မန်ယူ(သို့မဟုတ်)ချဲလ်ဆီးသို့ ပြောင်းဖို့ ဒက်လန်းရိုက်စ်သေချာနေပြီလား?

ဒက်လန်းရိုက်စ်ဟာဝက်စ်ဟမ်းအသင်းမှစာချုပ်သစ်ချုပ်ဆိုရန်နှစ်ကြိမ်တိုင်တိုင်ကမ်းလှမ်းမှုကိုပယ်ချခဲ့ကြောင်းသိရပါတယ်။

ယင်းသို့ဝက်စ်ဟမ်းရဲ့စာချုပ်သစ်အားပယ်ချလိုက်မှုနဲ့အတူအင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကစားသမားဟာချဲလ်ဆီး(သို့မဟုတ်)မန်ယူသို့ပြောင်းရွှေ့လာနိုင်တယ်လို့သတင်းများပိုမိုကျယ်ပြန့်စွာထွက်ပေါ်လာပါတယ်။

အသက်၂၂နှစ်ရှိကွင်းလယ်ကစားသမားဟာဝက်စ်ဟမ်းနှင့်၂၀၂၄ခုနှစ်အထိစာချုပ်ချုပ်ဆိုထားသူဖြစ်ပြီးစာချုပ်အတွင်းတွင်တစ်နှစ်သက်တမ်းတိုးနိုင်တဲ့အချက်ကိုလည်းထည့်သွင်းချုပ်ဆိုထားပါတယ်။

ဒါပေမယ့်လည်းဝက်စ်ဟမ်းဟာဒက်လန်းရိုက်စ်အားအသင်းတွင်ကာလရှည်ကြာဆက်ထိန်းထားနိုင်ရေးအတွက်လုပ်ခတိုးမြှင့်ကာစာချုပ်သစ်ချုပ်ဆိုရေးကြိုးပမ်းခဲ့ပါတယ်။

တစ်ဖက်တွင်ဝက်စ်ဟမ်းသို့၁၄နှစ်သားကတည်းကရောက်လာခဲ့တဲ့ဒက်လန်းရိုက်စ်ဟာဝက်စ်ဟမ်းကကမ်းလှမ်းတဲ့ငွေကြေးပမာဏထက်ချန်ပီယံလိဂ်တွင်ကစားလိုမှုနဲ့အတူ အသင်းကြီးတစ်သင်းသို့ပြောင်းလိုနေပါတယ်။

ချဲလ်ဆီးဟာသူတို့ရဲ့အကယ်ဒမီကျောင်းတွင်ကျင်လည်ခဲ့ဖူးတဲ့ဒက်လန်းရိုက်စ်ကိုပြီးခဲ့တဲ့နှစ်နွေတုန်းကကြိုးပမ်းခဲ့ပေမယ့်မအောင်မြင်ခဲ့ပါဘူး။

လက်ရှိအနေအထားအရကာယကံရှင်ကိုယ်တိုင်ကဝက်စ်ဟမ်းမှထွက်ခွာရန်ဆန္ဒရှိနေမှုနဲ့အတူချဲလ်ဆီး၊မန်ယူတို့ကလှုပ်ရှားလာမည်ဆိုပါကအပြောင်းအရွှေ့မှာဖြစ်မြောက်လာဖို့ရှိနေပါတယ်။

ဝက်စ်ဟမ်းကအင်္ဂလန်ကွင်းလယ်ကစားသမားအတွက်ပြောင်းရွှေ့ကြေးပေါင်သန်း၁၀၀အထိသတ်မှတ်ထားပါတယ်။

ZawGyi








