မန်ယူအတွက် အရာရာစွန့်လွှတ်လုပ်ဆောင်ပြီး မန်ယူကိုချစ်ကြောင်း ပြသရန် ကစားဖော်များကို စီရော်နယ်ဒိုတောင်းဆိုခဲ့

ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ယူကစားဖော်များအားမန်ယူအတွက်အရာရာစွန့်လွှတ်လုပ်ဆောင်ပြီးမန်ယူအပေါ်ထားတဲ့အချစ်ကိုပြသရန်တောင်းဆိုခဲ့ပါတယ်။

ပေါ်တူဂီစူပါစတားဟာစနေနေ့တုန်းကနယူးကာဆယ်နှင့်ပွဲမတိုင်မီကစားဖော်များကို စိတ်ဓာတ်တက်ကြွရေးစကားပြောခွင့်ရရှိခဲ့ပါတယ်။

ယင်းသို့စကားပြောခွင့်ရရှိလာချိန်တွင်ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ယူသို့တကျော့ပြန်လာမှုမှာဆုဖလားရရုံတင်မဟုတ်နိုင်စိတ်ကိုလည်းယူဆောင်လာခဲ့တာဖြစ်ကြောင်း ပြသလာခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာကစားဖော်များကိုစိတ်ဓာတ်တက်ကြွရေးစကားပြောပြီးနောက်ပွဲကစားချိန်တွင်လည်းသူကိုယ်တိုင်နှစ်ဂိုးသွင်းယူပြီးခြေစွမ်းပြခဲ့ပါတယ်။

မန်ယူအတွင်းလူတစ်ဦးက “ရော်နယ်ဒိုရဲ့ပြောကြားချက်တွေကအရမ်းကိုတွန်းအားကြီးတစ်ခုဖြစ်စေခဲ့ပါတယ်။အားလုံးကိုစိတ်ဓာတ်တက်ကြွစေခဲ့တယ်။တစ်သင်းလုံးရောနည်းပြတွေပါတိတ်တိတ်ဆိတ်ဆိတ်နဲ့နားထောင်ခဲ့ကြတယ်။သူက ‘ငါမန်ယူသို့နှစ်ရာသီ ကစားဖို့လာခဲ့တယ်။ဒီကိုရောက်လာတဲ့ပထမဆုံးအကြောင်းရင်းကဒီကလပ်ကိုချစ်လို့၊ဒုတိယကတော့ဒီကလပ်ရဲ့အဆင့်တိုင်းအဆင့်တိုင်းမှာအနိုင်ရလိုစိတ်ရှိနေလို့။စိတ်ဓာတ်တက်ကြွစေဖို့တစ်ခုတည်းအတွက်လာတာမဟုတ်ဘူး။မင်းတို့အားလုံး အောင်မြင်မှုလိုချင်ရင်နှလုံးသားထဲကနေလှိုက်လှိုက်လှဲလှဲနဲ့ဒီကလပ်ကိုချစ်ဖို့လိုတယ်။စားရမယ်၊အိပ်ရမယ်၊ပြီးတော့ကလပ်အတွက်တိုက်ပွဲဝင်ရမယ်။ကစားရသည်ဖြစ်စေ၊မကစားရသည်ဖြစ်စေကစားဖော်ကိုအားပေးရမယ်။ကလပ်အတွက်ရာနှုန်းပြည့်ပေးဆပ်ရမယ်။ဒီကိုအောင်မြင်မှုရယူဖို့ရောက်လာတာ။အောင်မြင်ရမှပျော်ရမယ်။ငါကတော့ပျော်ချင်တယ်၊မင်းတို့ကော’လို့ပြောခဲ့ပါတယ်”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်ခရစ္စတီယာနိုရော်နယ်ဒိုက၎င်းတို့အသင်းတွင်အောင်မြင်မှုများပြန်လည်ရယူနိုင်ဖို့စွမ်းဆောင်ရည်မြင့်ကစားသမားများရှိထားပြီးဖြစ်ကြောင်းလည်းပြောကြားခဲ့ပါတယ်။

