မန်ယူအတွက် ဒုတိယမြောက်ပထမဆုံးကစားတဲ့ပွဲမှာ နှစ်ဂိုးသွင်းနိုင်ခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာသူ့ရဲ့မန်ချက်စတာယူနိုက်တက်အတွက်ဒုတိယမြောက်ပထမဆုံးပွဲစဉ်မှာပထမဆုံးဂိုးသွင်းယူနိုင်ဖို့အတွက်၄၇မိနစ်ဘဲအချိန်ယူခဲ့ရပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာယနေ့ညမှာအိုးထရက်ဖို့ဒ်ကွင်းမှာနယူးကာဆယ်အား၄-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာ၂ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။သူဟာပထမပိုင်းပြီးခါနီးမှာမန်ယူအတွက်ဦးဆောင်ဂိုးကိုသွင်းယူနိုင်ပြီးနောက်ဒုတိယဂိုးကိုဒုတိယပိုင်း၁၇မိနစ်မှာသွင်းယူနိုင်ခဲ့ပါတယ်။

နယူးကာဆယ်နှင့်ပွဲမှာ၂ဂိုးသွင်းနိုင်ခဲ့တဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာယင်းသွင်းဂိုး၂ဂိုးကြောင့်မန်ယူအတွက်သွင်းဂိုး၁၂၀ရှိသွားခဲ့ပြီဖြစ်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ယူအတွက်ပထမဂိုးကိုမေဆင်ဂရင်းဝုဒ်ရဲ့ကန်ချက်ကိုနယူးကာဆယ်ဂိုးသမားဖရက်ဒီဝုဒ်မင်းအသေအချာမဖမ်းနိုင်မှုကနေပြန်အံ့ထွက်လာတဲ့ဘောလုံးကနေအပိုင်ပိတ်ပြီးသွင်းယူခဲ့တာဖြစ်ပါတယ်။

မန်ယူရဲ့အပျော်ကိုပွဲချိန်၅၆မိနစ်မှာမင်ကွီလိုကချေပဂိုးသွင်းယူပြီးဖျက်ခဲ့ပါသေးတယ်။ဒါပေမယ့်ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ယူပရိသတ်များပျော်ရွှင်အောင်မန်ယူအတွက်သွင်းယူခဲ့ပါတယ်။လုခ်ရှောရဲ့ပေးပို့မှုကနေခရစ္စတီယာနိုရော်နယ်ဒိုကအပိုင်ကန်သွင်းခဲ့တာဖြစ်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာသူ့ရဲ့ဒုတိယမြောက်ဂိုးကိုသွင်းယူပြီးနောက်သူ့ရဲ့အောင်ပွဲခံပုံစံဖြစ်တဲ့ Siiii ဖြင့်အောင်ပွဲခံခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ယူအတွက်နောက်ဆုံးအကြိမ်ဂိုးသွင်းပြီးနောက်၁၂နှစ်နှင့်၁၂၄ရက်အကြာမှာဂိုးသွင်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

မန်ယူအတွက်ကျန်အနိုင်ဂိုးနှစ်ဂိုးကိုဘရူနိုဖာနန်ဒက်စ်နှင့်လင်ဂတ်တို့သွင်းယူခဲ့ကြပါတယ်။

ZawGyi

မန္ယူအတြက္ ဒုတိယေျမာက္ပထမဆုံးကစားတဲ့ပြဲမွာ ႏွစ္ဂိုးသြင္းႏိုင္ခဲ့တဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာသူ႔ရဲ႕မန္ခ်က္စတာယူႏိုက္တက္အတြက္ဒုတိယေျမာက္ပထမဆုံးပြဲစဥ္မွာပထမဆုံးဂိုးသြင္းယူႏိုင္ဖို႔အတြက္၄၇မိနစ္ဘဲအခ်ိန္ယူခဲ့ရပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယေန႔ညမွာအိုးထရက္ဖို႔ဒ္ကြင္းမွာနယူးကာဆယ္အား၄-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္မွာ၂ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။သူဟာပထမပိုင္းၿပီးခါနီးမွာမန္ယူအတြက္ဦးေဆာင္ဂိုးကိုသြင္းယူႏိုင္ၿပီးေနာက္ဒုတိယဂိုးကိုဒုတိယပိုင္း၁၇မိနစ္မွာသြင္းယူႏိုင္ခဲ့ပါတယ္။

နယူးကာဆယ္ႏွင့္ပြဲမွာ၂ဂိုးသြင္းႏိုင္ခဲ့တဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယင္းသြင္းဂိုး၂ဂိုးေၾကာင့္မန္ယူအတြက္သြင္းဂိုး၁၂၀ရွိသြားခဲ့ၿပီျဖစ္ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္ယူအတြက္ပထမဂိုးကိုေမဆင္ဂရင္းဝုဒ္ရဲ႕ကန္ခ်က္ကိုနယူးကာဆယ္ဂိုးသမားဖရက္ဒီဝုဒ္မင္းအေသအခ်ာမဖမ္းႏိုင္မႈကေနျပန္အံ့ထြက္လာတဲ့ေဘာလုံးကေနအပိုင္ပိတ္ၿပီးသြင္းယူခဲ့တာျဖစ္ပါတယ္။

မန္ယူရဲ႕အေပ်ာ္ကိုပြဲခ်ိန္၅၆မိနစ္မွာမင္ကြီလိုကေခ်ပဂိုးသြင္းယူၿပီးဖ်က္ခဲ့ပါေသးတယ္။ဒါေပမယ့္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္ယူပရိသတ္မ်ားေပ်ာ္႐ႊင္ေအာင္မန္ယူအတြက္သြင္းယူခဲ့ပါတယ္။လုခ္ေရွာရဲ႕ေပးပို႔မႈကေနခရစၥတီယာႏိုေရာ္နယ္ဒိုကအပိုင္ကန္သြင္းခဲ့တာျဖစ္ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာသူ႔ရဲ႕ဒုတိယေျမာက္ဂိုးကိုသြင္းယူၿပီးေနာက္သူ႔ရဲ႕ေအာင္ပြဲခံပုံစံျဖစ္တဲ့ Siiii ျဖင့္ေအာင္ပြဲခံခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္ယူအတြက္ေနာက္ဆုံးအႀကိမ္ဂိုးသြင္းၿပီးေနာက္၁၂ႏွစ္ႏွင့္၁၂၄ရက္အၾကာမွာဂိုးသြင္းႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

မန္ယူအတြက္က်န္အႏိုင္ဂိုးႏွစ္ဂိုးကိုဘ႐ူႏိုဖာနန္ဒက္စ္ႏွင့္လင္ဂတ္တို႔သြင္းယူခဲ့ၾကပါတယ္။