မန်ယူလူငယ်ပါရမီရှင်အာရှနွယ်ဖွားကို အင်္ဂလန်လက်လွှတ်ရဖို့ရှိနေ၊ပြိုင်ဘက်နိုင်ငံက လက်ဦးမှုရယူရန်ကြိုးပမ်းနေ

ဂါရတ်ဆောက်ဂိတ်ဟာမန်ချက်စတာယူနိုက်တက်ပါရမီရှင်ဇီဒင်းအိုင်ကျူဘယ်ကိုအီရတ်ဘောလုံးအဖွဲ့ချုပ်ကအီရတ်လက်ရွေးစင်အတွက်ကစားရန်ကြိုးပမ်းလာမှုနဲ့အတူ လက်လွှတ်ဆုံးရှုံးရဖို့ရှိနေပါတယ်။

အိုင်ကျူဘယ်ကိုမန်ချက်စတာတွင်မွေးဖွားတာဖြစ်ပြီးအီရန်ယူ-၂၃အသင်းမှာရွေးချယ်ခံထားရပြီးဖြစ်ကာအောက်တိုဘာလတုန်းကအနောက်အာရှဘောလုံးအဖွဲ့ချုပ်ဖလားပြိုင်ပွဲတွင်ကစားထားပြီးလည်းဖြစ်ပါတယ်။

အိုင်ကျူဘယ်ဟာယူအေအီးနှင့်ပွဲတွင်ပါဝင်ကစားခဲ့ပါတယ်။အသက်၁၈နှစ်ရှိကွင်းလယ်ကစားသမားဟာအသင်းခေါင်းဆောင်အဖြစ်ပါခန့်အပ်ခြင်းခံခဲ့ရပြီးလက်ဘနွန်နှင့်ပွဲတွင်ဂိုးပါသွင်းနိုင်ခဲ့ပါတယ်။

ဒါပေမယ့်ယူနိုက်တက်အလယ်တန်းကစားသမားဟာလက်ရွေးစင်အသင်းကြီးအဆင့်တွင်အင်္ဂလန်၊အီရတ်(သို့မဟုတ်)ပါကစ္စတန်တို့အတွက်ကစားခွင့်ရှိနေဆဲဖြစ်ပါတယ်။

Sky Sports ရဲ့ဖော်ပြချက်အရအီရန်ဘောလုံးအဖွဲ့ချုပ်ဟာသူ့ကိုလက်ရွေးစင်အသင်းကြီးအတွက်ပါကစားရန်အတွက်ကြိုးပမ်းမှုပြုလုပ်လာကြောင်းသိရပါတယ်။

အိုင်ကျူဘယ်ကိုအီရတ်မိခင်၊ပါကစ္စတန်ဖခင်တို့မှမွေးဖွားလာသူဖြစ်ပြီးသူဟာပြီးခဲ့တဲ့ဩဂုတ်လတုန်းကမန်ချက်စတာယူနိုက်တက်နှင့်ပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုခဲ့သူလည်းဖြစ်ပါတယ်။

သူဟာမန်ယူယူ-၂၃အသင်းမှာပုံမှန်ကစားခွင့်ရရှိနေသူဖြစ်ပြီးပြီးခဲ့တဲ့လတုန်းကဆန်းဒါးလန်းနှင့်EFL Trophyပွဲတွင်ဂိုးသွင်းခဲ့တဲ့အပြင်အတ္တလန္တာအား၄-၂ဂိုးဖြင့်အနိုင်ရရှိတဲ့မန်ယူယူ-၁၉ ရဲ့UEFA Youth Leagueတွင်လည်းဂိုးသွင်းနိုင်ခဲ့ပါတယ်။

မန်ယူလူငယ်ကစားသမားဟာရီးရဲလ်မက်ဒရစ်နှင့်အာဆင်နယ်ကစားသမားဟောင်းမီဆတ်အိုဇေးလ်ကိုအထူးလေးစားအားကျသူလည်းဖြစ်ပါတယ်။

၎င်းက “မီဆတ်အိုဇေးလ်ပါ။သူကလည်းကျွန်တော်မွတ်စလင်တစ်ဦးပါ။အခြားမွတ်စလင်ဘောလုံးသမားတစ်ဦးမြင်ရတာကောင်းပါတယ်။တစ်ယောက်နဲ့တစ်ယောက်လျှောက်လှမ်းရတဲ့လမ်းကတော့မတူပါဘူး။အလွယ်တကူပြောတာမဟုတ်ပါဘူး။ရိုလာကိုစတာလိုပါပဲ။နိမ့်လိုက်မြင့်လိုက်နဲ့ပါ။ခင်ဗျားအနေနဲ့ပျော်ပျော်ကြီးစီးရုံပဲ။ကျွန်တော်ကအလုပ်ကြိုးစားတဲ့မိသားစုကပေါက်ဖွားလာသူပါ။ကျွန်တော့်မိဘတွေကအရမ်းအလုပ်ကြိုးစားတယ်။အစ်ကိုရောအဘိုးအဘွားတွေရောပါ။သူတို့ကကျွန်တော့်ရဲ့အကောင်းဆုံးတွေလုပ်လာအောင်စိတ်လှုံဆော်ပေးတဲ့သူတွေပါ”လို့ပြောကြားသွားပါတယ်။

