မန်ယူအကယ်ဒမီမှာ ကစားဖော်များဖြစ်လာကြတော့မယ့် ရွန်းနီနှင့် ရော်နယ်ဒိုတို့ရဲ့သားများ

မန်ယူဂန္ထဝင်များဖြစ်ကြတဲ့ခရစ္စတီယာနိုရော်နယ်ဒိုနှင့်ဝိန်းရွန်းနီတို့ရဲ့သားများဟာ၎င်းတို့ရဲ့ဖခင်များအိုးထရက်ဖို့ဒ်ခြေရာကိုဆက်နိုင်ရေးအတွက်မန်ယူအကယ်ဒမီရဲ့အစိတ်အပိုင်းအဖြစ်ပါဝင်လာကြပါမယ်။

ယခုအပတ်တွင်အိုးထရက်ဖို့ဒ်သို့ရော်နယ်ဒို ပြန်ရောက်လာပါတယ်။ရော်နယ်ဒိုရဲ့သားဖြစ်သူဟာဝိန်းရွန်းနီရဲ့သားအသက်၁၁နှစ်အရွယ်ရှိကိုင်ရွန်းနီနဲ့အတူမန်ယူအကယ်ဒမီတွင်လေ့ကျင့်သင်ကြားမှုပြုလုပ်သွားပါမယ်။

ခရစ္စတီယာနိုဂျူနီယာဟာ၂၀၁၈ခုနှစ်တုန်းကဖခင်ဖြစ်သူဂျူဗင်တပ်သို့ပြောင်းပြီးနောက်ဂျူဗင်တပ်အကယ်ဒမီတွင်စတင်ကစားခဲ့ပြီးယခုအခါဖခင်ဖြစ်သူနဲ့အတူမန်ချက်စတာသို့ရောက်လာမှုနဲ့အတူမန်ယူအကယ်ဒမီတွင်ဆက်လက်ကစားသွားပါဦးမယ်။

ရော်နယ်နှင့်ရွန်းနီတို့ဟာမန်ယူတွင်၂၀၆ပွဲအတူတကွတွဲကစားခဲ့ပြီးပရီးမီးယားလိဂ်ဖလား၃လုံး၊ချန်ပီယံလိဂ်ဖလား၁လုံးဆွတ်ခူးနိုင်ခဲ့ကြပါတယ်။

ဝိန်းရွန်းနီရဲ့သားဖြစ်သူကိုင်ရွန်းနီဟာယခုနှစ်အစောပိုင်းတုန်းကမန်ယူအကယ်ဒမီသို့ရောက်လာခဲ့သူဖြစ်ပါတယ်။

ZawGyi

မန္ယူအကယ္ဒမီမွာ ကစားေဖာ္မ်ားျဖစ္လာၾကေတာ့မယ့္ ႐ြန္းနီႏွင့္ ေရာ္နယ္ဒိုတို႔ရဲ႕သားမ်ား

မန္ယူဂႏၴဝင္မ်ားျဖစ္ၾကတဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္ဝိန္း႐ြန္းနီတို႔ရဲ႕သားမ်ားဟာ၎တို႔ရဲ႕ဖခင္မ်ားအိုးထရက္ဖို႔ဒ္ေျခရာကိုဆက္ႏိုင္ေရးအတြက္မန္ယူအကယ္ဒမီရဲ႕အစိတ္အပိုင္းအျဖစ္ပါဝင္လာၾကပါမယ္။

ယခုအပတ္တြင္အိုးထရက္ဖို႔ဒ္သို႔ေရာ္နယ္ဒို ျပန္ေရာက္လာပါတယ္။ေရာ္နယ္ဒိုရဲ႕သားျဖစ္သူဟာဝိန္း႐ြန္းနီရဲ႕သားအသက္၁၁ႏွစ္အ႐ြယ္ရွိကိုင္႐ြန္းနီနဲ႔အတူမန္ယူအကယ္ဒမီတြင္ေလ့က်င့္သင္ၾကားမႈျပဳလုပ္သြားပါမယ္။

ခရစၥတီယာႏိုဂ်ဴနီယာဟာ၂၀၁၈ခုႏွစ္တုန္းကဖခင္ျဖစ္သူဂ်ဴဗင္တပ္သို႔ေျပာင္းၿပီးေနာက္ဂ်ဴဗင္တပ္အကယ္ဒမီတြင္စတင္ကစားခဲ့ၿပီးယခုအခါဖခင္ျဖစ္သူနဲ႔အတူမန္ခ်က္စတာသို႔ေရာက္လာမႈနဲ႔အတူမန္ယူအကယ္ဒမီတြင္ဆက္လက္ကစားသြားပါဦးမယ္။

ေရာ္နယ္ႏွင့္႐ြန္းနီတို႔ဟာမန္ယူတြင္၂၀၆ပြဲအတူတကြတြဲကစားခဲ့ၿပီးပရီးမီးယားလိဂ္ဖလား၃လုံး၊ခ်န္ပီယံလိဂ္ဖလား၁လုံးဆြတ္ခူးႏိုင္ခဲ့ၾကပါတယ္။

ဝိန္း႐ြန္းနီရဲ႕သားျဖစ္သူကိုင္႐ြန္းနီဟာယခုႏွစ္အေစာပိုင္းတုန္းကမန္ယူအကယ္ဒမီသို႔ေရာက္လာခဲ့သူျဖစ္ပါတယ္။