မန်ယူအတွက်ဒုတိယမြောက်ပထမဆုံးပွဲမှာ အဖြေမဲ့မုဒိန်းမှုပြဿနာနှင့်ရင်ဆိုင်ခဲ့ရတဲ့ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့အိုးထရက်ဖို့ဒ်တကျော့ပြန်အောင်မြေနင်းမှုကပျော်ရွှင်မှုတွေ၊ဂိုးတွေ၊နိုင်ပွဲနဲ့စတင်နိုင်ခဲ့ပါတယ်။ခရစ္စတီယာနိုရော်နယ်ဒိုဟာယနေ့ညအိုးထရက်ဖို့ဒ်ကွင်းမှာနယူးကာဆယ်အား၄-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာမန်ယူအတွက်ဒုတိယမြောက်ပထမဆုံးပွဲအဖြစ်ပွဲထွက်ကစားခဲ့ပြီး၂ဂိုးသွင်းနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်းတစ်ဖက်မှာခရစ္စတီယာနိုရော်နယ်ဒိုဟာအတိတ်ရဲ့ခြောက်လှန့်မှုခံခဲ့ရပါတယ်။ယင်းပွဲစဉ်မှာတစ်ချိန်တုန်းကခရစ္စတီယာနိုရော်နယ်ဒိုရဲ့မုဒိန်းကျင့်မှုသံသယမှုက တစ်စခန်းထလာခဲ့ပြန်ပါတယ်။

နယူးကာဆယ်နှင့်ပွဲစဉ်မှာတစ်ချိန်တုန်းကမုဒိန်းမှုစွဲချက်အတွက်ခရစ္စတီယာနိုရော်နယ်ဒိုဟာထပ်မံဆန့်ကျင်သပိတ်မှောက်မှုနဲ့ရင်ဆိုင်လာခဲ့ရပါတယ်။

နယူးကာဆယ်နှင့်ပွဲကစားစဉ်အတွင်းမှာအိုးထရက်ဖို့ဒ်ကွင်းကောင်းကင်ယံမှာလေယာဉ်တစ်စင်းဟာခရစ္စတီယာနိုရော်နယ်ဒိုရဲ့တချိန်တုန်းကမုဒိန်းသံသယမှုအားပြန်လည်အစဆွဲထုတ်တဲ့စာတမ်းကိုချိတ်ဆွဲပြီးပြန်လည်တူးဖောက်ခဲ့ပါတယ်။

အမျိုးသမီးအရေးလှုပ်ရှားတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Level Up ဟာ Believe Kathryn Mayorga ဆိုတဲ့စာသားပါ စာတမ်းချိတ်ဆွဲထားတဲ့လေယာဉ်ကိုပျံသန်းစေပြီးရော်နယ်ဒိုရဲ့ယခင်အမှုတွဲဟောင်းကိုပြန်တူးဖော်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ၂၀၀၉ခုနှစ်တုန်းကလေ့စ်ဗီးယက်စ်မှာညဖက်အပြင်ထွက်စဉ်လေ့စ်ဗီးဂက်စ်ရှိဟိုတယ်တစ်ခုမှာကက်သရင်းမာယော်ဂါအမည်ရှိအမျိုးသမီးတစ်ဦးကိုအလိုမတူဘဲသားမယားပြုကျင့်တယ်ဆိုပြီးတိုင်ချက်ဖွင့်ခံခဲ့ရပါတယ်။

သူမဟာယင်းအမှုအတွက်ခရစ္စတီယာနိုရော်နယ်ဒိုထံမှနစ်နာကြေးပေါင်၅၆သန်းအထိတောင်းဆိုမှုပြုလုပ်ခဲ့ပါတယ်။ဒါပေမယ့်၂၀၁၀ခုနှစ်မှာမာယောဂါဟာပေါင်၃သိန်းဝန်းကျင်ဖြင့်အမှုကြေအေးမှုပြုလုပ်ခဲ့ပါတယ်။

သို့ပေမယ့်နောက်သုံးနှစ်အကြာမှာသူမဟာယင်းသဘောတူညီမှုပြုလုပ်စဉ်တုန်းကစိတ်ပိုင်းဆိုင်ရာထိခိုက်နေတယ်ဆိုပြီးအမှုပြန်ဖွင့်ခဲ့ပြီးသဘောတူလက်မှတ်ထိုးရန်အကြပ်ကိုင်ခြင်းခံခဲ့ရတယ်လို့ထွက်ဆိုခဲ့ပါတယ်။

ဒါကြောင့်လည်းအမျိုးသမီးအရေးလှုပ်ရှားသူများဟာခရစ္စတီယာနိုရော်နယ်ဒိုရဲ့အိုးထရက်ဖို့ဒ်ပထမဆုံးပွဲစဉ်မှာစာတမ်းချိတ်ဆွဲပြီးလေယာဉ်ပျံသန်းကာဆန္ဒပြမှုပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

