မန်ယူရဲ့ရော်နယ်ဒိုအပြောင်းအရွှေ့မှာ အဘက်ဘက်မှ အောင်မြင်တဲ့အပြောင်းအရွှေ့ဟု မော်ရင်ဟိုပြောကြား

မန်ယူနည်းပြဟောင်းဟိုဆေးမော်ရင်ဟိုကခရစ္စတီယာနိုရော်နယ်ဒိုရဲ့အိုးထရက်ဖို့ဒ်တကျော့ပြန်ခရီးမှာအဘက်ဘက်မှာအောင်မြင်တဲ့အပြောင်းအရွှေ့တစ်ခုဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။

အသက်၃၆နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ယူသို့ပေါင်သန်း၅၀တန်၂နှစ်စာချုပ်ဖြင့်ပြောင်းရန်သဘောတူညီမှုရရှိထားပြီးဖြစ်ပါတယ်။

မော်ရင်ဟိုက “ကျွန်တော်ဘက်ကပြောနိုင်တာကတော့ဂျူဗင်တပ်လည်းပျော်တယ်။ရော်နယ်ဒိုလည်းပျော်တယ်။မန်ယူလည်းပျော်တယ်ဆိုရင်ပြီးပြည့်စုံတဲ့လုပ်ဆောင်မှုတစ်ခုဖြစ်ပါတယ်။ခရစ္စတီယာနိုနဲ့ပတ်သက်ပြီးဘာမှပြောစရာမလိုပါဘူး။နှစ်ပေါင်း၂၀လောက်သမိုင်းရေးလာတဲ့သူတစ်ယောက်နဲ့ပတ်သက်ပြီးဘယ်လိုကစားမယ်၊နိုင်မယ်၊ဂိုးသွင်းမယ်ဆိုတာနဲ့ပတ်သက်ပြီးပြောစရာမလိုပါဘူး”လို့ပြောကြားခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာရီးရဲလ်မက်ဒရစ်တွင်မော်ရင်ဟိုနှင့်၂၀၁၀ခုနှစ်မှ၂၀၁၃ခုနှစ်အထိလက်တွဲခဲ့ပါတယ်။ယင်းကာလအတွင်းမှာရော်နယ်ဒိုဟာရီးရဲလ်မက်ဒရစ်အတွက်လာလီဂါပွဲ၁၀၆ပွဲကစားရာမှာဂိုး၁၂၀အထိသွင်းနိုင်ခဲ့ပါတယ်။ပေါ်တူဂီစတားဟာ၂၀၁၁-၁၂ရာသီမှာဂွါဒီယိုလာရဲ့ဘာစီလိုနာကိုကျော်ဖြတ်ပြီးလာလီဂါဖလားရအောင်ကူညီခဲ့ပါတယ်။

ZawGyi

မန္ယူရဲ႕ေရာ္နယ္ဒိုအေျပာင္းအေ႐ႊ႕မွာ အဘက္ဘက္မွ ေအာင္ျမင္တဲ့အေျပာင္းအေ႐ႊ႕ဟု ေမာ္ရင္ဟိုေျပာၾကား

မန္ယူနည္းျပေဟာင္းဟိုေဆးေမာ္ရင္ဟိုကခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕အိုးထရက္ဖို႔ဒ္တေက်ာ့ျပန္ခရီးမွာအဘက္ဘက္မွာေအာင္ျမင္တဲ့အေျပာင္းအေ႐ႊ႕တစ္ခုျဖစ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

အသက္၃၆ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္ယူသို႔ေပါင္သန္း၅၀တန္၂ႏွစ္စာခ်ဳပ္ျဖင့္ေျပာင္းရန္သေဘာတူညီမႈရရွိထားၿပီးျဖစ္ပါတယ္။

ေမာ္ရင္ဟိုက “ကြၽန္ေတာ္ဘက္ကေျပာႏိုင္တာကေတာ့ဂ်ဴဗင္တပ္လည္းေပ်ာ္တယ္။ေရာ္နယ္ဒိုလည္းေပ်ာ္တယ္။မန္ယူလည္းေပ်ာ္တယ္ဆိုရင္ၿပီးျပည့္စုံတဲ့လုပ္ေဆာင္မႈတစ္ခုျဖစ္ပါတယ္။ခရစၥတီယာႏိုနဲ႔ပတ္သက္ၿပီးဘာမွေျပာစရာမလိုပါဘူး။ႏွစ္ေပါင္း၂၀ေလာက္သမိုင္းေရးလာတဲ့သူတစ္ေယာက္နဲ႔ပတ္သက္ၿပီးဘယ္လိုကစားမယ္၊ႏိုင္မယ္၊ဂိုးသြင္းမယ္ဆိုတာနဲ႔ပတ္သက္ၿပီးေျပာစရာမလိုပါဘူး”လို႔ေျပာၾကားခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာရီးရဲလ္မက္ဒရစ္တြင္ေမာ္ရင္ဟိုႏွင့္၂၀၁၀ခုႏွစ္မွ၂၀၁၃ခုႏွစ္အထိလက္တြဲခဲ့ပါတယ္။ယင္းကာလအတြင္းမွာေရာ္နယ္ဒိုဟာရီးရဲလ္မက္ဒရစ္အတြက္လာလီဂါပြဲ၁၀၆ပြဲကစားရာမွာဂိုး၁၂၀အထိသြင္းႏိုင္ခဲ့ပါတယ္။ေပၚတူဂီစတားဟာ၂၀၁၁-၁၂ရာသီမွာဂြါဒီယိုလာရဲ႕ဘာစီလိုနာကိုေက်ာ္ျဖတ္ၿပီးလာလီဂါဖလားရေအာင္ကူညီခဲ့ပါတယ္။