မန်ယူလေ့ကျင့်ရေးကွင်းသို့ လာရောက်ကာ ဆိုးလ်ရှားနှင့် တွေ့ဆုံခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာယနေ့မှာမန်ချက်စတာယူနိုက်တက်ရဲ့ကာရင်တန်လေ့ကျင့်ရေးကွင်းသို့ရောက်လာခဲ့ပါတယ်။သူဟာပွဲပယ်ပြစ်ဒဏ်ကြောင့်ယနေ့ညအဇာဘိုင်ဂျန်နဲ့ကစားရမယ့်ပေါ်တူဂီရဲ့ပွဲမှာမပါဝင်နိုင်မှုနဲ့အတူပေါ်တူဂီအသင်းမှနုတ်ထွက်ခွင့်ရခဲ့ပါတယ်။

သူဟာပြီးခဲ့တဲ့အပတ်ကတည်းကမန်ချက်စတာသို့ရောက်လာခဲ့သူဖြစ်ပြီးကွာရန်တင်းငါးရက်စေ့ပြီးနောက်မန်ယူရဲ့လေ့ကျင့်ရေးကွင်းသို့လာရောက်ကာကစားဖော်ဟောင်းဖြစ်တဲ့မန်ယူနည်းပြအိုလီဂန်းနားဆိုးလ်ရှားနဲ့တွေ့ဆုံခဲ့ပါတယ်။

ဆိုးလ်ရှားဟာရော်နယ်ဒိုနှင့်စကားအနည်းငယ်ပြောပြီးနောက်မန်ယူကစားဖော်သစ်များနှင့်မိတ်ဆက်ပေးခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာလာမယ့်စနေနေ့မှာအိုးထရက်ဖို့ဒ်ကွင်းမှာနယူးကာဆယ်နှင့်ကစားရမယ့်ပွဲမှာမန်ယူအတွက်ပထမဆုံးပွဲကိုကစားလာနိုင်ပါတယ်။တစ်ဖက်တွင်သူဟာယင်းပွဲမှာပါဝင်မကစားဘဲလာမယ့်အင်္ဂါနေ့မှာဆွစ်ဇာလန်ကလပ်ယန်းဘွိုင်းနှင့်ချန်ပီယံလိဂ်ပွဲစဉ်မှာစတင်ပွဲထွက်လာမယ်လို့လည်းသတင်းထွက်နေပါတယ်။

သူဟာယနေ့မှာကာရစ်တန်လေ့ကျင့်ရေးကွင်းမှာလေ့ကျင့်ခန်းဆင်းမှုပြုလုပ်ခဲ့ပေမယ့်မန်ယူရဲ့အဓိကကစားသမားအများစုမှာနိုင်ငံတကာပွဲကစားရန်အဝေးရောက်နေမှုကြောင့်ကစားသမားအချို့နဲ့သာတွေ့ဆုံခဲ့ရပါတယ်။

ZawGyi

မန္ယူေလ့က်င့္ေရးကြင္းသို႔ လာေရာက္ကာ ဆိုးလ္ရွားႏွင့္ ေတြ႕ဆုံခဲ့တဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယေန႔မွာမန္ခ်က္စတာယူႏိုက္တက္ရဲ႕ကာရင္တန္ေလ့က်င့္ေရးကြင္းသို႔ေရာက္လာခဲ့ပါတယ္။သူဟာပြဲပယ္ျပစ္ဒဏ္ေၾကာင့္ယေန႔ညအဇာဘိုင္ဂ်န္နဲ႔ကစားရမယ့္ေပၚတူဂီရဲ႕ပြဲမွာမပါဝင္ႏိုင္မႈနဲ႔အတူေပၚတူဂီအသင္းမွႏုတ္ထြက္ခြင့္ရခဲ့ပါတယ္။

သူဟာၿပီးခဲ့တဲ့အပတ္ကတည္းကမန္ခ်က္စတာသို႔ေရာက္လာခဲ့သူျဖစ္ၿပီးကြာရန္တင္းငါးရက္ေစ့ၿပီးေနာက္မန္ယူရဲ႕ေလ့က်င့္ေရးကြင္းသို႔လာေရာက္ကာကစားေဖာ္ေဟာင္းျဖစ္တဲ့မန္ယူနည္းျပအိုလီဂန္းနားဆိုးလ္ရွားနဲ႔ေတြ႕ဆုံခဲ့ပါတယ္။

ဆိုးလ္ရွားဟာေရာ္နယ္ဒိုႏွင့္စကားအနည္းငယ္ေျပာၿပီးေနာက္မန္ယူကစားေဖာ္သစ္မ်ားႏွင့္မိတ္ဆက္ေပးခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာလာမယ့္စေနေန႔မွာအိုးထရက္ဖို႔ဒ္ကြင္းမွာနယူးကာဆယ္ႏွင့္ကစားရမယ့္ပြဲမွာမန္ယူအတြက္ပထမဆုံးပြဲကိုကစားလာႏိုင္ပါတယ္။တစ္ဖက္တြင္သူဟာယင္းပြဲမွာပါဝင္မကစားဘဲလာမယ့္အဂၤါေန႔မွာဆြစ္ဇာလန္ကလပ္ယန္းဘြိဳင္းႏွင့္ခ်န္ပီယံလိဂ္ပြဲစဥ္မွာစတင္ပြဲထြက္လာမယ္လို႔လည္းသတင္းထြက္ေနပါတယ္။

သူဟာယေန႔မွာကာရစ္တန္ေလ့က်င့္ေရးကြင္းမွာေလ့က်င့္ခန္းဆင္းမႈျပဳလုပ္ခဲ့ေပမယ့္မန္ယူရဲ႕အဓိကကစားသမားအမ်ားစုမွာႏိုင္ငံတကာပြဲကစားရန္အေဝးေရာက္ေနမႈေၾကာင့္ကစားသမားအခ်ိဳ႕နဲ႔သာေတြ႕ဆုံခဲ့ရပါတယ္။