မန်ယူသို့ ရော်နယ်ဒို ပြန်လာမှုကို ရောမသို့ ရောမစစ်ဘုရင် ဆီဇာပြန်လာပုံနှင့် ခိုင်းနှိုင်းလိုက်တဲ့ ဆာအဲလက်စ်ဖာဂူဆန်

ဆာအဲလက်စ်ဖာဂူဆန်ဟာမန်ချက်စတာယူနိုက်တက်သို့ခရစ္စတီယာနိုရော်နယ်ဒိုတကျော့ပြန်ပြန်ရောက််လာမှုကိုရောမမြို့တော်သို့ဆီဇာပြန်လာမှုနဲ့ခိုင်းနှိုင်းပြောကြားလိုက်ပါတယ်။

မန်ယူဂန္ထဝင်နည်းပြဟာအိုးထရက်ဖို့ဒ်သို့ခရစ္စတီယာနိုရော်နယ်ဒိုတကျော့ပြန်လာအောင်အဓိကနေရာမှလုပ်ဆောင်ပေးခဲ့သူဖြစ်ပြီးရော်နယ်ဒိုရဲ့မန်ယူအတွက်ဒုတိယမြောက်ပထမဆုံးပွဲဖြစ်တဲ့နယူးကာဆယ်နှင့်ပွဲကိုလည်းကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့သူလည်းဖြစ်ပါတယ်။

ပေါ်တူဂီစူပါစတားဟာအသက်၇၉နှစ်ရှိဆာအဲလက််စ်ဖာဂူဆန်ရဲ့လက်အောက်တွင်ကစားစဉ်တုန်းကပရီးမီးယားလိဂ်ဖလားသုံးကြိမ်နှင့်ချန်ပီယံလိဂ်ဖလားတစ်ကြိမ်ဆွတ်ခူးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

ရော်နယ်ဒိုကိုအသက်၁၈နှစ်တုန်းကစပို့တင်းလစ္စဘွန်းမှမန်ယူသို့ခေါ်ဆောင်ခဲ့ဖူးတဲ့ဆာအဲလက်စ်ဖာဂူဆန်က “စနေနေ့တုန်းက(နယူးကာဆယ်နဲ့ပွဲ)မှာကြည့်လိုက်တယ်ဆိုရင် နိုင်ပွဲရပြီးရောမသို့ဆီဇာပြန်လာသလိုပါပဲ။ကျွန်တော်ပြန်လာတယ်။ကျွန်တော်မြင်တယ်။ကျွန်တော်သိမ်းပိုက်နိုင်ခဲ့တယ်။အရမ်းကိုစိတ်လှုပ်ရှားဖို့ကောင်းပါတယ်။မန်ယူပရိသတ်တစ်ဦးအနေနဲ့ပြောတာပါ။လူတွေသန်းချီတောင်ရှိသင့်တယ်။ကွင်းပြင်မှာရာပေါင်းများစွာသောလူတွေရှိပါသေးတယ်။သူဟာကလေးတစ်ဦးအနေနဲ့ဒီကိုရောက်လာခဲ့တယ်။သူဟာသင်ယူတာအရမ်းမြန်တယ်။လူတော်တော်များများကသူ့ကိုဟန်ဆောင်ဒိုင်ဗင်သမားလို့ပြောကြတယ်။သူကနောက်ခံလူတွေကိုတိုက်ခိုက်တယ်။တံတောင်နဲ့တွက်ခံရတယ်။ခြေထိုးခံရတယ်။သူကလည်းမယုံနိုင်စရာကောင်းတဲ့လျှင်မြန်မှုနဲ့တိုက်ခိုက်တယ်။သူကသူ့ဘောလုံးနဲ့ပတ်သက်ပြီးတကယ့်ကိုကြီးကြီးမားမားသိထားတဲ့သူလို့ထင်ပါတယ်။သူကဆန္ဒတစ်ခုတည်းနဲ့မွေးဖွားလာတဲ့သူလို့ထင်ပါတယ်။သူကအကောင်းဆုံးကစားသမားဖြစ်လာဖို့အားလုံးပေးဆပ်ခဲ့တယ်။စနေနေ့မှာအာဆင်နယ်နဲ့ကစားတဲ့ပွဲကိုမှတ်မိသေးတယ်။ကာရင်တန်မှာမိုးကရွာနေတယ်။သူကလေ့ကျင့်ရေးအစီအစဉ်ပြီးတိုင်းဆက်ပြီးလေ့ကျင့်နေတတ်တဲ့သူပါ။မနက်ဖြန်ပွဲရှိတယ်၊မိုးကအရမ်းရွာနေတယ်၊ကွင်းကစိုနေတယ်လို့သူ့ကိုပြောလိုက်တယ်။ပြီးတော့ရုံးခန်းသွားလိုက်တယ်။တံခါးဖွင့်ကြည့်လိုက်တော့သူဘာလုပ်နေတယ်ထင်လဲ။သူမြက်ခင်းတုကွင်းကိုသွားနေတာ။ကျုပ်လည်းဘာပြောရမှာလဲဗျာ။ကျုပ်ကိုသူအနိုင်ယူသွားတာ”လို့ပြောကြားသွားပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ယူသို့တကျော့ပြန်ရောက်လာပြီးနောက်လေးပွဲကစားထားရာမှာလေးဂိုးသွင်းယူထားနိုင်ပါတယ်။မန်ယူဟာဗုဒ္ဓဟူးနေ့မှာချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ်ဗီလာရီးရဲလ်နှင့်ရင်ဆိုင်ကစားရပါမယ်။

