မန်ယူအတွက် ဖလားတစ်လုံးမှ ယူမပေးနိုင်ခဲ့ပေမယ့် မန်ယူထံမှ ပေါင် ၂၆ သန်းသပိတ်ဝင်အိတ်ဝင်ရခဲ့တဲ့ ဆိုးလ်ရှား

အိုလီဂန်းနားဆိုးလ်ရှားဟာမန်ချက်စတာယူနိုက်တက်မန်နေဂျာအဖြစ်တာဝန်ထမ်းဆောင်စဉ်ကာလအတွင်းဆုဖလားတစ်လုံးမျှရယူပေးနိုင်ခဲ့ခြင်းမရှိပေမယ့်လည်းပေါင်၂၆သန်းအထိရရှိခဲ့ပါတယ်။

မန်ယူဂန္ထဝင်တိုက်စစ်မှူးဟာတန်းမဆင်းရရေးတိုက်ပွဲဝင်နေတဲ့ဝက်ဖို့ဒ်အသင်းကို၄-၁ဂိုးဖြင့်အရှက်တကွဲရှုံးနိမ့်ပြီးနောက်ရာထူးမှထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

101Great Goals ကဖော်ပြလာမှုအရဆိုးလ်ရှားဟာမန်ယူနည်းပြအဖြစ်တာဝန်ထမ်းဆောင်စဉ်ကာလအတွင်းတွင်ပေါင်၂၆,၃၃၄,၂၄၇ ရရှိခဲ့ကြောင်းဖော်ပြလာပါတယ်။

ဆိုးလ်ရှားဟာမန်ယူတွင်တစ်ပွဲကိုင်တွယ်တိုင်းပေါင်၁၅၆,၇၅၁ရရှိခဲ့ပြီးပရီးမီးယားလိဂ်နိုင်ပွဲတစ်ပွဲစီတိုင်းအတွက်ပေါင်၂၈၆,၂၄၂ရရှိခဲ့ပါတယ်။

ဆိုးလ်ရှားဟာမန်ယူကိုကိုင်တွယ်စဉ်ကာလအတွင်းတွင်ပေါင်သန်း၃၀နီးပါးအထိရရှိခဲ့ပေမယ့်လည်းအသင်းအတွက်ဆုဖလားတစ်လုံးမျှရယူပေးနိုင်ခဲ့ခြင်းမရှိပါဘူး။ဆိုးလ်ရှားဟာမန်ယူကိုသုံးနှစ်ကိုင်တွယ်စဉ်အတွင်းပေါင်သန်း၃၀နီးပါးရခဲ့ပေမယ့်လည်းပြီးခဲ့တဲ့ဆယ်နှစ်အတွင်းပရီးမီးယားလိဂ်ရဲ့ဝင်ငွေအများဆုံးနည်းပြတော့မဟုတ်ပါဘူး။

မန်ယူနည်းပြဟောင်းဟိုဆေးမော်ရင်ဟိုကချဲလ်ဆီး၊စပါးစ်နှင့်မန်ယူတို့ကိုကိုင်တွယ်စဉ်ကာလအတွင်းတွင်ပေါင်၉၇,၆၇၄,၄၈၀အထိရရှိခဲ့ပြီး ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုအတွင်းတွင်ပရီးမီးယားလိဂ်ရဲ့ဝင်ငွေအများဆုံးနည်းပြအဖြစ်ရပ်တည်နေပါတယ်။

မန်ယူနည်းပြရာထူးအတွက်ရေပန်းစားနေတဲ့မော်ရီစီယိုပိုချက်တီနိုဟာလည်းဆောက်သမ်တန်နှင့်စပါးစ်တို့ကိုကိုင်တွယ်စဉ်ကာလအတွင်းမှာပေါင်၄၅,၈၀၆,၈၄၀ရရှိခဲ့ပါတယ်။

စပါးစ်နည်းပြကွန်တီကပရီးမီးယားလိဂ်တွင်ချဲလ်ဆီးကိုနှစ်ရာသီတည်းသာကိုင်တွယ်ခဲ့ပေမယ့်ပေါင်၂၂,၉၇၁,၅၀၇ရရှိကာပရီးမီးယားလိဂ်ရဲ့တတိယဝင်ငွေအများဆုံးနည်းပြအဖြစ်ရပ်တည်နေပါတယ်။

