မန်ယူအတွက် ကစားခွင့်မရတာ ၂၂ လရှိပြီဖြစ်ပေမယ့် ကလပ် ၁၃ ခုတို့ရဲ့ပစ်မှတ်ထားခြင်းခံနေရတဲ့ ဖီးလ်ဂျုံးစ်

ဖီးလ်ဂျိုးစ်ဟာမန်ယူအတွက်ကစားခွင့်မရရှိလာခဲ့တာ ၂၂လတိုင်တိုင်ရှိပြီဖြစ်ပေမယ့်လည်းကလပ်ပေါင်း၁၃ခုတို့ရဲ့ပစ်မှတ်ထားခြင်းခံနေရကြောင်းသိရပါတယ်။

ဖီးလ်ဂျုံးစ်ဟာဒဏ်ရာပြဿနာများကြောင့်ကာလရှည်ကြာအနားယူခဲ့ရပြီးနောက်ဒဏ်ရာမှပြန်လည်ကောင်းမွန်လာချိန်တွင်လည်းပွဲကစားခွင့်ပျောက်ဆုံးနေသူဖြစ်ပါတယ်။

ဆိုးလ်ရှားဟာပြီးခဲ့တဲ့နွေရာသီတုန်းကတည်းကဖီးလ်ဂျုံးစ်ကိုရောင်းရန်စီစဉ်ခဲ့ပေမယ့် ပွဲကြပ်ကာလတွင်ဒဏ်ရာပြဿနာများကြုံလာနိုင်တဲ့အခြေအနေ ကြောင့်ဇန်နဝါရီလအထိထိန်းသွားရန်ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဖီးလ်ဂျုံးစ်ကိုခေါ်ယူလိုနေတဲ့ကလပ်များထဲတွင်ပရီးမီးယားလိဂ်ကလပ်များအဖြစ်ဝက်ဖို့ဒ်နှင့်နယူးကာဆယ်တို့ပါဝင်နေပြီးချန်ပီယံရှစ်ကလပ်များစွာတို့ကလည်းစိတ်ဝင်စားနေပါတယ်။

သူ့ကိုထိပ်ဆုံးကစိတ်ဝင်စားနေတဲ့ကလပ်ကဝိန်းရွန်းနီရဲ့ဒါဘီဖြစ်ပါတယ်။ဝိန်းရွန်နီးဟာဖီးလ်ဂျုံးစ်နှင့်မန်ယူတွင်အတူတွဲကစားခဲ့ဖူးကာအမာခံပရိသတ်တစ်ဦးလည်းဖြစ်ပါတယ်။သူဟာလည်းလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာဖီးလ်ဂျုံးစ်ကိုအငှားဖြင့်ခေါ်ယူလိုနေပါတယ်။

ဖီးလ်ဂျုံးစ်ဟာမန်ယူတွင်ပွဲကစားခွင့်ပျောက်ဆုံးနေပေမယ့်လည်းလေ့ကျင့်ရေးကွင်းအစီအစဉ်များတွင်အားသွန်ခွန်စိုက်ကြိုးစားလုပ်ဆောင်မှုနဲ့အတူ ဆိုးလ်ရှားရဲ့ယုံကြည်မှုတဖြည်းဖြည်းရရှိနေတဲ့သူလည်းဖြစ်ပါတယ်။

ဆိုးလ်ရှားဟာလက်ရှိအချိန်တွင်ဗာရိန်းအနားယူနေရမှု၊လင်ဒီလော့ဖ်ရဲ့ကြံ့ခိုင်မှုမပြည့်ဝတို့ကြောင့်လာမယ့်ပွဲများတွင်ဖီးလ်ဂျုံးစ်ကိုအသုံးပြုလာဖို့ရှိနေပါတယ်။

အသက်၂၉နှစ်ရှိဖီးလ်ဂျုံးစ်ဟာ၂၀၂၀ခုနှစ်၊ဇန်နဝါရီလတုန်းကထရန်မီရီအား အနိုင်ရရှိတဲ့အက်ဖ်အေဖလားပွဲတွင်မန်ယူအတွက်နောက်ဆုံးကစားခွင့်ရခဲ့တာဖြစ်ပါတယ်။

