မန်ယူသမိုင်းတစ်လျှောက် အကောင်းဆုံးကျောနံပါတ် ၇ ကစားသမားက ဘယ်သူလဲ?

မန်ယူဂန္ထဝင်ကစားသမားဘရိုင်ယန်ရော့ဘ်ဆင်ဟာမန်ယူသမိုင်းတစ်လျှောက်အကောင်းဆုံးကျောနံပါတ်၇ပိုင်ရှင်ကိုရွေးချယ်လာပါတယ်။

ရော့ဘ်ဆင်ဟာအိုးထရက်ဖို့ဒ်တွင် Captain Marvel အမည်ဖြင့်နာမည်ကြီးခဲ့သူဖြစ်ပြီးကလပ်ကိုအခက်အခဲကြားထဲမှာဆွဲတင်ကာပရီးမီးယားလိဂ်ဖလားနှစ်ကြိမ်ရအောင်ဦးဆောင်ခဲ့သူလည်းဖြစ်ပါတယ်။

ရော့ဘ်ဆင်ဟာမန်ယူကစားသမားများရဲ့မဲအဆုံးအဖြတ်ဖြင့်ကလပ်သမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားအဖြစ်ရွေးချယ်ခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။

ဒါပေမယ့်အသက်၆၄နှစ်ရှိရော့ဘ်ဆင်ဟာကိုယ်တိုင်ကျောနံပါတ် ၇ကိုဝတ်ဆင်ခဲ့ပေမယ့်မန်ယူသမိုင်းတစ်လျှောက်အကောင်းဆုံးကျောနံပါတ်၇ကစားသမားစာရင်းမှာသူကိုယ်သူထိပ်ဆုံး၃ဦးစာရင်းမှာတောင်မထည့်သွင်းခဲ့ပါဘူး။

ရော့ဘ်ဆင်ကမန်ယူသမိုင်းတစ်လျှောက်အကောင်းဆုံးကျောနံပါတ်၇ပိုင်ရှင်အဖြစ်လက်ရှိဝတ်ဆင်နေတဲ့ခရစ္စတီယာနိုရော်နယ်ဒိုကိုရွေးချယ်သွားခဲ့ပါတယ်။

မန်ယူအသင်းခေါင်းဆောင်ဟောင်းက “ခရစ္စတီယာနိုရော်နယ်ဒိုပါ။မေးစရာတောင်မလိုပါဘူး။နံပါတ်၂ကအဲရစ်ကန်တိုနာပါ။အရမ်းအရေးပါတဲ့ကာလမှာကလပ်သို့သူဟာအင်မတန်ကြီးကျယ်တာတွေယူဆောင်လာခဲ့ပါတယ်။နံပါတ်၃ကဂျော့ဘတ်စ်။ကျောနံပါတ်၇ဝတ်ဆင်သူတွေထဲမှာမှော်ဆန်တဲ့သူပါ။နံပါတ်၄ကရော့ဘ်ဆင်။ကျွန်တော်ဖြစ်မယ်ထင်တယ်။နံပါတ်၅ကစတီဗင်ကော့ဝဲလ်။ဆိုးရွားတဲ့ဒဏ်ရာမရခင်တဲ့အထိသူကတကယ့်ကိုကောင်းတဲ့ကစားသမားပါ။နံပါတ်၇ကဒေးဗစ်ဘက်ဟမ်းပါ။မန်ချက်စတာ၊အင်္ဂလိပ်နဲ့ကမ္ဘာ့ဘောလုံးလောကအတွက်သူလုပ်ပေးခဲ့တာတွေအတွက်ရွေးချယ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ယူတွင်ပထမအကြိမ်ကစားခဲ့စဉ်တုန်းက ပရီးမီးယားလိဂ်ဖလား၃ကြိမ်နှင့်ချန်ပီယံလိဂ်၁ကြိမ်ဆွတ်ခူးနိုင်ခဲ့တဲ့အပြင် Ballon d’Or ဆုလည်းဆွတ်ခူးနိုင်ခဲ့ပါတယ်။

သူဟာနွေရာသီတွင်မန်ယူသို့တကျော့ပြန်ရောက်လာပြီးနောက်အကောင်းဆုံးပုံစံဖြင့်ဆက်လက်ကစားနေပြီး၁၂ပွဲတွင်၉ဂိုးသွင်းယူထားနိုင်ပါတယ်။

ZawGyi

မန္ယူသမိုင္းတစ္ေလွ်ာက္ အေကာင္းဆုံးေက်ာနံပါတ္ ၇ ကစားသမားက ဘယ္သူလဲ?

