မန်ယူသို့ မပြောင်းမီ စတာလင်းရဲ့နေအိမ်ကို ပေါင် ၃ သန်းဖြင့် ဝယ်ယူရန် ထရစ်ပီယာဆွေးနွေးနေ

မန်ယူသို့ပြောင်းဖို့ပြင်နေတဲ့ကီရန်ထရစ်ပီယာဟာအင်္ဂလန်ကစားဖော်ရာဟမ်းစတာလင်းရဲ့ပေါင်၃သန်းတန်နေအိမ်ကိုဝယ်ယူရန်ဆွေးနွေးနေပါတယ်။

အသက်၃၀နှစ်ရှိအက်သလက်တီကိုမက်ဒရစ်ညာနောက်ခံလူဟာမန်ယူသို့ပြောင်းရန်ဆွေးနွေးနေသူဖြစ်ပြီးလာမယ့်အပတ်တွင်အပြောင်းအရွှေ့အပြီးသတ်မယ်လို့ယူဆရပါတယ်။

အသက်၂၆နှစ်ရှိမန်စီးတီးစတားစတာလင်းဟာချီရှိုင်းယားရှိ၅ဧကကျယ်ဝန်းတဲ့ခြံတွင် တည်ဆောက်ထားတဲ့အိမ်ကို၂၀၁၇ခုနှစ်တုန်းကဝယ်ယူခဲ့တာပါ။အိမ်ခန်းငါးခန်းပါဝင်ပြီးစတုရန်းပေ၇၅၀၀ရှိတဲ့ယင်းနေအိမ်ကချီရှိုင်းယားရှိတိတ်ဆိတ်တဲ့အရပ်တွင်တည်ရှိပြီးပတ်ပတ်လည်တွင်လယ်မြေများဖြင့်ခြံရံထားပါတယ်။

မန်ယူဟာစပါးစ်နောက်ခံလူဟောင်းထရစ်ပီယာနှင့်ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိထားပြီးပြီလို့ယူဆရပြီးပေါင်၁၈သန်းဖြင့်ခေါ်ယူရေးအတွက်အက်သလက်တီကိုနှင့်ဆွေးနွေးနေကာမကြာမီအပြီးသတ်သွားဖို့ရှိပါတယ်။

ZawGyi

မန္ယူသို႔ မေျပာင္းမီ စတာလင္းရဲ႕ေနအိမ္ကို ေပါင္ ၃ သန္းျဖင့္ ဝယ္ယူရန္ ထရစ္ပီယာေဆြးေႏြးေန

မန္ယူသို႔ေျပာင္းဖို႔ျပင္ေနတဲ့ကီရန္ထရစ္ပီယာဟာအဂၤလန္ကစားေဖာ္ရာဟမ္းစတာလင္းရဲ႕ေပါင္၃သန္းတန္ေနအိမ္ကိုဝယ္ယူရန္ေဆြးေႏြးေနပါတယ္။

အသက္၃၀ႏွစ္ရွိအက္သလက္တီကိုမက္ဒရစ္ညာေနာက္ခံလူဟာမန္ယူသို႔ေျပာင္းရန္ေဆြးေႏြးေနသူျဖစ္ၿပီးလာမယ့္အပတ္တြင္အေျပာင္းအေ႐ႊ႕အၿပီးသတ္မယ္လို႔ယူဆရပါတယ္။

အသက္၂၆ႏွစ္ရွိမန္စီးတီးစတားစတာလင္းဟာခ်ီရႈိင္းယားရွိ၅ဧကက်ယ္ဝန္းတဲ့ၿခံတြင္ တည္ေဆာက္ထားတဲ့အိမ္ကို၂၀၁၇ခုႏွစ္တုန္းကဝယ္ယူခဲ့တာပါ။အိမ္ခန္းငါးခန္းပါဝင္ၿပီးစတုရန္းေပ၇၅၀၀ရွိတဲ့ယင္းေနအိမ္ကခ်ီရႈိင္းယားရွိတိတ္ဆိတ္တဲ့အရပ္တြင္တည္ရွိၿပီးပတ္ပတ္လည္တြင္လယ္ေျမမ်ားျဖင့္ၿခံရံထားပါတယ္။

မန္ယူဟာစပါးစ္ေနာက္ခံလူေဟာင္းထရစ္ပီယာႏွင့္ပုဂၢိဳလ္ေရးသေဘာတူညီမႈရရွိထားၿပီးၿပီလို႔ယူဆရၿပီးေပါင္၁၈သန္းျဖင့္ေခၚယူေရးအတြက္အက္သလက္တီကိုႏွင့္ေဆြးေႏြးေနကာမၾကာမီအၿပီးသတ္သြားဖို႔ရွိပါတယ္။