မန်ယူရဲ့အပြောင်းအရွှေ့ကို မေးခွန်းထုတ်လိုက်တဲ့ ကြိုးကြာနီရဲ့ကလော့ပ်

လီဗာပူးနည်းပြဂျာဂင်ကလော့ပ်ဟာပရီးမီးယားလိဂ်ရာသီသစ်မစတင်မီယခုနွေရာသီတွင်မန်ယူရဲ့အပြောင်းအရွှေ့ဈေးကွက်လှုပ်ရှားမှုအပေါ်မေးခွန်းထုတ်လိုက်ပါတယ်။

မန်ယူဟာယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာဂျာဒွန်ဆန်ချိုနှင့်ရာဖေးလ်ဗာရိန်းတို့အားခေါ်ယူအားဖြည့်ထားပါတယ်။

လီဗာပူးကတော့ယခုနွေရာသီတွင်တစ်ခုတည်းသောကစားသမားခေါ်ယူမှုအဖြစ်အီဘရာဟမ်ကိုနိုက်ကိုခေါ်ယူထားပြီးဂျော့ဂျီနီယိုဝီနယ်ဒမ်အားပီအက်စ်ဂျီသို့ဆုံးရှုံးထားရပါတယ်။

ကလော့ပ်ဟာနွေရာသီအပြောင်းအရွှေ့ဈေးကွက်မပိတ်မီကွင်းလယ်ကစားသမားခေါ်ယူရန်စီစဉ်နေပြီးအက်သလက်တီကိုမှဆောလ်နီဂွက်ဇ်ရောက်လာဖို့ရှိနေပါတယ်။

တစ်ဖက်တွင်မန်စီးတီးဟာဂျက်ဂရဲလ်လစ်ရှ်အားပေါင်သန်း၁၀၀ဖြင့်ခေါ်ယူထားသလိုချဲလ်ဆီးကလည်းလူကာကူအားပေါင်၉၇.၅သန်းဖြင့်ခေါ်ယူထားပါတယ်။

သူဟာမန်စီးတီးနှင့်ချဲလ်ဆီးတို့ရဲ့ငွေကြေးများစွာသုံးနိုင်မှုအပေါ်သံသယမဝင်ပေမယ့်လည်းမန်ယူရဲ့ငွေကြေးများစွာသုံးစွဲနိုင်မှုအပေါ်မေးခွန်းထုတ်လာပါတယ်။

ကလော့ပ်က “ချဲလ်ဆီး၊စီးတီးနဲ့ပီအက်စ်ဂျီတို့ရဲ့အခြေအနေကိုသိပါတယ်။ဒါပေမယ့်မန်ယူကဘာလုပ်နေတာလဲ။သူတို့ဘယ်လိုခေါ်ယူလိုက်တာမသိပါဘူး။ကျွန်တော်တို့ကတော့ကိုယ့်နည်းကိုယ့်ဟန်နဲ့ဘဲခေါ်ယူပါတယ်။ကျွန်တော်တို့ကတော့ကိုယ်ရသလောက်ဘဲသုံးတယ်။အရင်ကလည်းဒီအတိုင်းပဲ။ပြီးခဲ့တဲ့ရာသီတုန်းကငွေကျန်လို့ကိုနိုက်ကိုခေါ်ယူခဲ့တာ။ကျွန်တော်တို့ကတော့ဘယ်အရာကိုအရဲစွန့်မလုပ်ဘူး”လို့ပြောကြားသွားပါတယ်။

လီဗာပူးဟာယခုအပတ်မှာပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ်နော့ဝှစ်ချ်နှင့်ရင်ဆိုင်ကစားရပါမယ်။

ZawGyi

မန္ယူရဲ႕အေျပာင္းအေ႐ႊ႕ကို ေမးခြန္းထုတ္လိုက္တဲ့ ႀကိဳးၾကာနီရဲ႕ကေလာ့ပ္

လီဗာပူးနည္းျပဂ်ာဂင္ကေလာ့ပ္ဟာပရီးမီးယားလိဂ္ရာသီသစ္မစတင္မီယခုေႏြရာသီတြင္မန္ယူရဲ႕အေျပာင္းအေ႐ႊ႕ေဈးကြက္လႈပ္ရွားမႈအေပၚေမးခြန္းထုတ္လိုက္ပါတယ္။

မန္ယူဟာယခုေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာဂ်ာဒြန္ဆန္ခ်ိဳႏွင့္ရာေဖးလ္ဗာရိန္းတို႔အားေခၚယူအားျဖည့္ထားပါတယ္။

လီဗာပူးကေတာ့ယခုေႏြရာသီတြင္တစ္ခုတည္းေသာကစားသမားေခၚယူမႈအျဖစ္အီဘရာဟမ္ကိုႏိုက္ကိုေခၚယူထားၿပီးေဂ်ာ့ဂ်ီနီယိုဝီနယ္ဒမ္အားပီအက္စ္ဂ်ီသို႔ဆုံးရႈံးထားရပါတယ္။

ကေလာ့ပ္ဟာေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္မပိတ္မီကြင္းလယ္ကစားသမားေခၚယူရန္စီစဥ္ေနၿပီးအက္သလက္တီကိုမွေဆာလ္နီဂြက္ဇ္ေရာက္လာဖို႔ရွိေနပါတယ္။

တစ္ဖက္တြင္မန္စီးတီးဟာဂ်က္ဂရဲလ္လစ္ရွ္အားေပါင္သန္း၁၀၀ျဖင့္ေခၚယူထားသလိုခ်ဲလ္ဆီးကလည္းလူကာကူအားေပါင္၉၇.၅သန္းျဖင့္ေခၚယူထားပါတယ္။

သူဟာမန္စီးတီးႏွင့္ခ်ဲလ္ဆီးတို႔ရဲ႕ေငြေၾကးမ်ားစြာသုံးႏိုင္မႈအေပၚသံသယမဝင္ေပမယ့္လည္းမန္ယူရဲ႕ေငြေၾကးမ်ားစြာသုံးစြဲႏိုင္မႈအေပၚေမးခြန္းထုတ္လာပါတယ္။

ကေလာ့ပ္က “ခ်ဲလ္ဆီး၊စီးတီးနဲ႔ပီအက္စ္ဂ်ီတို႔ရဲ႕အေျခအေနကိုသိပါတယ္။ဒါေပမယ့္မန္ယူကဘာလုပ္ေနတာလဲ။သူတို႔ဘယ္လိုေခၚယူလိုက္တာမသိပါဘူး။ကြၽန္ေတာ္တို႔ကေတာ့ကိုယ့္နည္းကိုယ့္ဟန္နဲ႔ဘဲေခၚယူပါတယ္။ကြၽန္ေတာ္တို႔ကေတာ့ကိုယ္ရသေလာက္ဘဲသုံးတယ္။အရင္ကလည္းဒီအတိုင္းပဲ။ၿပီးခဲ့တဲ့ရာသီတုန္းကေငြက်န္လို႔ကိုႏိုက္ကိုေခၚယူခဲ့တာ။ကြၽန္ေတာ္တို႔ကေတာ့ဘယ္အရာကိုအရဲစြန႔္မလုပ္ဘူး”လို႔ေျပာၾကားသြားပါတယ္။

လီဗာပူးဟာယခုအပတ္မွာပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္အျဖစ္ေနာ့ဝွစ္ခ်္ႏွင့္ရင္ဆိုင္ကစားရပါမယ္။