ZawGyi

မန္ယူအတြက္ဒုတိယေျမာက္ပထမဆုံးပြဲမွာ အေျဖမဲ့မုဒိန္းမႈျပႆနာႏွင့္ရင္ဆိုင္ခဲ့ရတဲ့ခရစၥတီယာႏိုေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕အိုးထရက္ဖို႔ဒ္တေက်ာ့ျပန္ေအာင္ေျမနင္းမႈကေပ်ာ္႐ႊင္မႈေတြ၊ဂိုးေတြ၊ႏိုင္ပြဲနဲ႔စတင္ႏိုင္ခဲ့ပါတယ္။ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယေန႔ညအိုးထရက္ဖို႔ဒ္ကြင္းမွာနယူးကာဆယ္အား၄-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာမန္ယူအတြက္ဒုတိယေျမာက္ပထမဆုံးပြဲအျဖစ္ပြဲထြက္ကစားခဲ့ၿပီး၂ဂိုးသြင္းႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္လည္းတစ္ဖက္မွာခရစၥတီယာႏိုေရာ္နယ္ဒိုဟာအတိတ္ရဲ႕ေျခာက္လွန႔္မႈခံခဲ့ရပါတယ္။ယင္းပြဲစဥ္မွာတစ္ခ်ိန္တုန္းကခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕မုဒိန္းက်င့္မႈသံသယမႈက တစ္စခန္းထလာခဲ့ျပန္ပါတယ္။

နယူးကာဆယ္ႏွင့္ပြဲစဥ္မွာတစ္ခ်ိန္တုန္းကမုဒိန္းမႈစြဲခ်က္အတြက္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာထပ္မံဆန႔္က်င္သပိတ္ေမွာက္မႈနဲ႔ရင္ဆိုင္လာခဲ့ရပါတယ္။

နယူးကာဆယ္ႏွင့္ပြဲကစားစဥ္အတြင္းမွာအိုးထရက္ဖို႔ဒ္ကြင္းေကာင္းကင္ယံမွာေလယာဥ္တစ္စင္းဟာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕တခ်ိန္တုန္းကမုဒိန္းသံသယမႈအားျပန္လည္အစဆြဲထုတ္တဲ့စာတမ္းကိုခ်ိတ္ဆြဲၿပီးျပန္လည္တူးေဖာက္ခဲ့ပါတယ္။

အမ်ိဳးသမီးအေရးလႈပ္ရွားတဲ့အဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ Level Up ဟာ Believe Kathryn Mayorga ဆိုတဲ့စာသားပါ စာတမ္းခ်ိတ္ဆြဲထားတဲ့ေလယာဥ္ကိုပ်ံသန္းေစၿပီးေရာ္နယ္ဒိုရဲ႕ယခင္အမႈတြဲေဟာင္းကိုျပန္တူးေဖာ္ခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္ဒိုဟာ၂၀၀၉ခုႏွစ္တုန္းကေလ့စ္ဗီးယက္စ္မွာညဖက္အျပင္ထြက္စဥ္ေလ့စ္ဗီးဂက္စ္ရွိဟိုတယ္တစ္ခုမွာကက္သရင္းမာေယာ္ဂါအမည္ရွိအမ်ိဳးသမီးတစ္ဦးကိုအလိုမတူဘဲသားမယားျပဳက်င့္တယ္ဆိုၿပီးတိုင္ခ်က္ဖြင့္ခံခဲ့ရပါတယ္။

သူမဟာယင္းအမႈအတြက္ခရစၥတီယာႏိုေရာ္နယ္ဒိုထံမွနစ္နာေၾကးေပါင္၅၆သန္းအထိေတာင္းဆိုမႈျပဳလုပ္ခဲ့ပါတယ္။ဒါေပမယ့္၂၀၁၀ခုႏွစ္မွာမာေယာဂါဟာေပါင္၃သိန္းဝန္းက်င္ျဖင့္အမႈေၾကေအးမႈျပဳလုပ္ခဲ့ပါတယ္။

သို႔ေပမယ့္ေနာက္သုံးႏွစ္အၾကာမွာသူမဟာယင္းသေဘာတူညီမႈျပဳလုပ္စဥ္တုန္းကစိတ္ပိုင္းဆိုင္ရာထိခိုက္ေနတယ္ဆိုၿပီးအမႈျပန္ဖြင့္ခဲ့ၿပီးသေဘာတူလက္မွတ္ထိုးရန္အၾကပ္ကိုင္ျခင္းခံခဲ့ရတယ္လို႔ထြက္ဆိုခဲ့ပါတယ္။

ဒါေၾကာင့္လည္းအမ်ိဳးသမီးအေရးလႈပ္ရွားသူမ်ားဟာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕အိုးထရက္ဖို႔ဒ္ပထမဆုံးပြဲစဥ္မွာစာတမ္းခ်ိတ္ဆြဲၿပီးေလယာဥ္ပ်ံသန္းကာဆႏၵျပမႈျပဳလုပ္ခဲ့တာလည္းျဖစ္ပါတယ္။