ZawGyi

မန္ယူအတြက္ ကစားခြင့္မရတာ ၂၂ လရွိၿပီျဖစ္ေပမယ့္ ကလပ္ ၁၃ ခုတို႔ရဲ႕ပစ္မွတ္ထားျခင္းခံေနရတဲ့ ဖီးလ္ဂ်ဳံးစ္

ဖီးလ္ဂ်ိဳးစ္ဟာမန္ယူအတြက္ကစားခြင့္မရရွိလာခဲ့တာ ၂၂လတိုင္တိုင္ရွိၿပီျဖစ္ေပမယ့္လည္းကလပ္ေပါင္း၁၃ခုတို႔ရဲ႕ပစ္မွတ္ထားျခင္းခံေနရေၾကာင္းသိရပါတယ္။

ဖီးလ္ဂ်ဳံးစ္ဟာဒဏ္ရာျပႆနာမ်ားေၾကာင့္ကာလရွည္ၾကာအနားယူခဲ့ရၿပီးေနာက္ဒဏ္ရာမွျပန္လည္ေကာင္းမြန္လာခ်ိန္တြင္လည္းပြဲကစားခြင့္ေပ်ာက္ဆုံးေနသူျဖစ္ပါတယ္။

ဆိုးလ္ရွားဟာၿပီးခဲ့တဲ့ေႏြရာသီတုန္းကတည္းကဖီးလ္ဂ်ဳံးစ္ကိုေရာင္းရန္စီစဥ္ခဲ့ေပမယ့္ ပြဲၾကပ္ကာလတြင္ဒဏ္ရာျပႆနာမ်ားႀကဳံလာႏိုင္တဲ့အေျခအေန ေၾကာင့္ဇန္နဝါရီလအထိထိန္းသြားရန္ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

ဖီးလ္ဂ်ဳံးစ္ကိုေခၚယူလိုေနတဲ့ကလပ္မ်ားထဲတြင္ပရီးမီးယားလိဂ္ကလပ္မ်ားအျဖစ္ဝက္ဖို႔ဒ္ႏွင့္နယူးကာဆယ္တို႔ပါဝင္ေနၿပီးခ်န္ပီယံရွစ္ကလပ္မ်ားစြာတို႔ကလည္းစိတ္ဝင္စားေနပါတယ္။

သူ႔ကိုထိပ္ဆုံးကစိတ္ဝင္စားေနတဲ့ကလပ္ကဝိန္း႐ြန္းနီရဲ႕ဒါဘီျဖစ္ပါတယ္။ဝိန္း႐ြန္နီးဟာဖီးလ္ဂ်ဳံးစ္ႏွင့္မန္ယူတြင္အတူတြဲကစားခဲ့ဖူးကာအမာခံပရိသတ္တစ္ဦးလည္းျဖစ္ပါတယ္။သူဟာလည္းလာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာဖီးလ္ဂ်ဳံးစ္ကိုအငွားျဖင့္ေခၚယူလိုေနပါတယ္။

ဖီးလ္ဂ်ဳံးစ္ဟာမန္ယူတြင္ပြဲကစားခြင့္ေပ်ာက္ဆုံးေနေပမယ့္လည္းေလ့က်င့္ေရးကြင္းအစီအစဥ္မ်ားတြင္အားသြန္ခြန္စိုက္ႀကိဳးစားလုပ္ေဆာင္မႈနဲ႔အတူ ဆိုးလ္ရွားရဲ႕ယုံၾကည္မႈတျဖည္းျဖည္းရရွိေနတဲ့သူလည္းျဖစ္ပါတယ္။

ဆိုးလ္ရွားဟာလက္ရွိအခ်ိန္တြင္ဗာရိန္းအနားယူေနရမႈ၊လင္ဒီေလာ့ဖ္ရဲ႕ႀကံ့ခိုင္မႈမျပည့္ဝတို႔ေၾကာင့္လာမယ့္ပြဲမ်ားတြင္ဖီးလ္ဂ်ဳံးစ္ကိုအသုံးျပဳလာဖို႔ရွိေနပါတယ္။

အသက္၂၉ႏွစ္ရွိဖီးလ္ဂ်ဳံးစ္ဟာ၂၀၂၀ခုႏွစ္၊ဇန္နဝါရီလတုန္းကထရန္မီရီအား အႏိုင္ရရွိတဲ့အက္ဖ္ေအဖလားပြဲတြင္မန္ယူအတြက္ေနာက္ဆုံးကစားခြင့္ရခဲ့တာျဖစ္ပါတယ္။