မန်ယူအပေါ် အချစ်ကြီးမှုကြောင့် မန်စီးတီးသို့ ဘယ်တော့မှ ပြောင်းမှာမဟုတ်တဲ့ ပီကေး

ဘာစီလိုနာဗဟိုနောက်ခံလူဂါရတ်ပီကေးကမန်ယူအပေါ်သူ့ရဲ့ချစ်မြတ်နိုးမှုအလွန်ကြီးမားမှုကြောင့်မန်ယူရဲ့ပြိုင်ဘက်မန်စီးတီးသို့ပြောင်းရွှေ့ကစားမည်မဟုတ်ကြောင်းပြောကြားလာပါတယ်။

အသက်၃၄နှစ်ရှိပီကေးဟာမန်ယူတွင်၂၀၀၄ခုနှစ်မှ၂၀၀၈ခုနှစ်အတွင်းလေးရာသီကြာကစားခဲ့သူဖြစ်ပြီး၂၀၁၆ခုနှစ်တုန်းကမန်စီးတီးသို့ဂွါဒီယိုလာရောက်လာစဉ်တုန်းကမန်စီးတီးရဲ့ဆက်သွယ်ခြင်းခံခဲ့ရဖူးပါတယ်။

ဂွါဒီယိုလာဟာမန်စီးတီးသို့ရောက်လာပြီးနောက်အသင်းကိုအကြီးအကျယ်ပြောင်းလဲမှုပြုလုပ်သွားမှာဖြစ်ပြီးပီကေးမှာလည်းအဓိကပစ်မှတ်ဖြစ်ခဲ့ဖူးပါတယ်။

ဒါပေမယ့်ပီကေးက “ကျွန်တော့်အတွက်မန်ယူကိုချစ်တဲ့အချစ်ကအရမ်းကြီးမားနေတော့ဂွါဒီယိုလာရှိနေတယ်ဆိုရင်တောင်မန်စီးတီးသို့ပြောင်းကစားဖို့စဉ်းစားဖို့တော်တော်ခက်ခဲတဲ့အရာပါ”လို့ပြောကြားခဲ့ပါတယ်။

ပီကေးကအသင်းဟောင်းမန်ယူအပေါ်ချစ်မြတ်နိုးမှုကြောင့်မြို့ခံပြိုင်ဘက်မန်စီးတီးသို့ပြောင်းကစားမှာမဟုတ်ဘူးလို့ပြောကြားခဲ့ပေမယ့်မန်ယူစူပါစတားဟောင်းခရစ္စတီယာနိုရော်နယ်ဒိုကတော့မန်စီးတီးသို့ပြောင်းဖို့လုပ်ဆောင်နေကြောင်းသိရပါတယ်။

မန်ယူအတွက်၂၉၂ပွဲကစားကာ၁၁၈ဂိုးသွင်းခဲ့တဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာ၂၀၁၅ခုနှစ်တုန်းကဘီဘီစီနှင့်အင်တာဗျူးတွင်မန်စီးတီးသို့ပြောင်းကစားမှာမဟုတ်ကြောင်းပြောကြားခဲ့ဖူးပါတယ်။

ရော်နယ်ဒိုက “ငွေကကျွန်တော့်စိတ်ကိုပြောင်းလဲစေနိုင်တယ်လို့ထင်လား။ကျွန်တော်ကတော့မထင်ပါဘူး။ငွေကြောင့်ဆိုရင်တော့ကာတာသို့ပဲသွားကစားလိုက်ပါမယ်။အဲဒီမှာဆိုမန်စီးတီးထက်တောင်ငွေရနိုင်ပါသေးတယ်။ငွေနဲ့မဆိုင်ပါဘူး။တပ်မက်ခြင်းနဲ့ပဲဆိုင်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်မန်စီးတီးဟာဟယ်ရီကိန်းကိုမခေါ်ယူနိုင်မှုကြောင့်ခရစ္စတီယာနိုရော်နယ်ဒိုဟာတစ်နှစ်လုပ်ခပေါင်၁၂.၈သန်းတန်၂နှစ်စာချုပ်ကမ်းလှမ်းထားကြောင်းသိရပါတယ်။