မန္ယူဂႏၴဝင္ကစားသမားဘ႐ိုင္ယန္ေရာ့ဘ္ဆင္ဟာမန္ယူသမိုင္းတစ္ေလွ်ာက္အေကာင္းဆုံးေက်ာနံပါတ္၇ပိုင္ရွင္ကိုေ႐ြးခ်ယ္လာပါတယ္။

ေရာ့ဘ္ဆင္ဟာအိုးထရက္ဖို႔ဒ္တြင္ Captain Marvel အမည္ျဖင့္နာမည္ႀကီးခဲ့သူျဖစ္ၿပီးကလပ္ကိုအခက္အခဲၾကားထဲမွာဆြဲတင္ကာပရီးမီးယားလိဂ္ဖလားႏွစ္ႀကိမ္ရေအာင္ဦးေဆာင္ခဲ့သူလည္းျဖစ္ပါတယ္။

ေရာ့ဘ္ဆင္ဟာမန္ယူကစားသမားမ်ားရဲ႕မဲအဆုံးအျဖတ္ျဖင့္ကလပ္သမိုင္းတစ္ေလွ်ာက္အေကာင္းဆုံးကစားသမားအျဖစ္ေ႐ြးခ်ယ္ျခင္းခံခဲ့ရသူလည္းျဖစ္ပါတယ္။

ဒါေပမယ့္အသက္၆၄ႏွစ္ရွိေရာ့ဘ္ဆင္ဟာကိုယ္တိုင္ေက်ာနံပါတ္ ၇ကိုဝတ္ဆင္ခဲ့ေပမယ့္မန္ယူသမိုင္းတစ္ေလွ်ာက္အေကာင္းဆုံးေက်ာနံပါတ္၇ကစားသမားစာရင္းမွာသူကိုယ္သူထိပ္ဆုံး၃ဦးစာရင္းမွာေတာင္မထည့္သြင္းခဲ့ပါဘူး။

ေရာ့ဘ္ဆင္ကမန္ယူသမိုင္းတစ္ေလွ်ာက္အေကာင္းဆုံးေက်ာနံပါတ္၇ပိုင္ရွင္အျဖစ္လက္ရွိဝတ္ဆင္ေနတဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုကိုေ႐ြးခ်ယ္သြားခဲ့ပါတယ္။

မန္ယူအသင္းေခါင္းေဆာင္ေဟာင္းက “ခရစၥတီယာႏိုေရာ္နယ္ဒိုပါ။ေမးစရာေတာင္မလိုပါဘူး။နံပါတ္၂ကအဲရစ္ကန္တိုနာပါ။အရမ္းအေရးပါတဲ့ကာလမွာကလပ္သို႔သူဟာအင္မတန္ႀကီးက်ယ္တာေတြယူေဆာင္လာခဲ့ပါတယ္။နံပါတ္၃ကေဂ်ာ့ဘတ္စ္။ေက်ာနံပါတ္၇ဝတ္ဆင္သူေတြထဲမွာေမွာ္ဆန္တဲ့သူပါ။နံပါတ္၄ကေရာ့ဘ္ဆင္။ကြၽန္ေတာ္ျဖစ္မယ္ထင္တယ္။နံပါတ္၅ကစတီဗင္ေကာ့ဝဲလ္။ဆိုး႐ြားတဲ့ဒဏ္ရာမရခင္တဲ့အထိသူကတကယ့္ကိုေကာင္းတဲ့ကစားသမားပါ။နံပါတ္၇ကေဒးဗစ္ဘက္ဟမ္းပါ။မန္ခ်က္စတာ၊အဂၤလိပ္နဲ႔ကမာၻ႔ေဘာလုံးေလာကအတြက္သူလုပ္ေပးခဲ့တာေတြအတြက္ေ႐ြးခ်ယ္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္ယူတြင္ပထမအႀကိမ္ကစားခဲ့စဥ္တုန္းက ပရီးမီးယားလိဂ္ဖလား၃ႀကိမ္ႏွင့္ခ်န္ပီယံလိဂ္၁ႀကိမ္ဆြတ္ခူးႏိုင္ခဲ့တဲ့အျပင္ Ballon d’Or ဆုလည္းဆြတ္ခူးႏိုင္ခဲ့ပါတယ္။

သူဟာေႏြရာသီတြင္မန္ယူသို႔တေက်ာ့ျပန္ေရာက္လာၿပီးေနာက္အေကာင္းဆုံးပုံစံျဖင့္ဆက္လက္ကစားေနၿပီး၁၂ပြဲတြင္၉ဂိုးသြင္းယူထားႏိုင္ပါတယ္။