၎င်းက “မင်းတို့အားလုံးကတကယ့်ကိုအံ့ဩစရာကောင်းတဲ့ကစားသမားတွေပါ။မင်းတို့ကိုယုံလို့ ငါဒီကိုရောက်လာတာ။မင်းသာအကောင်းဆုံးကြိုးစားရင်ပရိသတ်တွေကအားပေးမှာပါ။ငါကနိုင်စိတ်လေးဖန်တီးချင်တယ်။တစ်နေ့ငါအနားယူသွားတဲ့အချိန်မှာလည်းနိုင်စိတ်ကကျန်နေခဲ့ဦးမှာပါ။ဒီကစားသမားအုပ်စုကလည်းအရင်တုန်းကငါတို့လုပ်ခဲ့သလိုဘောလုံးလောကကိုလွှမ်းမိုးလာပါဦးမယ်။ငါကတော့အသင်းအတွက်အကောင်းဆုံးကြိုးစားမယ်။ဒါပေမယ့်မင်းတို့ရဲ့အားပေးထောက်ပံ့မှုလိုအပ်တယ်။မင်းတို့အားလုံးတိုက်ပွဲဝင်ဖို့အသင့်ဖြစ်နေပြီလား။မင်းတို့အားလုံးကွင်းထဲမှာဘာမဆိုပေးဆပ်ဖို့အသင့်ဖြစ်နေပြီလား”လို့ပြောကြားခဲ့ပါတယ်။

မန်ယူကစားသမားများဟာရော်နယ်ဒိုရဲ့စကားအဆုံးတွင်လက်ခုပ်ဩဘာပေးခဲ့ကြပါတယ်။

ZawGyi

မန္ယူအတြက္ အရာရာစြန႔္လႊတ္လုပ္ေဆာင္ၿပီး မန္ယူကိုခ်စ္ေၾကာင္း ျပသရန္ ကစားေဖာ္မ်ားကို စီေရာ္နယ္ဒိုေတာင္းဆိုခဲ့

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္ယူကစားေဖာ္မ်ားအားမန္ယူအတြက္အရာရာစြန႔္လႊတ္လုပ္ေဆာင္ၿပီးမန္ယူအေပၚထားတဲ့အခ်စ္ကိုျပသရန္ေတာင္းဆိုခဲ့ပါတယ္။

ေပၚတူဂီစူပါစတားဟာစေနေန႔တုန္းကနယူးကာဆယ္ႏွင့္ပြဲမတိုင္မီကစားေဖာ္မ်ားကို စိတ္ဓာတ္တက္ႂကြေရးစကားေျပာခြင့္ရရွိခဲ့ပါတယ္။

ယင္းသို႔စကားေျပာခြင့္ရရွိလာခ်ိန္တြင္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္ယူသို႔တေက်ာ့ျပန္လာမႈမွာဆုဖလားရ႐ုံတင္မဟုတ္ႏိုင္စိတ္ကိုလည္းယူေဆာင္လာခဲ့တာျဖစ္ေၾကာင္း ျပသလာခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာကစားေဖာ္မ်ားကိုစိတ္ဓာတ္တက္ႂကြေရးစကားေျပာၿပီးေနာက္ပြဲကစားခ်ိန္တြင္လည္းသူကိုယ္တိုင္ႏွစ္ဂိုးသြင္းယူၿပီးေျခစြမ္းျပခဲ့ပါတယ္။