ZawGyi

မန္ယူအေပၚ အခ်စ္ႀကီးမႈေၾကာင့္ မန္စီးတီးသို႔ ဘယ္ေတာ့မွ ေျပာင္းမွာမဟုတ္တဲ့ ပီေကး

ဘာစီလိုနာဗဟိုေနာက္ခံလူဂါရတ္ပီေကးကမန္ယူအေပၚသူ႔ရဲ႕ခ်စ္ျမတ္ႏိုးမႈအလြန္ႀကီးမားမႈေၾကာင့္မန္ယူရဲ႕ၿပိဳင္ဘက္မန္စီးတီးသို႔ေျပာင္းေ႐ႊ႕ကစားမည္မဟုတ္ေၾကာင္းေျပာၾကားလာပါတယ္။

အသက္၃၄ႏွစ္ရွိပီေကးဟာမန္ယူတြင္၂၀၀၄ခုႏွစ္မွ၂၀၀၈ခုႏွစ္အတြင္းေလးရာသီၾကာကစားခဲ့သူျဖစ္ၿပီး၂၀၁၆ခုႏွစ္တုန္းကမန္စီးတီးသို႔ဂြါဒီယိုလာေရာက္လာစဥ္တုန္းကမန္စီးတီးရဲ႕ဆက္သြယ္ျခင္းခံခဲ့ရဖူးပါတယ္။

ဂြါဒီယိုလာဟာမန္စီးတီးသို႔ေရာက္လာၿပီးေနာက္အသင္းကိုအႀကီးအက်ယ္ေျပာင္းလဲမႈျပဳလုပ္သြားမွာျဖစ္ၿပီးပီေကးမွာလည္းအဓိကပစ္မွတ္ျဖစ္ခဲ့ဖူးပါတယ္။

ဒါေပမယ့္ပီေကးက “ကြၽန္ေတာ့္အတြက္မန္ယူကိုခ်စ္တဲ့အခ်စ္ကအရမ္းႀကီးမားေနေတာ့ဂြါဒီယိုလာရွိေနတယ္ဆိုရင္ေတာင္မန္စီးတီးသို႔ေျပာင္းကစားဖို႔စဥ္းစားဖို႔ေတာ္ေတာ္ခက္ခဲတဲ့အရာပါ”လို႔ေျပာၾကားခဲ့ပါတယ္။

ပီေကးကအသင္းေဟာင္းမန္ယူအေပၚခ်စ္ျမတ္ႏိုးမႈေၾကာင့္ၿမိဳ႕ခံၿပိဳင္ဘက္မန္စီးတီးသို႔ေျပာင္းကစားမွာမဟုတ္ဘူးလို႔ေျပာၾကားခဲ့ေပမယ့္မန္ယူစူပါစတားေဟာင္းခရစၥတီယာႏိုေရာ္နယ္ဒိုကေတာ့မန္စီးတီးသို႔ေျပာင္းဖို႔လုပ္ေဆာင္ေနေၾကာင္းသိရပါတယ္။

မန္ယူအတြက္၂၉၂ပြဲကစားကာ၁၁၈ဂိုးသြင္းခဲ့တဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ၂၀၁၅ခုႏွစ္တုန္းကဘီဘီစီႏွင့္အင္တာဗ်ဴးတြင္မန္စီးတီးသို႔ေျပာင္းကစားမွာမဟုတ္ေၾကာင္းေျပာၾကားခဲ့ဖူးပါတယ္။

ေရာ္နယ္ဒိုက “ေငြကကြၽန္ေတာ့္စိတ္ကိုေျပာင္းလဲေစႏိုင္တယ္လို႔ထင္လား။ကြၽန္ေတာ္ကေတာ့မထင္ပါဘူး။ေငြေၾကာင့္ဆိုရင္ေတာ့ကာတာသို႔ပဲသြားကစားလိုက္ပါမယ္။အဲဒီမွာဆိုမန္စီးတီးထက္ေတာင္ေငြရႏိုင္ပါေသးတယ္။ေငြနဲ႔မဆိုင္ပါဘူး။တပ္မက္ျခင္းနဲ႔ပဲဆိုင္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ဒါေပမယ့္မန္စီးတီးဟာဟယ္ရီကိန္းကိုမေခၚယူႏိုင္မႈေၾကာင့္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာတစ္ႏွစ္လုပ္ခေပါင္၁၂.၈သန္းတန္၂ႏွစ္စာခ်ဳပ္ကမ္းလွမ္းထားေၾကာင္းသိရပါတယ္။