မန်ယူရှယ်ယာ ၉.၅သန်း အထိ ရောင်းချဦးမယ့် ဂလေဇာမိသားစု

ဂလေဇာမိသားစုဟာမန်ချက်စတာယူနိုက်တက်အသင်းရှယ်ယာ နောက်ထပ် ၉.၅ သန်းအထိ ရောင်းချလာဦးမှာဖြစ်ကြောင်းသိရပါတယ်။

မန်ယူအသင်းပိုင်ရှင်ဟာနယူးယော့ခ်စတော့အိတ်ချိန်းမှာရှယ်ယာတန်ဖိုးပေါင်၁၃၇သန်းဖိုးအထိရောင်းချလာဦးမှာဖြစ်ပါတယ်။

မန်ယူဟာရှယ်ယာတစ်ခုလျှင်ပေါင်၁၄.၄၃သတ်မှတ်ထားသော်လည်းရှယ်ယာပမာဏကြောင့် ယင်းထက်နည်းပါးတဲ့ဈေးနှုန်းဖြင့်ရောင်းချလာနိုင်ပါတယ်။

ယခုနောက်ဆုံးချလာမယ့်ရှယ်ယာပမာဏဟာမန်ယူအသင်းရဲ့ရှယ်ယာ၈ရာခိုင်နှုန်းခန့်အထိရှိနေပါတယ်။ဂလေဇာမိသားစုဟာယင်းသို့ရှယ်ယာများရောင်းချလာပေမယ့်လည်းရှယ်ယာ၆၉ ရာခိုင်နှုန်းကိုထိန်းချုပ်ထားဆဲဖြစ်ပါတယ်။

ဂလေဇာမိသားစုဟာပြီးခဲ့တဲ့မေလတုန်းကရှယ်ယာပေါင်သန်း၇၀ဖိုးအထိထုတ်ရောင်းချခဲ့ဖူးပါတယ်။၎င်းတို့ဟာမန်ယူရှယ်ယာများကိုရောင်းချနေပေမယ့်လည်းယင်းငွေများကကလပ်အတွက်မဟုတ်ဘဲ၎င်းတို့အတွက်ရောင်းချခြင်းမျှသာဖြစ်ပါတယ်။

ZawGyi





