကာယန္းဘြိဳင္းစ္ႏွင့္ခ်န္ပီယံလိဂ္အေဝးကြင္းပြဲစဥ္ကစားရပါမယ္။

အေစာပိုင္းတုန္းကယန္းဘြိဳင္းစ္ဟာေဒသတြင္းဥပေဒေၾကာင့္မန္ယူပရိသတ္မ်ားအားလက္မွတ္ေရာင္းခ်ရန္ျငင္းဆိုခဲ့ပါတယ္။

ဒါေပမယ့္လည္းယခုအခါမန္ယူပရိသတ္မ်ားအေနျဖင့္ဆြစ္ဇာလန္ရဲ႕ကိုဗစ္လမ္းၫႊန္ခ်က္ႏွင့္ကိုက္ညီမႈရွိပါကသြားေရာက္ၾကည့္ရႈႏိုင္ရန္ကလပ္ႏွစ္ခုအၾကားေဆြးေႏြးမႈရရွိခဲ့ပါတယ္။

ယန္းဘြိဳင္းစ္ႏွင့္ပြဲကိုသြားၾကည့္မယ့္မန္ယူပရိသတ္ဟာကိုဗစ္စစ္ေဆးမႈနစ္ဂတစ္အေျဖထြက္မွသာၾကည့္ခြင့္ရရွိမွာလည္းျဖစ္ပါတယ္။

မန္ယူဟာယန္းဘြိဳင္းစ္ႏွင့္ပြဲအတြက္လက္မွတ္၁၈၀၀ခြဲတမ္းရရွိပါမယ္။ယင္းပြဲကိုၾကည့္မယ့္မန္ယူပရိသတ္မ်ားဟာတနလၤာေန႔ညေန႔၈နာရီမတိုင္မီကာလအတြင္းတြင္ကိုဗစ္စစ္ေဆးမႈျပဳလုပ္ၿပီးမွဆြစ္ဇာလန္သို႔သြားေရာက္ခြင့္ရရွိပါမယ္။

ကိုဗစ္စစ္ေဆးမႈစရိတ္မွာေပါင္၅၀မွေပါင္၆၀အတြင္းကုန္က်မွာျဖစ္ၿပီးစစ္ေဆးမႈအေျဖထြက္ရန္၂နာရီၾကာျမင့္ပါမယ္။

ဒါ့အျပင္မန္ယူပရိသတ္မ်ားဟာကြင္းအတြင္းသို႔ဝင္ေရာက္ခ်ိန္မွာလက္မွတ္အျပင္ပါ့ပို႔စ္၊ဆြစ္ဇာလန္အစိုးရရဲ႕ကိုဗစ္ကင္းစင္ေၾကာင္းေထာက္ခံခ်က္လက္မွတ္တို႔ကိုလည္းျပသရပါမယ္။