မန်ယူအတွက် သူခေါ်ယူခဲ့တဲ့ အိုးထရက်ဖို့ဒ်မှနေရာပျောက်ကစားသမားကို ခေါ်ယူဖို့ နီးစပ်နေပြီဖြစ်တဲ့‌မော်ရင်ဟို

ဟိုဆေးမော်ရင်ဟိုဟာရောမသို့မန်ယူနောက်ခံလူဒီယေဂိုဒါလော့အားခေါ်ယူရန်နီးစပ်နေပြီဖြစ်ကြောင်းသိရပါတယ်။Corriere dello Sport ရဲ့ဖော်ပြချက်အရရိုးမားဟာဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်ဒါလော့အားအငှားဖြင့်ခေါ်ယူနိုင်ရေးအတွက်မန်ယူနှင့်ဆွေးနွေးမှုများပြုလုပ်ခဲ့ရာတိုးတက်မှုများရှိနေကြောင်းသိရပါတယ်။

ရိုးမားဟာပေါ်တူဂီညာနောက်ခံလူအားအငှားဖြင့်ခေါ်ယူမှုအတွက်ငှားရမ်းခယူရို၁.၅သန်းပေးရမှာဖြစ်ပြီးရာသီအကုန်တွင်ယူရို၁၅သန်းဖြင့်အပြီးသတ်ခေါ်ယူနိုင်မယ့်အချက်ကိုလည်းထည့်သွင်းသွားပါမယ်။ဒါကြောင့်ရိုးမားအနေဖြင့်ဒါလော့အတွက်စုစုပေါင်းယူရို၁၆.၅သန်းကုန်ကျပါမယ်။

ဒါလော့ဟာပြီးခဲ့တဲ့ရာသီတုန်းကအေစီမီလန်တွင်အငှားဖြင့်ကစားခဲ့စဉ်အတွင်း၃၃ပွဲကစားကာ၂ဂိုးသွင်းယူခဲ့သူဖြစ်ပြီးစီးရီးအေအတွေ့အကြုံရှိသူလည်းဖြစ်ပါတယ်။

အသက်၂၂နှစ်ရှိဒါလော့ဟာနွေရာသီတွင်မန်ယူသို့ပြန်ရောက်လာပြီးနောက်ယခုရာသီတွင်မန်ယူအတွက်၆ပွဲတည်းသာကစားခွင့်ရထားပါတယ်။

မော်ရင်ဟိုဟာမန်ယူကိုကိုင်တွယ်တုန်းက၂၀၁၈ခုနှစ်နွေရာသီတွင်ဒါလော့ကိုပေါ်တိုမှပေါင်၁၉သန်းပေးပြီးခေါ်ယူခဲ့ပါတယ်။

မော်ရင်ဟိုဦးဆောင်တဲ့ရိုးမားဟာရာသီအစတုန်းကစီးရီးအေ၅ပွဲတွင်၄ပွဲအနိုင်ရခဲ့ပေမယ့်နောက်ဆုံး၇ပွဲတွင်၂ပွဲတည်းသာအနိုင်ရရှိကာအမှတ်ပေးဇယားအဆင့်၆သို့အထိဆင်းပေးထားရပါတယ်။ရိုးမားဟာနောက်ဆုံး၇ပွဲတွင်၁၅ဂိုးအထိပေးထားရပါတယ်။

မော်ရင်ဟိုဟာထိပ်ဆုံးလေးသင်းစာရင်းဝင်ကာချန်ပီယံလိဂ်ဝင်ခွင့်ရရှိရန်ပစ်မှတ်ထားနေပြီးဇန်နဝါရီတွင်ခံစစ်ကိုအဓိကအားဖြည့်လိုနေပါတယ်။

ZawGyi

မန္ယူအတြက္ သူေခၚယူခဲ့တဲ့ အိုးထရက္ဖို႔ဒ္မွေနရာေပ်ာက္ကစားသမားကို ေခၚယူဖို႔ နီးစပ္ေနၿပီျဖစ္တဲ့‌ေမာ္ရင္ဟို

ဟိုေဆးေမာ္ရင္ဟိုဟာေရာမသို႔မန္ယူေနာက္ခံလူဒီေယဂိုဒါေလာ့အားေခၚယူရန္နီးစပ္ေနၿပီျဖစ္ေၾကာင္းသိရပါတယ္။Corriere dello Sport ရဲ႕ေဖာ္ျပခ်က္အရ႐ိုးမားဟာဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ဒါေလာ့အားအငွားျဖင့္ေခၚယူႏိုင္ေရးအတြက္မန္ယူႏွင့္ေဆြးေႏြးမႈမ်ားျပဳလုပ္ခဲ့ရာတိုးတက္မႈမ်ားရွိေနေၾကာင္းသိရပါတယ္။

႐ိုးမားဟာေပၚတူဂီညာေနာက္ခံလူအားအငွားျဖင့္ေခၚယူမႈအတြက္ငွားရမ္းခယူ႐ို၁.၅သန္းေပးရမွာျဖစ္ၿပီးရာသီအကုန္တြင္ယူ႐ို၁၅သန္းျဖင့္အၿပီးသတ္ေခၚယူႏိုင္မယ့္အခ်က္ကိုလည္းထည့္သြင္းသြားပါမယ္။ဒါေၾကာင့္႐ိုးမားအေနျဖင့္ဒါေလာ့အတြက္စုစုေပါင္းယူ႐ို၁၆.၅သန္းကုန္က်ပါမယ္။

ဒါေလာ့ဟာၿပီးခဲ့တဲ့ရာသီတုန္းကေအစီမီလန္တြင္အငွားျဖင့္ကစားခဲ့စဥ္အတြင္း၃၃ပြဲကစားကာ၂ဂိုးသြင္းယူခဲ့သူျဖစ္ၿပီးစီးရီးေအအေတြ႕အႀကဳံရွိသူလည္းျဖစ္ပါတယ္။

အသက္၂၂ႏွစ္ရွိဒါေလာ့ဟာေႏြရာသီတြင္မန္ယူသို႔ျပန္ေရာက္လာၿပီးေနာက္ယခုရာသီတြင္မန္ယူအတြက္၆ပြဲတည္းသာကစားခြင့္ရထားပါတယ္။

ေမာ္ရင္ဟိုဟာမန္ယူကိုကိုင္တြယ္တုန္းက၂၀၁၈ခုႏွစ္ေႏြရာသီတြင္ဒါေလာ့ကိုေပၚတိုမွေပါင္၁၉သန္းေပးၿပီးေခၚယူခဲ့ပါတယ္။

ေမာ္ရင္ဟိုဦးေဆာင္တဲ့႐ိုးမားဟာရာသီအစတုန္းကစီးရီးေအ၅ပြဲတြင္၄ပြဲအႏိုင္ရခဲ့ေပမယ့္ေနာက္ဆုံး၇ပြဲတြင္၂ပြဲတည္းသာအႏိုင္ရရွိကာအမွတ္ေပးဇယားအဆင့္၆သို႔အထိဆင္းေပးထားရပါတယ္။႐ိုးမားဟာေနာက္ဆုံး၇ပြဲတြင္၁၅ဂိုးအထိေပးထားရပါတယ္။

ေမာ္ရင္ဟိုဟာထိပ္ဆုံးေလးသင္းစာရင္းဝင္ကာခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိရန္ပစ္မွတ္ထားေနၿပီးဇန္နဝါရီတြင္ခံစစ္ကိုအဓိကအားျဖည့္လိုေနပါတယ္။