မန်ယူဝတ်စုံသစ်နဲ့ ရော်နယ်ဒိုရဲ့ပထမဆုံးဓာတ်ပုံများကို ပြသလာတဲ့ မန်ယူ၊ ကျောနံပါတ်ကို အသိမပေးသေး

မန်ယူဟာကလပ်ရဲ့နာမည်ကျော်အနီရောင်ဝတ်စုံကိုဝတ်ဆင်ထားတဲ့ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ဓာတ်ပုံများကိုပရိသတ်များကိုပြသလာပါတယ်။

ဒါပေမယ့်မန်ယူဟာခရစ္စတီယာနိုရော်နယ်ဒိုဘယ်ကျောနံပါတ်ကိုဝတ်ဆင်မလဲဆိုတာကိုတော့ပရိသတ်များကိုအသိမပေးသေးပါဘူး။

ပေါ်တူဂီအသင်းခေါင်းဆောင်ဟာယခုနွေရာသီတွင်ဂျူဗင်တပ်မှမန်ယူသို့ရောက်လာခဲ့သူဖြစ်ပါတယ်။မန်ယူဟာအပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးရက်မှာခရစ္စတီယာနိုရော်နယ်ဒိုအားအပြီးသတ်ခေါ်ယူပြီးနောက်အသင်းဝတ်စုံဝတ်ဆင်ထားတဲ့ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ပထမဆုံးဓာတ်ပုံများကိုတင်လာပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ဓာတ်ပုံများတွင်ကျောဘက်ကိုရိုက်ကူးထားတဲ့ဓာတ်ပုံမပါဝင်ပါဘူး။ဒီတော့သူဝတ်ဆင်လာမယ့်ကျောနံပါတ်ကိုမသိရသေးပါဘူး။

ကလပ်ဟာပရီးမီးယားလိဂ်ဘက်ကရော်နယ်ဒိုအားကျောနံပါတ်၇ဝတ်ဆင်ခွင့်ပေး/မပေးခွင့်ပြုချက်စောင့်ဆိုင်းနေပါတယ်။

လက်ရှိအချိန်တွင်အက်ဒီဆင်ကာဗာနီကကျောနံပါတ်၇ကိုဝတ်ဆင်ထားပြီးဝုဗ်နှင့်ပွဲမှာဝင်ရောက်ကစားထားပြီးဖြစ်ပါတယ်။ယင်းသို့အနေအထားကြောင့်ပရီးမီးယားလိဂ်ဟာကာဗာနီရဲ့ကျောနံပါတ်ကိုရော်နယ်ဒိုအားလွဲပြောင်းပေးနိုင်ရေးအပေါ်စဉ်းစားနေပါတယ်။

ZawGyi

မန္ယူဝတ္စုံသစ္နဲ႔ ေရာ္နယ္ဒိုဓာတ္ပုံမ်ားကို ပထမဆုံးတင္လာတဲ့ မန္ယူ၊ ေက်ာနံပါတ္ကို အသိမေပးေသး

မန္ယူဟာကလပ္ရဲ႕နာမည္ေက်ာ္အနီေရာင္ဝတ္စုံကိုဝတ္ဆင္ထားတဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ဓာတ္ပုံမ်ားကိုပရိသတ္မ်ားကိုျပသလာပါတယ္။

ဒါေပမယ့္မန္ယူဟာခရစၥတီယာႏိုေရာ္နယ္ဒိုဘယ္ေက်ာနံပါတ္ကိုဝတ္ဆင္မလဲဆိုတာကိုေတာ့ပရိသတ္မ်ားကိုအသိမေပးေသးပါဘူး။

ေပၚတူဂီအသင္းေခါင္းေဆာင္ဟာယခုေႏြရာသီတြင္ဂ်ဴဗင္တပ္မွမန္ယူသို႔ေရာက္လာခဲ့သူျဖစ္ပါတယ္။မန္ယူဟာအေျပာင္းအေ႐ႊ႕ေဈးကြက္ေနာက္ဆုံးရက္မွာခရစၥတီယာႏိုေရာ္နယ္ဒိုအားအၿပီးသတ္ေခၚယူၿပီးေနာက္အသင္းဝတ္စုံဝတ္ဆင္ထားတဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ပထမဆုံးဓာတ္ပုံမ်ားကိုတင္လာပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ဓာတ္ပုံမ်ားတြင္ေက်ာဘက္ကို႐ိုက္ကူးထားတဲ့ဓာတ္ပုံမပါဝင္ပါဘူး။ဒီေတာ့သူဝတ္ဆင္လာမယ့္ေက်ာနံပါတ္ကိုမသိရေသးပါဘူး။

ကလပ္ဟာပရီးမီးယားလိဂ္ဘက္ကေရာ္နယ္ဒိုအားေက်ာနံပါတ္၇ဝတ္ဆင္ခြင့္ေပး/မေပးခြင့္ျပဳခ်က္ေစာင့္ဆိုင္းေနပါတယ္။

လက္ရွိအခ်ိန္တြင္အက္ဒီဆင္ကာဗာနီကေက်ာနံပါတ္၇ကိုဝတ္ဆင္ထားၿပီးဝုဗ္ႏွင့္ပြဲမွာဝင္ေရာက္ကစားထားၿပီးျဖစ္ပါတယ္။ယင္းသို႔အေနအထားေၾကာင့္ပရီးမီးယားလိဂ္ဟာကာဗာနီရဲ႕ေက်ာနံပါတ္ကိုေရာ္နယ္ဒိုအားလြဲေျပာင္းေပးႏိုင္ေရးအေပၚစဥ္းစားေနပါတယ္။