မန်ယူသို့ ရော်နယ်ဒိုရောက်လာမည်ကို ချဲလ်ဆီးနည်းပြတူချယ် အကြီးအကျယ်စိုးရိမ်နေ

ချဲလ်ဆီးနည်းပြသောမတ်စ်တူချယ်ကခရစ္စတီယာနိုရော်နယ်ဒိုဟာအီတလီတွင်ပင်ဆက်ရှိစေချင်ပြီးပရီးမီးယားလိဂ်ပြိုင်ဘက်မန်ယူသို့မပြောင်းလာစေချင်ကြောင်းဖွင့်ဟပြောကြားလာပါတယ်။

ခရစ္စတီယာနိုရော်နယ််ဒိုဟာယခုနွေရာသီမှာဂျူဗင်တပ်မှထွက်ခွာလိုနေပြီးအသင်းပြောင်းခွင့်တောင်းဆိုထားပါတယ်။

အသက်၃၆နှစ်ရှိရော်နယ်ဒိုဟာအစောပိုင်းတုန်းကမန်စီးတီးသို့ပြောင်းရန်အလားအလာကောင်းခဲ့သော်လည်းသူ့ရဲ့လုပ်ခတောင်းဆိုမှုမြင့်မားမှု၊ဂျူဗင်တပ်ကပြောင်းရွှေ့ကြေးပေါင်၂၈သန်းတောင်းဆိုမှုတို့ကြောင့်မန်စီးတီးဘက်ကနောက်ဆုတ်လိုက်ပါတယ်။

ယင်းသို့သောအချိန်တွင်မန်ယူဟာခရစ္စတီယာနိုရော်နယ်ဒိုဟာခေါ်ယူရေးလုပ်ဆောင်လာခဲ့တာလည်းဖြစ်ပါတယ်။မန်ယူဂန္ထဝင်နည်းပြဆာအဲလက်စ်ဖာဂူဆန်ဟာလည်းသောကြာနေ့နံနက်ပိုင်းတုန်းကခရစ္စတီယာနိုရော်နယ်ဒိုထံသို့တိုက်ရိုက်ဆက်သွယ်ကာမန်ယူသို့ပြောင်းဖျောင်းဖျခဲ့ပါတယ်။

တူချယ်က “ကျွန်တော်တို့ရဲ့ဘယ်ပြိုင်ဘက်အသင်းမှာမဆိုသူကစားတာကျွန်တော်တို့အတွက်ကောင်းသလားမသိပါဘူး။တကယ်လို့သူ ပရီးမီးယားလိဂ်သို့ရောက်လာပြီဆိုရင်တော့ပရီးမီးယားလိဂ်အတွက်ကောင်းလာပါမယ်။ပြိုင်ဆိုင်မှုကောင်းလာမယ်။ပိုပြီးတော့ခက်ခဲလာပါမယ်။တစ်ချိန်တည်းမှာကျွန်တော်တို့အတွက်ပိုပြီးတော့ခက်ခဲလာပါမယ်”လို့ပြောကြားသွားခဲ့ပါတယ်။

မန်စီးတီးနည်းပြပက်ဂွါဒီယိုလာက၎င်းမှာခရစ္စတီယာနိုရော်နယ်ဒိုကိုခေါ်ယူရန်ကြိုးပမ်းထားကြောင်း၊မန်ယူသို့ပြောင်းမလား၊မန်စီးတီးသို့ပြောင်းမလားဆိုသည်ကိုကာယကံရှင်ကရွေးချယ်ရမှာဖြစ်ကြောင်းဆိုထားပါတယ်။

ဒါ့အပြင်ခရစ္စတီယာနိုရော်နယ်ဒို ပြောင်းရွှေ့မယ့်အသင်းအတွက်ဘွတ်ကီဒိုင်များကြေးဖွင့်လှစ်ရာတွင်မန်ယူကကြေးအမြင့်မားဆုံးဖြစ်လာပါတယ်။

