မန်ယူအဝတ်အစားလဲခန်းအတွင်း စည်းစည်းလုံးလုံးရှိနေစေရန် ခရစ္စတီယာနိုရော်နယ်ဒို လုပ်ဆောင်ထား

ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ချက်စတာယူနိုက်တက်အဝတ်အစားလဲခန်းအတွင်းတွင်ကစားသမားများအကြားစည်းစည်းလုံးလုံးရှိနေစေရန်လုပ်ဆောင်နေကြောင်းသိရပါတယ်။

မန်ချက်စတာညနေခင်းသတင်းစာရဲ့ဖော်ပြချက်အရခရစ္စတီယာနိုရော်နယ်ဒိုဟာဖိအားများကြုံနေရတဲ့နည်းပြအိုလီဂန်းနားဆိုးလ်ရှားအတွက်ဖိအားဖြစ်စေမယ့်အရာများမလုပ်ကြရန်ကစားဖော်များကိုတိုက်တွန်းမှုပြုလုပ်ထားပါတယ်။

အိုလီဂန်းနားဆိုးလ်ရှားဟာအိုးထရက်ဖို့ဒ်တွင်လီဗာပူးကို၅-၀ဂိုးဖြင့်ရှုံးနိမ့်မှုကြောင့်ရာထူးမှထုတ်ပယ်ခြင်းမခံခဲ့ရပေမယ့်လည်းစနေနေ့စပါးစ်နှင့်ပွဲတွင်ဆက်လက်ရှုံးနိမ့်ပါကရာထူးမှထုတ်ပယ်ခြင်းခံရဖို့သေချာနေပါတယ်။

လီဗာပူးအားရှုံးနိမ့်ပြီးနောက်တွင်မန်ယူအသင်းအကြားသဘောထားကွဲလွဲမှုများရှိလာခဲ့ပေမယ့်ခရစ္စတီယာနိုရော်နယ်ဒိုဟာကစားသမားများအကြားစည်းစည်းလုံးလုံးရှိနေကာယခုအပတ်စပါးစ်နှင့်ပွဲတွင်အနိုင်လမ်းကြောင်းပေါ်သို့ရောက်ရေးအတွက်လုပ်ဆောင်နေပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုကယခုအပတ်စပါးစ်နှင့်ပွဲတွင်၎င်းတို့အသင်း သေချာပေါက်အနိုင်ယူနိုင်စွမ်းရှိနေတယ်လို့အပြည့်အဝယုံကြည်နေပါတယ်။

မန်ယူကစားသမားများအကြားတွင်လက်စတာမှရောက်လာပြီးနောက်ခြောက်လခန့်အကြာတွင်ပင်ဟယ်ရီမက်ဂွိုင်းယားအားအသင်းခေါင်းဆောင်အဖြစ်ခန့်အပ်မှု၊ကစားသမားအများစုတို့အားအခွင့်အရေးမပေးခြင်း၊ဆိုးလ်ရှားရဲ့လေ့ကျင့်ရေးစနစ်များမှာအခြေခံစနစ်အဆင့်မျှသာရှိနေခြင်းတို့အတွက်သဘောထားကွဲမှုများဖြစ်နေပါတယ်။

ZawGyi

မန္ယူအဝတ္အစားလဲခန္းအတြင္း စည္းစည္းလုံးလုံးရွိေနေစရန္ ခရစၥတီယာႏိုေရာ္နယ္ဒို လုပ္ေဆာင္ထား

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္ခ်က္စတာယူႏိုက္တက္အဝတ္အစားလဲခန္းအတြင္းတြင္ကစားသမားမ်ားအၾကားစည္းစည္းလုံးလုံးရွိေနေစရန္လုပ္ေဆာင္ေနေၾကာင္းသိရပါတယ္။

မန္ခ်က္စတာညေနခင္းသတင္းစာရဲ႕ေဖာ္ျပခ်က္အရခရစၥတီယာႏိုေရာ္နယ္ဒိုဟာဖိအားမ်ားႀကဳံေနရတဲ့နည္းျပအိုလီဂန္းနားဆိုးလ္ရွားအတြက္ဖိအားျဖစ္ေစမယ့္အရာမ်ားမလုပ္ၾကရန္ကစားေဖာ္မ်ားကိုတိုက္တြန္းမႈျပဳလုပ္ထားပါတယ္။

အိုလီဂန္းနားဆိုးလ္ရွားဟာအိုးထရက္ဖို႔ဒ္တြင္လီဗာပူးကို၅-၀ဂိုးျဖင့္ရႈံးနိမ့္မႈေၾကာင့္ရာထူးမွထုတ္ပယ္ျခင္းမခံခဲ့ရေပမယ့္လည္းစေနေန႔စပါးစ္ႏွင့္ပြဲတြင္ဆက္လက္ရႈံးနိမ့္ပါကရာထူးမွထုတ္ပယ္ျခင္းခံရဖို႔ေသခ်ာေနပါတယ္။

လီဗာပူးအားရႈံးနိမ့္ၿပီးေနာက္တြင္မန္ယူအသင္းအၾကားသေဘာထားကြဲလြဲမႈမ်ားရွိလာခဲ့ေပမယ့္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာကစားသမားမ်ားအၾကားစည္းစည္းလုံးလုံးရွိေနကာယခုအပတ္စပါးစ္ႏွင့္ပြဲတြင္အႏိုင္လမ္းေၾကာင္းေပၚသို႔ေရာက္ေရးအတြက္လုပ္ေဆာင္ေနပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုကယခုအပတ္စပါးစ္ႏွင့္ပြဲတြင္၎တို႔အသင္း ေသခ်ာေပါက္အႏိုင္ယူႏိုင္စြမ္းရွိေနတယ္လို႔အျပည့္အဝယုံၾကည္ေနပါတယ္။

မန္ယူကစားသမားမ်ားအၾကားတြင္လက္စတာမွေရာက္လာၿပီးေနာက္ေျခာက္လခန႔္အၾကာတြင္ပင္ဟယ္ရီမက္ဂြိဳင္းယားအားအသင္းေခါင္းေဆာင္အျဖစ္ခန႔္အပ္မႈ၊ကစားသမားအမ်ားစုတို႔အားအခြင့္အေရးမေပးျခင္း၊ဆိုးလ္ရွားရဲ႕ေလ့က်င့္ေရးစနစ္မ်ားမွာအေျခခံစနစ္အဆင့္မွ်သာရွိေနျခင္းတို႔အတြက္သေဘာထားကြဲမႈမ်ားျဖစ္ေနပါတယ္။