ZawGyi

မန္ယူသို႔ ေရာ္နယ္ဒို ျပန္လာမႈကို ေရာမသို႔ ေရာမစစ္ဘုရင္ ဆီဇာျပန္လာပုံႏွင့္ ခိုင္းႏႈိင္းလိုက္တဲ့ ဆာအဲလက္စ္ဖာဂူဆန္

ဆာအဲလက္စ္ဖာဂူဆန္ဟာမန္ခ်က္စတာယူႏိုက္တက္သို႔ခရစၥတီယာႏိုေရာ္နယ္ဒိုတေက်ာ့ျပန္ျပန္ေရာက္္လာမႈကိုေရာမၿမိဳ႕ေတာ္သို႔ဆီဇာျပန္လာမႈနဲ႔ခိုင္းႏႈိင္းေျပာၾကားလိုက္ပါတယ္။

မန္ယူဂႏၴဝင္နည္းျပဟာအိုးထရက္ဖို႔ဒ္သို႔ခရစၥတီယာႏိုေရာ္နယ္ဒိုတေက်ာ့ျပန္လာေအာင္အဓိကေနရာမွလုပ္ေဆာင္ေပးခဲ့သူျဖစ္ၿပီးေရာ္နယ္ဒိုရဲ႕မန္ယူအတြက္ဒုတိယေျမာက္ပထမဆုံးပြဲျဖစ္တဲ့နယူးကာဆယ္ႏွင့္ပြဲကိုလည္းကိုယ္တိုင္သြားေရာက္ၾကည့္ရႈခဲ့သူလည္းျဖစ္ပါတယ္။

ေပၚတူဂီစူပါစတားဟာအသက္၇၉ႏွစ္ရွိဆာအဲလက္္စ္ဖာဂူဆန္ရဲ႕လက္ေအာက္တြင္ကစားစဥ္တုန္းကပရီးမီးယားလိဂ္ဖလားသုံးႀကိမ္ႏွင့္ခ်န္ပီယံလိဂ္ဖလားတစ္ႀကိမ္ဆြတ္ခူးႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။