ZawGyi

မန္ယူသို႔ ေရာ္နယ္ဒိုေရာက္လာမည္ကို ခ်ဲလ္ဆီးနည္းျပတူခ်ယ္ အႀကီးအက်ယ္စိုးရိမ္ေန

ခ်ဲလ္ဆီးနည္းျပေသာမတ္စ္တူခ်ယ္ကခရစၥတီယာႏိုေရာ္နယ္ဒိုဟာအီတလီတြင္ပင္ဆက္ရွိေစခ်င္ၿပီးပရီးမီးယားလိဂ္ၿပိဳင္ဘက္မန္ယူသို႔မေျပာင္းလာေစခ်င္ေၾကာင္းဖြင့္ဟေျပာၾကားလာပါတယ္။

ခရစၥတီယာႏိုေရာ္နယ္္ဒိုဟာယခုေႏြရာသီမွာဂ်ဴဗင္တပ္မွထြက္ခြာလိုေနၿပီးအသင္းေျပာင္းခြင့္ေတာင္းဆိုထားပါတယ္။

အသက္၃၆ႏွစ္ရွိေရာ္နယ္ဒိုဟာအေစာပိုင္းတုန္းကမန္စီးတီးသို႔ေျပာင္းရန္အလားအလာေကာင္းခဲ့ေသာ္လည္းသူ႔ရဲ႕လုပ္ခေတာင္းဆိုမႈျမင့္မားမႈ၊ဂ်ဴဗင္တပ္ကေျပာင္းေ႐ႊ႕ေၾကးေပါင္၂၈သန္းေတာင္းဆိုမႈတို႔ေၾကာင့္မန္စီးတီးဘက္ကေနာက္ဆုတ္လိုက္ပါတယ္။

ယင္းသို႔ေသာအခ်ိန္တြင္မန္ယူဟာခရစၥတီယာႏိုေရာ္နယ္ဒိုဟာေခၚယူေရးလုပ္ေဆာင္လာခဲ့တာလည္းျဖစ္ပါတယ္။မန္ယူဂႏၴဝင္နည္းျပဆာအဲလက္စ္ဖာဂူဆန္ဟာလည္းေသာၾကာေန႔နံနက္ပိုင္းတုန္းကခရစၥတီယာႏိုေရာ္နယ္ဒိုထံသို႔တိုက္႐ိုက္ဆက္သြယ္ကာမန္ယူသို႔ေျပာင္းေဖ်ာင္းဖ်ခဲ့ပါတယ္။

တူခ်ယ္က “ကြၽန္ေတာ္တို႔ရဲ႕ဘယ္ၿပိဳင္ဘက္အသင္းမွာမဆိုသူကစားတာကြၽန္ေတာ္တို႔အတြက္ေကာင္းသလားမသိပါဘူး။တကယ္လို႔သူ ပရီးမီးယားလိဂ္သို႔ေရာက္လာၿပီဆိုရင္ေတာ့ပရီးမီးယားလိဂ္အတြက္ေကာင္းလာပါမယ္။ၿပိဳင္ဆိုင္မႈေကာင္းလာမယ္။ပိုၿပီးေတာ့ခက္ခဲလာပါမယ္။တစ္ခ်ိန္တည္းမွာကြၽန္ေတာ္တို႔အတြက္ပိုၿပီးေတာ့ခက္ခဲလာပါမယ္”လို႔ေျပာၾကားသြားခဲ့ပါတယ္။

မန္စီးတီးနည္းျပပက္ဂြါဒီယိုလာက၎မွာခရစၥတီယာႏိုေရာ္နယ္ဒိုကိုေခၚယူရန္ႀကိဳးပမ္းထားေၾကာင္း၊မန္ယူသို႔ေျပာင္းမလား၊မန္စီးတီးသို႔ေျပာင္းမလားဆိုသည္ကိုကာယကံရွင္ကေ႐ြးခ်ယ္ရမွာျဖစ္ေၾကာင္းဆိုထားပါတယ္။

ဒါ့အျပင္ခရစၥတီယာႏိုေရာ္နယ္ဒို ေျပာင္းေ႐ႊ႕မယ့္အသင္းအတြက္ဘြတ္ကီဒိုင္မ်ားေၾကးဖြင့္လွစ္ရာတြင္မန္ယူကေၾကးအျမင့္မားဆုံးျဖစ္လာပါတယ္။