မန်ယူရှုံးပွဲမှာနည်းပြဘဝအဆိုးရွားဆုံးအရှုံးဟုချဲလ်ဆီးနည်းပြတူချယ်ဖွင့်ဟ

သောမတ်စ်တူချယ်ကချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်တွင်မန်ယူအားရှုံးနိမ့်ခဲ့တဲ့အရှုံးမှာနည်းပြဘဝ တွင်အဆိုးရွားဆုံးအရှုံးဖြစ်ကြောင်းဖွင့်ဟပြောကြားလိုက်ပါတယ်။

၂၀၁၉ခုနှစ်၊မတ်လတုန်းကဆိုးရှားရဲ့မန်ယူဟာဒဏ်ရာပြဿနာများကြောင့်အိမ်ကွင်းတွင်ပီအက်စ်ဂျီကို၂-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။ဒါပေမယ့်မန်ယူဟာဒုတိယအကျော့မှာပီအက်စ်ဂျီကိုပြန်လည်အနိုင်ယူခဲ့ကာယင်းနိုင်ပွဲမှာဥရောပတွင်နာမည်ကျော်နိုင်ပွဲများထဲမှတစ်ခုလည်းဖြစ်လာခဲ့ပါတယ်။ယင်းပွဲအပြီးတွင်တူချယ်က အမှောင်ရပ်ဝန်းသို့တိုးဝင်နေခဲ့ရပြီဖြစ်ကြောင်းဖွင့်ဟသွားခဲ့ပါတယ်။

တူချယ်ရဲ့ချဲလ်ဆီးဟာမနက်ဖြန်တွင်ဆိုးလ်ရှားရဲ့မန်ယူနှင့်ရင်ဆိုင်ကစားရမှာဖြစ်ပြီးယင်းပွဲမှာချဲလ်ဆီးရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးအလွန်အရေးပါနေပါတယ်။

တူချယ်က “ပွဲပြီးမှာပြောခဲ့တဲ့ရိုးရိုးသားသားပြောခဲ့တာပါ။ကျွန်တော်ဟာနှစ်ရက်တိုင်တိုင်အမှောင်ထဲမှာ ရောက်နေခဲ့ပါတယ်။ဘယ်သူနဲ့မှစကားမပြောနိုင်ခဲ့ဘူး။အဲဒီရှုံးပွဲကလွဲပြီးဘာကိုမှမစဉ်းစားနိုင်ဘူး။ ကျွန်တော်ကြုံခဲ့ရသမျှရှုံးပွဲတွေထဲမှာအဆိုးရွားဆုံးပါ။နှစ်ရက်တိုင်တိုင်အမှောင်ထုထဲမှာရောက်နေခဲ့ပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

မန္ယူရႈံးပြဲမွာနည္းျပဘဝအဆိုး႐ြားဆုံးအရႈံးဟုခ်ဲလ္ဆီးနည္းျပတူခ်ယ္ဖြင့္ဟ

ေသာမတ္စ္တူခ်ယ္ကခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္တြင္မန္ယူအားရႈံးနိမ့္ခဲ့တဲ့အရႈံးမွာနည္းျပဘဝ တြင္အဆိုး႐ြားဆုံးအရႈံးျဖစ္ေၾကာင္းဖြင့္ဟေျပာၾကားလိုက္ပါတယ္။

၂၀၁၉ခုႏွစ္၊မတ္လတုန္းကဆိုးရွားရဲ႕မန္ယူဟာဒဏ္ရာျပႆနာမ်ားေၾကာင့္အိမ္ကြင္းတြင္ပီအက္စ္ဂ်ီကို၂-၀ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။ဒါေပမယ့္မန္ယူဟာဒုတိယအေက်ာ့မွာပီအက္စ္ဂ်ီကိုျပန္လည္အႏိုင္ယူခဲ့ကာယင္းႏိုင္ပြဲမွာဥေရာပတြင္နာမည္ေက်ာ္ႏိုင္ပြဲမ်ားထဲမွတစ္ခုလည္းျဖစ္လာခဲ့ပါတယ္။ယင္းပြဲအၿပီးတြင္တူခ်ယ္က အေမွာင္ရပ္ဝန္းသို႔တိုးဝင္ေနခဲ့ရၿပီျဖစ္ေၾကာင္းဖြင့္ဟသြားခဲ့ပါတယ္။

တူခ်ယ္ရဲ႕ခ်ဲလ္ဆီးဟာမနက္ျဖန္တြင္ဆိုးလ္ရွားရဲ႕မန္ယူႏွင့္ရင္ဆိုင္ကစားရမွာျဖစ္ၿပီးယင္းပြဲမွာခ်ဲလ္ဆီးရဲ႕ ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိေရးအလြန္အေရးပါေနပါတယ္။

တူခ်ယ္က “ပြဲၿပီးမွာေျပာခဲ့တဲ့႐ိုး႐ိုးသားသားေျပာခဲ့တာပါ။ကြၽန္ေတာ္ဟာႏွစ္ရက္တိုင္တိုင္အေမွာင္ထဲမွာ ေရာက္ေနခဲ့ပါတယ္။ဘယ္သူနဲ႔မွစကားမေျပာႏိုင္ခဲ့ဘူး။အဲဒီရႈံးပြဲကလြဲၿပီးဘာကိုမွမစဥ္းစားႏိုင္ဘူး။ ကြၽန္ေတာ္ႀကဳံခဲ့ရသမွ်ရႈံးပြဲေတြထဲမွာအဆိုး႐ြားဆုံးပါ။ႏွစ္ရက္တိုင္တိုင္အေမွာင္ထုထဲမွာေရာက္ေနခဲ့ပါတယ္”လို႔ေျပာၾကားသြားပါတယ္။