ZawGyi

မန္ယူလူငယ္ပါရမီရွင္အာရွႏြယ္ဖြားကို အဂၤလန္လက္လႊတ္ရဖို႔ရွိေန၊ၿပိဳင္ဘက္ႏိုင္ငံက လက္ဦးမႈရယူရန္ႀကိဳးပမ္းေန

ဂါရတ္ေဆာက္ဂိတ္ဟာမန္ခ်က္စတာယူႏိုက္တက္ပါရမီရွင္ဇီဒင္းအိုင္က်ဴဘယ္ကိုအီရတ္ေဘာလုံးအဖြဲ႕ခ်ဳပ္ကအီရတ္လက္ေ႐ြးစင္အတြက္ကစားရန္ႀကိဳးပမ္းလာမႈနဲ႔အတူ လက္လႊတ္ဆုံးရႈံးရဖို႔ရွိေနပါတယ္။

အိုင္က်ဴဘယ္ကိုမန္ခ်က္စတာတြင္ေမြးဖြားတာျဖစ္ၿပီးအီရန္ယူ-၂၃အသင္းမွာေ႐ြးခ်ယ္ခံထားရၿပီးျဖစ္ကာေအာက္တိုဘာလတုန္းကအေနာက္အာရွေဘာလုံးအဖြဲ႕ခ်ဳပ္ဖလားၿပိဳင္ပြဲတြင္ကစားထားၿပီးလည္းျဖစ္ပါတယ္။

အိုင္က်ဴဘယ္ဟာယူေအအီးႏွင့္ပြဲတြင္ပါဝင္ကစားခဲ့ပါတယ္။အသက္၁၈ႏွစ္ရွိကြင္းလယ္ကစားသမားဟာအသင္းေခါင္းေဆာင္အျဖစ္ပါခန႔္အပ္ျခင္းခံခဲ့ရၿပီးလက္ဘႏြန္ႏွင့္ပြဲတြင္ဂိုးပါသြင္းႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္ယူႏိုက္တက္အလယ္တန္းကစားသမားဟာလက္ေ႐ြးစင္အသင္းႀကီးအဆင့္တြင္အဂၤလန္၊အီရတ္(သို႔မဟုတ္)ပါကစၥတန္တို႔အတြက္ကစားခြင့္ရွိေနဆဲျဖစ္ပါတယ္။

Sky Sports ရဲ႕ေဖာ္ျပခ်က္အရအီရန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာသူ႔ကိုလက္ေ႐ြးစင္အသင္းႀကီးအတြက္ပါကစားရန္အတြက္ႀကိဳးပမ္းမႈျပဳလုပ္လာေၾကာင္းသိရပါတယ္။

အိုင္က်ဴဘယ္ကိုအီရတ္မိခင္၊ပါကစၥတန္ဖခင္တို႔မွေမြးဖြားလာသူျဖစ္ၿပီးသူဟာၿပီးခဲ့တဲ့ဩဂုတ္လတုန္းကမန္ခ်က္စတာယူႏိုက္တက္ႏွင့္ပေရာ္ဖက္ရွင္နယ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့သူလည္းျဖစ္ပါတယ္။

သူဟာမန္ယူယူ-၂၃အသင္းမွာပုံမွန္ကစားခြင့္ရရွိေနသူျဖစ္ၿပီးၿပီးခဲ့တဲ့လတုန္းကဆန္းဒါးလန္းႏွင့္EFL Trophyပြဲတြင္ဂိုးသြင္းခဲ့တဲ့အျပင္အတၱလႏၲာအား၄-၂ဂိုးျဖင့္အႏိုင္ရရွိတဲ့မန္ယူယူ-၁၉ ရဲ႕UEFA Youth Leagueတြင္လည္းဂိုးသြင္းႏိုင္ခဲ့ပါတယ္။

မန္ယူလူငယ္ကစားသမားဟာရီးရဲလ္မက္ဒရစ္ႏွင့္အာဆင္နယ္ကစားသမားေဟာင္းမီဆတ္အိုေဇးလ္ကိုအထူးေလးစားအားက်သူလည္းျဖစ္ပါတယ္။

၎က “မီဆတ္အိုေဇးလ္ပါ။သူကလည္းကြၽန္ေတာ္မြတ္စလင္တစ္ဦးပါ။အျခားမြတ္စလင္ေဘာလုံးသမားတစ္ဦးျမင္ရတာေကာင္းပါတယ္။တစ္ေယာက္နဲ႔တစ္ေယာက္ေလွ်ာက္လွမ္းရတဲ့လမ္းကေတာ့မတူပါဘူး။အလြယ္တကူေျပာတာမဟုတ္ပါဘူး။႐ိုလာကိုစတာလိုပါပဲ။နိမ့္လိုက္ျမင့္လိုက္နဲ႔ပါ။ခင္ဗ်ားအေနနဲ႔ေပ်ာ္ေပ်ာ္ႀကီးစီး႐ုံပဲ။ကြၽန္ေတာ္ကအလုပ္ႀကိဳးစားတဲ့မိသားစုကေပါက္ဖြားလာသူပါ။ကြၽန္ေတာ့္မိဘေတြကအရမ္းအလုပ္ႀကိဳးစားတယ္။အစ္ကိုေရာအဘိုးအဘြားေတြေရာပါ။သူတို႔ကကြၽန္ေတာ့္ရဲ႕အေကာင္းဆုံးေတြလုပ္လာေအာင္စိတ္လႈံေဆာ္ေပးတဲ့သူေတြပါ”လို႔ေျပာၾကားသြားပါတယ္။