မန်ယူအတွက် ပထမဆုံးဂိုးကို အံ့ဩဖွယ်နောက်လှန်ခေါင်းတိုက်ဂိုးဖြင့် သွင်းယူခဲ့တဲ့အေမက်ဒီရယ်လို

အေမက်ဒီရယ်လိုဟာမန်ယူအတွက်ပထမဆုံးဂိုးကိုလူစားဝင်ရောက်လာပြီးမိနစ်ပိုင်းအတွင်းတွင်သွင်းယူလိုက်နိုင်ခဲ့ပါတယ်။

မနေ့ညတုန်းကအိုးထရက်ဖို့ဒ်ကွင်းတွင်မန်ယူနှင့်အေစီမီလန်တို့တစ်ဂိုးစီသရေကျတဲ့ယူရိုပါလိဂ်၁၆သင်းရှုံးထွက်အ ဆင့်ပထမအကျော့ပွဲစဉ်တွင်ဒီရယ်လိုဟာမန်ယူအတွက်သူ့ရဲ့ပထမဆုံးဂိုးနဲ့မန်ယူအတွက်ဦးဆောင်ဂိုးကိုသွင်းယူခဲ့တာဖြစ်ပါတယ်။

သူဟာဒုတိယပိုင်းမှာဒဏ်ရာရရှိသွားတဲ့အန်တိုနီမာရှယ်အစားလူစားဝင်ရောက်ကစားခဲ့ပါတယ်။သူဟာပွဲချိန်၅၀မိနစ်မှာကွင်းလယ်မှဘရူနိုဖာနန်ဒက်စ်ရဲ့အံ့မခန်းပေးမှုတစ်ခုရရှိခဲ့ပါတယ်။

အသက်၁၈နှစ်အရွယ်ရှိလူငယ်ပါရမီရှင်ဟာဂိုးသမားနဲ့နောက်တန်းအကြားနေရာလွတ်ကိုပိုင်ပိုင်နိုင်နိုင်အသုံးချကာ နောက်လှန်ခေါင်းတိုက်ပြီးမန်ယူအတွက်ဦးဆောင်ဂိုးကိုသွင်းယူခဲ့တာလည်းဖြစ်ပါတယ်။

မန်ယူဟာဒီရယ်လိုရဲ့ဂိုးနဲ့ပွဲကိုဦးဆောင်နိုင်ခဲ့တယ်ဆိုပေမယ့်တိုက်စစ်မြှင့်ကစားလာတဲ့အေစီမီလန်ဟာလည်းဆိုင်မွန်ခါဂျာရဲ့နောက်ကျခေါင်းတိုက်ဂိုးဖြင့်ထိုက်တန်တဲ့ချေပဂိုးပြန်လည်ရရှိသွားခဲ့ပါတယ်။

အိုင်ဗရီကို့စ်လူငယ်ဒီရယ်လိုဟာမန်ယူအတွက်ပထမဆုံးအကြိမ်ဂိုးရနိုင်တဲ့အခွင့်အရေးရရှိခဲ့ရာမှာပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။သူဟာယခုရာသီမှာမန်ယူအတွက်သုံးပွဲကစားခွင့်ရရှိထားပြီးသုံးပွဲလုံးကိုအရန် အဖြစ်ကစားခွင့်ရရှိထားတာပါ။

ဒါ့အပြင်ဒီရယ်လိုဟာအသက်၁၈နှစ်၊၂၄၃ရက်ဖြင့်မန်ယူသမိုင်းတွင်စတုတ္ထအသက်အငယ်ဆုံးဥရောပဂိုးသွင်းယူနိုင်သူအဖြစ်ရပ်တည်လာနိုင်ပါတယ်။လက်ရှိအချိန်တွင်မန်ယူသမိုင်းတွင်အသက်အငယ်ဆုံးဥရောပဂိုးသွင်းယူနိုင်သူ အဖြစ်ဂရင်းဝုဒ်က၁၇နှစ်၊၃၅၃ရက်ဖြင့်ရပ်တည်နေပါတယ်။

