မန်ယူအသင်းပင်နယ်တီမရမှုမှာကလော့ပ်ကြောင့်

မန်ချက်စတာယူနိုက်တက်နည်းပြအိုလီဂန်းနားဆိုးလ်ရှားကယခုရာသီတွင်မန်ယူအသင်း ပင်နယ်တီမရရှိခြင်းမှာလီဗာပူးနည်းပြဂျာဂင်ကလော့ပ်ကြောင့်လို့ဝေဖန်ပြောကြားလိုက်ပါတယ်။

ဆိုးလ်ရှားကကလော့ပ်ရဲ့မန်ယူအသင်း ပြီးခဲ့တဲ့ရာသီတုန်းကပင်နယ်တီများရရှိမှုအပေါ်ထောက်ပြပြောဆိုခြင်းကြောင့်ဒိုင်လူကြီးများမှာမန်ယူကိုပင်နယ်တီပေးရန်နောက်တွန့်နေကြောင်းပြောကြားခဲ့ပါတယ်။

မန်ယူဟာပြီးခဲ့တဲ့အပတ်တုန်းကဝက်စ်ဟမ်းအား၂-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာအနည်ဆုံးပင်နယ်တီတစ်ကြိမ်ရရှိခဲ့သင့်ပေမယ့်မရရှိခဲ့ပါဘူး။

ဆိုးလ်ရှားက “ကျွန်တော်တို့ရသင့်ရထိုက်တာရဖို့ဘဲမျှော်လင့်တာပါ။နောက်ဆုံးနှစ်ပွဲမှာပင်နယ်တီသုံးကြိမ်ရသင့်တယ်။ပြီးခဲ့တဲ့ရာသီတုန်းကကျွန်တော်တို့ပင်နယ်တီရမှာအရမ်းကြောက်တဲ့နည်းပြတစ်ဦးရှိခဲ့တယ်။သူ့ရဲ့ညည်းတွားနေမှုကြောင့်ကျွန်တော်တို့ကိုပင်နယ်တီပေးဖို့နောက်တွန့်လာကြပါတယ်။သူပြောဆိုပြီးတဲ့နောက်မှာအရမ်းကွဲပြားလာတာတွေ့ခဲ့ရပါတယ်။တကယ်ဆိုဒိုင်လူကြီးတွေကိုလွတ်လပ်စွာဆုံးဖြတ်ခွင့်ပေးသင့်ပါတယ်။သင့်တော်တဲ့တောင်းဆိုမှုဘဲပြုလုပ်လာဖို့မျှော်လင့်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

လီဗာပူးနည်းပြကလော့ပ်ဟာဇန်နဝါရီလတုန်းကစိန့်မေရီတွင်ဆောက်သမ်တန်ကိုရှုံးနိမ့်ပြီးနောက်မန်ယူအသင်းပင်နယ်တီများရရှိမှုအပေါ်မေးခွန်းထုတ်ခဲ့တာဖြစ်ပါတယ်။မန်ယူဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကပင်နယ်တီ၁၀ကြိမ်ရရှိခဲ့ပြီးလီဗာပူးထက်လေးကြိမ်ပိုမိုရရှိခဲ့ပါတယ်။

ZawGyi

မန္ယူအသင္း ပင္နယ္တီမရမႈမွာ ကေလာ့ပ္ေၾကာင့္လို႔ ဆိုးလ္ရွားအျပစ္တင္

မန္ခ်က္စတာယူႏိုက္တက္နည္းျပအိုလီဂန္းနားဆိုးလ္ရွားကယခုရာသီတြင္မန္ယူအသင္း ပင္နယ္တီမရရွိျခင္းမွာလီဗာပူးနည္းျပဂ်ာဂင္ကေလာ့ပ္ေၾကာင့္လို႔ေဝဖန္ေျပာၾကားလိုက္ပါတယ္။

ဆိုးလ္ရွားကကေလာ့ပ္ရဲ႕မန္ယူအသင္း ၿပီးခဲ့တဲ့ရာသီတုန္းကပင္နယ္တီမ်ားရရွိမႈအေပၚ ေထာက္ျပေျပာဆိုျခင္းေၾကာင့္ဒိုင္လူႀကီးမ်ားမွာမန္ယူကိုပင္နယ္တီေပးရန္ေနာက္တြန႔္ေနေၾကာင္းေျပာၾကားခဲ့ပါတယ္။

မန္ယူဟာၿပီးခဲ့တဲ့အပတ္တုန္းကဝက္စ္ဟမ္းအား၂-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္မွာအနည္ဆုံးပင္နယ္တီတစ္ႀကိမ္ရရွိခဲ့သင့္ေပမယ့္မရရွိခဲ့ပါဘူး။

ဆိုးလ္ရွားက “ကြၽန္ေတာ္တို႔ရသင့္ရထိုက္တာရဖို႔ဘဲေမွ်ာ္လင့္တာပါ။ေနာက္ဆုံးႏွစ္ပြဲမွာပင္နယ္တီသုံးႀကိမ္ရသင့္တယ္။ၿပီးခဲ့တဲ့ရာသီတုန္းကကြၽန္ေတာ္တို႔ပင္နယ္တီရမွာအရမ္းေၾကာက္တဲ့နည္းျပတစ္ဦးရွိခဲ့တယ္။သူ႔ရဲ႕ညည္းတြားေနမႈေၾကာင့္ကြၽန္ေတာ္တို႔ကိုပင္နယ္တီေပးဖို႔ေနာက္တြန႔္လာၾကပါတယ္။သူေျပာဆိုၿပီးတဲ့ေနာက္မွာအရမ္းကြဲျပားလာတာေတြ႕ခဲ့ရပါတယ္။တကယ္ဆိုဒိုင္လူႀကီးေတြကိုလြတ္လပ္စြာဆုံးျဖတ္ခြင့္ေပးသင့္ပါတယ္။သင့္ေတာ္တဲ့ေတာင္းဆိုမႈဘဲျပဳလုပ္လာဖို႔ေမွ်ာ္လင့္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

လီဗာပူးနည္းျပကေလာ့ပ္ဟာဇန္နဝါရီလတုန္းကစိန႔္ေမရီတြင္ေဆာက္သမ္တန္ကိုရႈံးနိမ့္ၿပီးေနာက္မန္ယူအသင္းပင္နယ္တီမ်ားရရွိမႈအေပၚေမးခြန္းထုတ္ခဲ့တာျဖစ္ပါတယ္။မန္ယူဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကပင္နယ္တီ၁၀ႀကိမ္ရရွိခဲ့ၿပီးလီဗာပူးထက္ေလးႀကိမ္ပိုမိုရရွိခဲ့ပါတယ္။