မန္ယူအတြင္းလူတစ္ဦးက “ေရာ္နယ္ဒိုရဲ႕ေျပာၾကားခ်က္ေတြကအရမ္းကိုတြန္းအားႀကီးတစ္ခုျဖစ္ေစခဲ့ပါတယ္။အားလုံးကိုစိတ္ဓာတ္တက္ႂကြေစခဲ့တယ္။တစ္သင္းလုံးေရာနည္းျပေတြပါတိတ္တိတ္ဆိတ္ဆိတ္နဲ႔နားေထာင္ခဲ့ၾကတယ္။သူက ‘ငါမန္ယူသို႔ႏွစ္ရာသီ ကစားဖို႔လာခဲ့တယ္။ဒီကိုေရာက္လာတဲ့ပထမဆုံးအေၾကာင္းရင္းကဒီကလပ္ကိုခ်စ္လို႔၊ဒုတိယကေတာ့ဒီကလပ္ရဲ႕အဆင့္တိုင္းအဆင့္တိုင္းမွာအႏိုင္ရလိုစိတ္ရွိေနလို႔။စိတ္ဓာတ္တက္ႂကြေစဖို႔တစ္ခုတည္းအတြက္လာတာမဟုတ္ဘူး။မင္းတို႔အားလုံး ေအာင္ျမင္မႈလိုခ်င္ရင္ႏွလုံးသားထဲကေနလႈိက္လႈိက္လွဲလွဲနဲ႔ဒီကလပ္ကိုခ်စ္ဖို႔လိုတယ္။စားရမယ္၊အိပ္ရမယ္၊ၿပီးေတာ့ကလပ္အတြက္တိုက္ပြဲဝင္ရမယ္။ကစားရသည္ျဖစ္ေစ၊မကစားရသည္ျဖစ္ေစကစားေဖာ္ကိုအားေပးရမယ္။ကလပ္အတြက္ရာႏႈန္းျပည့္ေပးဆပ္ရမယ္။ဒီကိုေအာင္ျမင္မႈရယူဖို႔ေရာက္လာတာ။ေအာင္ျမင္ရမွေပ်ာ္ရမယ္။ငါကေတာ့ေပ်ာ္ခ်င္တယ္၊မင္းတို႔ေကာ’လို႔ေျပာခဲ့ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္ခရစၥတီယာႏိုေရာ္နယ္ဒိုက၎တို႔အသင္းတြင္ေအာင္ျမင္မႈမ်ားျပန္လည္ရယူႏိုင္ဖို႔စြမ္းေဆာင္ရည္ျမင့္ကစားသမားမ်ားရွိထားၿပီးျဖစ္ေၾကာင္းလည္းေျပာၾကားခဲ့ပါတယ္။

၎က “မင္းတို႔အားလုံးကတကယ့္ကိုအံ့ဩစရာေကာင္းတဲ့ကစားသမားေတြပါ။မင္းတို႔ကိုယုံလို႔ ငါဒီကိုေရာက္လာတာ။မင္းသာအေကာင္းဆုံးႀကိဳးစားရင္ပရိသတ္ေတြကအားေပးမွာပါ။ငါကႏိုင္စိတ္ေလးဖန္တီးခ်င္တယ္။တစ္ေန႔ငါအနားယူသြားတဲ့အခ်ိန္မွာလည္းႏိုင္စိတ္ကက်န္ေနခဲ့ဦးမွာပါ။ဒီကစားသမားအုပ္စုကလည္းအရင္တုန္းကငါတို႔လုပ္ခဲ့သလိုေဘာလုံးေလာကကိုလႊမ္းမိုးလာပါဦးမယ္။ငါကေတာ့အသင္းအတြက္အေကာင္းဆုံးႀကိဳးစားမယ္။ဒါေပမယ့္မင္းတို႔ရဲ႕အားေပးေထာက္ပံ့မႈလိုအပ္တယ္။မင္းတို႔အားလုံးတိုက္ပြဲဝင္ဖို႔အသင့္ျဖစ္ေနၿပီလား။မင္းတို႔အားလုံးကြင္းထဲမွာဘာမဆိုေပးဆပ္ဖို႔အသင့္ျဖစ္ေနၿပီလား”လို႔ေျပာၾကားခဲ့ပါတယ္။

မန္ယူကစားသမားမ်ားဟာေရာ္နယ္ဒိုရဲ႕စကားအဆုံးတြင္လက္ခုပ္ဩဘာေပးခဲ့ၾကပါတယ္။