ZawGyi

မန္ယူအတြက္ ပထမဆုံးဂိုးကို အံ့ဩဖြယ္ေနာက္လွန္ေခါင္းတိုက္ဂိုးျဖင့္ သြင္းယူခဲ့တဲ့ေအမက္ဒီရယ္လို

ေအမက္ဒီရယ္လိုဟာမန္ယူအတြက္ပထမဆုံးဂိုးကိုလူစားဝင္ေရာက္လာၿပီးမိနစ္ပိုင္းအတြင္းတြင္သြင္းယူလိုက္ႏိုင္ခဲ့ပါတယ္။

မေန႔ညတုန္းကအိုးထရက္ဖို႔ဒ္ကြင္းတြင္မန္ယူႏွင့္ေအစီမီလန္တို႔တစ္ဂိုးစီသေရက်တဲ့ယူ႐ိုပါလိဂ္၁၆သင္းရႈံးထြက္အ ဆင့္ပထမအေက်ာ့ပြဲစဥ္တြင္ဒီရယ္လိုဟာမန္ယူအတြက္သူ႔ရဲ႕ပထမဆုံးဂိုးနဲ႔မန္ယူအတြက္ဦးေဆာင္ဂိုးကိုသြင္းယူခဲ့တာျဖစ္ပါတယ္။

သူဟာဒုတိယပိုင္းမွာဒဏ္ရာရရွိသြားတဲ့အန္တိုနီမာရွယ္အစားလူစားဝင္ေရာက္ကစားခဲ့ပါတယ္။သူဟာပြဲခ်ိန္၅၀မိနစ္မွာကြင္းလယ္မွဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕အံ့မခန္းေပးမႈတစ္ခုရရွိခဲ့ပါတယ္။

အသက္၁၈ႏွစ္အ႐ြယ္ရွိလူငယ္ပါရမီရွင္ဟာဂိုးသမားနဲ႔ေနာက္တန္းအၾကားေနရာလြတ္ကိုပိုင္ပိုင္ႏိုင္ႏိုင္အသုံးခ်ကာ ေနာက္လွန္ေခါင္းတိုက္ၿပီးမန္ယူအတြက္ဦးေဆာင္ဂိုးကိုသြင္းယူခဲ့တာလည္းျဖစ္ပါတယ္။

မန္ယူဟာဒီရယ္လိုရဲ႕ဂိုးနဲ႔ပြဲကိုဦးေဆာင္ႏိုင္ခဲ့တယ္ဆိုေပမယ့္တိုက္စစ္ျမႇင့္ကစားလာတဲ့ေအစီမီလန္ဟာလည္းဆိုင္မြန္ခါဂ်ာရဲ႕ေနာက္က်ေခါင္းတိုက္ဂိုးျဖင့္ထိုက္တန္တဲ့ေခ်ပဂိုးျပန္လည္ရရွိသြားခဲ့ပါတယ္။

အိုင္ဗရီကို႔စ္လူငယ္ဒီရယ္လိုဟာမန္ယူအတြက္ပထမဆုံးအႀကိမ္ဂိုးရႏိုင္တဲ့အခြင့္အေရးရရွိခဲ့ရာမွာပထမဆုံးဂိုးကို သြင္းယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။သူဟာယခုရာသီမွာမန္ယူအတြက္သုံးပြဲကစားခြင့္ရရွိထားၿပီးသုံးပြဲလုံးကိုအရန္ အျဖစ္ကစားခြင့္ရရွိထားတာပါ။

ဒါ့အျပင္ဒီရယ္လိုဟာအသက္၁၈ႏွစ္၊၂၄၃ရက္ျဖင့္မန္ယူသမိုင္းတြင္စတုတၳအသက္အငယ္ဆုံးဥေရာပဂိုးသြင္းယူႏိုင္သူအျဖစ္ရပ္တည္လာႏိုင္ပါတယ္။လက္ရွိအခ်ိန္တြင္မန္ယူသမိုင္းတြင္အသက္အငယ္ဆုံးဥေရာပဂိုးသြင္းယူႏိုင္သူ အျဖစ္ဂရင္းဝုဒ္က၁၇ႏွစ္၊၃၅၃ရက္ျဖင့္ရပ္တည္ေနပါတယ္။