မန်ယူလူငယ်ပါရမီရှင်မီဘရီနှင့်ရှိုးတိုင်းတို့ ဆိုးလ်ရှားရဲ့ပထမအသင်းသို့ ဆင့်ခေါ်ခြင်းခံရ

အိုလီဂန်းနားဆိုးလ်ရှားဟာမန်ယူယူ-၂၃အသင်းတွင်ခြေစွမ်းပြကစားလျက်ရှိတဲ့လူငယ်ပါရမီရှင်ကစားသမားများ ဖြစ်ကြတဲ့ဟန်နီဘယ်မီဘရီနှင့်ရှိုလာရှိုးတိုင်းတို့အားပထမအသင်းသို့ဆင့်ခေါ်လိုက်ပါတယ်။

မန်ယူနည်းပြဟာယူ-၂၃အသင်းတွင်ခြေစွမ်းပြကစားနေမှုကြောင့်လူငယ်ကစားသမားများကိုအသင်းကြီးသို့ ခေါ်ဆောင်လိုက်တာလည်းဖြစ်ပါတယ်။

အသက်၁၈နှစ်ရှိမီဘရီမှာကွင်းလယ်ဖန်တီးရှင်တစ်ဦးဖြစ်ပြီးပြင်သစ်ရဲ့အလားအလာအကောင်းဆုံးလူငယ်များထဲမှ တစ်ဦးဖြစ်ကာပြင်သစ်လူငယ်လက်ရွေးစင်များတွင်ကစားခွင့်ရရှိနေသူဖြစ်ပါတယ်။အခြားတစ်ဖက်တွင်အသက်၁၇နှစ်ရှိအင်္ဂလန်တောင်ပံကစားသမားရှိုးတိုင်းမှာလည်းဘလက်ဘန်းနှင့်ယူ-၂၃ပွဲတွင်ဟက်ထရစ်သွင်းခဲ့ပြီးနောက် မကြာသေးမီကမှပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုခြင်းခံခဲ့ရသူဖြစ်ပါတယ်။

ယခုအခါမန်ယူအကယ်ဒမီထွက်ကစားသမားနှစ်ဦးတို့ဟာမန်ယူအသင်းကြီးမှဘရူနိုဖာနန်ဒက်စ်၊မားကပ်စ်ရပ်ရှ်ဖို့ဒ်၊ ပေါလ်ပေါ့ဘာတို့နဲ့အတူတူလေ့ကျင့်ခန်းဆင်းခွင့်ရရှိလာပြီဖြစ်ပါတယ်။

မန်ယူဟာမကြာသေးမီတုန်းကလည်းယူ-၂၃အသင်းတွင်ခြေစွမ်းပြကစားနေတဲ့ဟယ်ရီကိန်းလက်သစ်အဖြစ်နာ မည်ကြီးနေတဲ့ဂျိုးဟူဂေးလ်ကိုလည်းအသင်းကြီးသို့ဆင့်ခေါ်ထားပါတယ်။

အခြားတစ်ဖက်တွင်မန်ယူကွင်းလယ်ကစားသမားပေါ့ဘာမှာတနင်္ဂနွေနေ့တွင်ကစားမယ့်ဝက်စ်ဘရွန်းနှင့်ပရီးမီးယားလိဂ်အဝေးကွင်းပွဲကိုလွဲမှာဖြစ်ပြီးနောက်ခံလူအဲရစ်ဘိုင်လီပါဝင်ကစားဖို့အသင့်ဖြစ်နေပြီဖြစ်ပါတယ်။

ZawGyi

မန္ယူလူငယ္ပါရမီရွင္မီဘရီႏွင့္ရႈိးတိုင္းတို႔ ဆိုးလ္ရွားရဲ႕ပထမအသင္းသို႔ ဆင့္ေခၚျခင္းခံရ

အိုလီဂန္းနားဆိုးလ္ရွားဟာမန္ယူယူ-၂၃အသင္းတြင္ေျခစြမ္းျပကစားလ်က္ရွိတဲ့လူငယ္ပါရမီရွင္ကစားသမားမ်ား ျဖစ္ၾကတဲ့ဟန္နီဘယ္မီဘရီႏွင့္ရႈိလာရႈိးတိုင္းတို႔အားပထမအသင္းသို႔ဆင့္ေခၚလိုက္ပါတယ္။

မန္ယူနည္းျပဟာယူ-၂၃အသင္းတြင္ေျခစြမ္းျပကစားေနမႈေၾကာင့္လူငယ္ကစားသမားမ်ားကိုအသင္းႀကီးသို႔ ေခၚေဆာင္လိုက္တာလည္းျဖစ္ပါတယ္။

အသက္၁၈ႏွစ္ရွိမီဘရီမွာကြင္းလယ္ဖန္တီးရွင္တစ္ဦးျဖစ္ၿပီးျပင္သစ္ရဲ႕အလားအလာအေကာင္းဆုံးလူငယ္မ်ားထဲမွ တစ္ဦးျဖစ္ကာျပင္သစ္လူငယ္လက္ေ႐ြးစင္မ်ားတြင္ကစားခြင့္ရရွိေနသူျဖစ္ပါတယ္။အျခားတစ္ဖက္တြင္အသက္၁၇ႏွစ္ရွိအဂၤလန္ေတာင္ပံကစားသမားရႈိးတိုင္းမွာလည္းဘလက္ဘန္းႏွင့္ယူ-၂၃ပြဲတြင္ဟက္ထရစ္သြင္းခဲ့ၿပီးေနာက္ မၾကာေသးမီကမွပေရာ္ဖက္ရွင္နယ္စာခ်ဳပ္ခ်ဳပ္ဆိုျခင္းခံခဲ့ရသူျဖစ္ပါတယ္။

ယခုအခါမန္ယူအကယ္ဒမီထြက္ကစားသမားႏွစ္ဦးတို႔ဟာမန္ယူအသင္းႀကီးမွဘ႐ူႏိုဖာနန္ဒက္စ္၊မားကပ္စ္ရပ္ရွ္ဖို႔ဒ္၊ ေပါလ္ေပါ့ဘာတို႔နဲ႔အတူတူေလ့က်င့္ခန္းဆင္းခြင့္ရရွိလာၿပီျဖစ္ပါတယ္။

မန္ယူဟာမၾကာေသးမီတုန္းကလည္းယူ-၂၃အသင္းတြင္ေျခစြမ္းျပကစားေနတဲ့ဟယ္ရီကိန္းလက္သစ္အျဖစ္နာ မည္ႀကီးေနတဲ့ဂ်ိဳးဟူေဂးလ္ကိုလည္းအသင္းႀကီးသို႔ဆင့္ေခၚထားပါတယ္။

အျခားတစ္ဖက္တြင္မန္ယူကြင္းလယ္ကစားသမားေပါ့ဘာမွာတနဂၤေႏြေန႔တြင္ကစားမယ့္ဝက္စ္ဘ႐ြန္းႏွင့္ပရီးမီးယားလိဂ္အေဝးကြင္းပြဲကိုလြဲမွာျဖစ္ၿပီးေနာက္ခံလူအဲရစ္ဘိုင္လီပါဝင္ကစားဖို႔အသင့္ျဖစ္ေနၿပီျဖစ္ပါတယ္။