ZawGyi

မန္ယူအတြက္ ဖလားတစ္လုံးမွ ယူမေပးႏိုင္ခဲ့ေပမယ့္ မန္ယူထံမွ ေပါင္ ၂၆ သန္းသပိတ္ဝင္အိတ္ဝင္ရခဲ့တဲ့ ဆိုးလ္ရွား

အိုလီဂန္းနားဆိုးလ္ရွားဟာမန္ခ်က္စတာယူႏိုက္တက္မန္ေနဂ်ာအျဖစ္တာဝန္ထမ္းေဆာင္စဥ္ကာလအတြင္းဆုဖလားတစ္လုံးမွ်ရယူေပးႏိုင္ခဲ့ျခင္းမရွိေပမယ့္လည္းေပါင္၂၆သန္းအထိရရွိခဲ့ပါတယ္။

မန္ယူဂႏၴဝင္တိုက္စစ္မႉးဟာတန္းမဆင္းရေရးတိုက္ပြဲဝင္ေနတဲ့ဝက္ဖို႔ဒ္အသင္းကို၄-၁ဂိုးျဖင့္အရွက္တကြဲရႈံးနိမ့္ၿပီးေနာက္ရာထူးမွထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

101Great Goals ကေဖာ္ျပလာမႈအရဆိုးလ္ရွားဟာမန္ယူနည္းျပအျဖစ္တာဝန္ထမ္းေဆာင္စဥ္ကာလအတြင္းတြင္ေပါင္၂၆,၃၃၄,၂၄၇ ရရွိခဲ့ေၾကာင္းေဖာ္ျပလာပါတယ္။

ဆိုးလ္ရွားဟာမန္ယူတြင္တစ္ပြဲကိုင္တြယ္တိုင္းေပါင္၁၅၆,၇၅၁ရရွိခဲ့ၿပီးပရီးမီးယားလိဂ္ႏိုင္ပြဲတစ္ပြဲစီတိုင္းအတြက္ေပါင္၂၈၆,၂၄၂ရရွိခဲ့ပါတယ္။

ဆိုးလ္ရွားဟာမန္ယူကိုကိုင္တြယ္စဥ္ကာလအတြင္းတြင္ေပါင္သန္း၃၀နီးပါးအထိရရွိခဲ့ေပမယ့္လည္းအသင္းအတြက္ဆုဖလားတစ္လုံးမွ်ရယူေပးႏိုင္ခဲ့ျခင္းမရွိပါဘူး။ဆိုးလ္ရွားဟာမန္ယူကိုသုံးႏွစ္ကိုင္တြယ္စဥ္အတြင္းေပါင္သန္း၃၀နီးပါးရခဲ့ေပမယ့္လည္းၿပီးခဲ့တဲ့ဆယ္ႏွစ္အတြင္းပရီးမီးယားလိဂ္ရဲ႕ဝင္ေငြအမ်ားဆုံးနည္းျပေတာ့မဟုတ္ပါဘူး။

မန္ယူနည္းျပေဟာင္းဟိုေဆးေမာ္ရင္ဟိုကခ်ဲလ္ဆီး၊စပါးစ္ႏွင့္မန္ယူတို႔ကိုကိုင္တြယ္စဥ္ကာလအတြင္းတြင္ေပါင္၉၇,၆၇၄,၄၈၀အထိရရွိခဲ့ၿပီး ၿပီးခဲ့တဲ့ဆယ္စုႏွစ္တစ္ခုအတြင္းတြင္ပရီးမီးယားလိဂ္ရဲ႕ဝင္ေငြအမ်ားဆုံးနည္းျပအျဖစ္ရပ္တည္ေနပါတယ္။

မန္ယူနည္းျပရာထူးအတြက္ေရပန္းစားေနတဲ့ေမာ္ရီစီယိုပိုခ်က္တီႏိုဟာလည္းေဆာက္သမ္တန္ႏွင့္စပါးစ္တို႔ကိုကိုင္တြယ္စဥ္ကာလအတြင္းမွာေပါင္၄၅,၈၀၆,၈၄၀ရရွိခဲ့ပါတယ္။

စပါးစ္နည္းျပကြန္တီကပရီးမီးယားလိဂ္တြင္ခ်ဲလ္ဆီးကိုႏွစ္ရာသီတည္းသာကိုင္တြယ္ခဲ့ေပမယ့္ေပါင္၂၂,၉၇၁,၅၀၇ရရွိကာပရီးမီးယားလိဂ္ရဲ႕တတိယဝင္ေငြအမ်ားဆုံးနည္းျပအျဖစ္ရပ္တည္ေနပါတယ္။