ေရာ္နယ္ဒိုကိုအသက္၁၈ႏွစ္တုန္းကစပို႔တင္းလစၥဘြန္းမွမန္ယူသို႔ေခၚေဆာင္ခဲ့ဖူးတဲ့ဆာအဲလက္စ္ဖာဂူဆန္က “စေနေန႔တုန္းက(နယူးကာဆယ္နဲ႔ပြဲ)မွာၾကည့္လိုက္တယ္ဆိုရင္ ႏိုင္ပြဲရၿပီးေရာမသို႔ဆီဇာျပန္လာသလိုပါပဲ။ကြၽန္ေတာ္ျပန္လာတယ္။ကြၽန္ေတာ္ျမင္တယ္။ကြၽန္ေတာ္သိမ္းပိုက္ႏိုင္ခဲ့တယ္။အရမ္းကိုစိတ္လႈပ္ရွားဖို႔ေကာင္းပါတယ္။မန္ယူပရိသတ္တစ္ဦးအေနနဲ႔ေျပာတာပါ။လူေတြသန္းခ်ီေတာင္ရွိသင့္တယ္။ကြင္းျပင္မွာရာေပါင္းမ်ားစြာေသာလူေတြရွိပါေသးတယ္။သူဟာကေလးတစ္ဦးအေနနဲ႔ဒီကိုေရာက္လာခဲ့တယ္။သူဟာသင္ယူတာအရမ္းျမန္တယ္။လူေတာ္ေတာ္မ်ားမ်ားကသူ႔ကိုဟန္ေဆာင္ဒိုင္ဗင္သမားလို႔ေျပာၾကတယ္။သူကေနာက္ခံလူေတြကိုတိုက္ခိုက္တယ္။တံေတာင္နဲ႔တြက္ခံရတယ္။ေျခထိုးခံရတယ္။သူကလည္းမယုံႏိုင္စရာေကာင္းတဲ့လွ်င္ျမန္မႈနဲ႔တိုက္ခိုက္တယ္။သူကသူ႔ေဘာလုံးနဲ႔ပတ္သက္ၿပီးတကယ့္ကိုႀကီးႀကီးမားမားသိထားတဲ့သူလို႔ထင္ပါတယ္။သူကဆႏၵတစ္ခုတည္းနဲ႔ေမြးဖြားလာတဲ့သူလို႔ထင္ပါတယ္။သူကအေကာင္းဆုံးကစားသမားျဖစ္လာဖို႔အားလုံးေပးဆပ္ခဲ့တယ္။စေနေန႔မွာအာဆင္နယ္နဲ႔ကစားတဲ့ပြဲကိုမွတ္မိေသးတယ္။ကာရင္တန္မွာမိုးက႐ြာေနတယ္။သူကေလ့က်င့္ေရးအစီအစဥ္ၿပီးတိုင္းဆက္ၿပီးေလ့က်င့္ေနတတ္တဲ့သူပါ။မနက္ျဖန္ပြဲရွိတယ္၊မိုးကအရမ္း႐ြာေနတယ္၊ကြင္းကစိုေနတယ္လို႔သူ႔ကိုေျပာလိုက္တယ္။ၿပီးေတာ့႐ုံးခန္းသြားလိုက္တယ္။တံခါးဖြင့္ၾကည့္လိုက္ေတာ့သူဘာလုပ္ေနတယ္ထင္လဲ။သူျမက္ခင္းတုကြင္းကိုသြားေနတာ။က်ဳပ္လည္းဘာေျပာရမွာလဲဗ်ာ။က်ဳပ္ကိုသူအႏိုင္ယူသြားတာ”လို႔ေျပာၾကားသြားပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္ယူသို႔တေက်ာ့ျပန္ေရာက္လာၿပီးေနာက္ေလးပြဲကစားထားရာမွာေလးဂိုးသြင္းယူထားႏိုင္ပါတယ္။မန္ယူဟာဗုဒၶဟူးေန႔မွာခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္အျဖစ္ဗီလာရီးရဲလ္ႏွင့္ရင္ဆိုင္ကစားရပါမယ္။