မန်ယူသို့ ပြောင်းရွှေ့လိုကြောင်း အင်္ဂလန်ကစားဖော်များကို ထရစ်ပီယာပြောကြားထား

ကီရန်ထရစ်ပီယာကမန်ယူသို့ပြောင်းရွှေ့ကစားရန်စိတ်ဝင်စားကြောင်းအင်္ဂလန်ကစားဖော်များကိုပြောကြားထားကြောင်းသိရပါတယ်။

ထရစ်ပီယာဟာအက်သလက်တီကိုတွင်ကစားတဲ့ပထမဆုံးရာသီတွင်လာလီဂါဖလားဆွတ်ခူးနိုင်ခဲ့ပြီးလာလီဂါတစ်နှစ်တာအကောင်းဆုံးအသင်းတွင်လည်းရွေးချယ်ခြင်းခံခဲ့ရပါတယ်။

မန်ယူနည်းပြအိုလီဂန်းနားဆိုးလ်ရှားဟာညာနောက်ခံလူအေရွန်ဝန်ဘစ်ဆာကာနှင့်ညာနောက်ခံလူနေရာအတွက်ယှဉ်ပြိုင်ရန်ညာနောက်ခံလူတစ်ဦးရှာဖွေနေပြီးထရစ်ပီယာကိုစိတ်ဝင်စားနေပါတယ်။

The Sun သတင်းစာရဲ့ဖော်ပြချက်အရထရစ်ပီယာကိုယ်တိုင်ကလည်းမန်ယူသို့ပြောင်းရွှေ့ကစားရန်စိတ်ဝင်စားနေကြောင်းသိရပါတယ်။

ထရစ်ပီယာဟာအက်သလက်တီကိုနည်းပြဆီမြွန်နီရဲ့အစီအစဉ်တွင်အဓိကနေရာမှပါဝင်နေပေမယ့်မန်ယူကတော့ပြောင်းရွှေ့ကြေးပေါင်၁၅သန်းခန့်ဖြင့်ခေါ်ယူနိုင်ဖို့မျှော်လင့်နေပါတယ်။

အသက်၃၀နှစ်ရှိဘူရီဖွားထရစ်ပီယာဟာအက်သလက်တီကိုမက်ဒရစ်နှင့်၂နှစ်စာချုပ်သက်တမ်းကျန်နေသေးသူလည်းဖြစ်ပါတယ်။

ZawGyi

မန္ယူသို႔ ေျပာင္းေ႐ႊ႕လိုေၾကာင္း အဂၤလန္ကစားေဖာ္မ်ားကို ထရစ္ပီယာေျပာၾကားထား

ကီရန္ထရစ္ပီယာကမန္ယူသို႔ေျပာင္းေ႐ႊ႕ကစားရန္စိတ္ဝင္စားေၾကာင္းအဂၤလန္ကစားေဖာ္မ်ားကိုေျပာၾကားထားေၾကာင္းသိရပါတယ္။

ထရစ္ပီယာဟာအက္သလက္တီကိုတြင္ကစားတဲ့ပထမဆုံးရာသီတြင္လာလီဂါဖလားဆြတ္ခူးႏိုင္ခဲ့ၿပီးလာလီဂါတစ္ႏွစ္တာအေကာင္းဆုံးအသင္းတြင္လည္းေ႐ြးခ်ယ္ျခင္းခံခဲ့ရပါတယ္။

မန္ယူနည္းျပအိုလီဂန္းနားဆိုးလ္ရွားဟာညာေနာက္ခံလူေအ႐ြန္ဝန္ဘစ္ဆာကာႏွင့္ညာေနာက္ခံလူေနရာအတြက္ယွဥ္ၿပိဳင္ရန္ညာေနာက္ခံလူတစ္ဦးရွာေဖြေနၿပီးထရစ္ပီယာကိုစိတ္ဝင္စားေနပါတယ္။

The Sun သတင္းစာရဲ႕ေဖာ္ျပခ်က္အရထရစ္ပီယာကိုယ္တိုင္ကလည္းမန္ယူသို႔ေျပာင္းေ႐ႊ႕ကစားရန္စိတ္ဝင္စားေနေၾကာင္းသိရပါတယ္။

ထရစ္ပီယာဟာအက္သလက္တီကိုနည္းျပဆီႁမြန္နီရဲ႕အစီအစဥ္တြင္အဓိကေနရာမွပါဝင္ေနေပမယ့္မန္ယူကေတာ့ေျပာင္းေ႐ႊ႕ေၾကးေပါင္၁၅သန္းခန႔္ျဖင့္ေခၚယူႏိုင္ဖို႔ေမွ်ာ္လင့္ေနပါတယ္။

အသက္၃၀ႏွစ္ရွိဘူရီဖြားထရစ္ပီယာဟာအက္သလက္တီကိုမက္ဒရစ္ႏွင့္၂ႏွစ္စာခ်ဳပ္သက္တမ္းက်န္ေနေသးသူလည္းျဖစ္ပါတယ္။