မပျော်မရွှင်ဖြစ်နေတဲ့ ရီးရဲလ်မက်ဒရစ်စူပါစတားအပေါ် ဆက်လက်ယုံကြည်ပေးရန် အန်ဆယ်လော့တီတိုက်တွန်းခံရ

အေဒင်ဟာဇက်ဟာရီးရဲလ်မက်ဒရစ်အသင်းတွင်ဘောလုံးနှင့်ပတ်သက်ပြီးစိတ်မကောင်းဖြစ်နေပြီးယင်းသို့ကြုံရခြင်းမှာပထမဆုံးဖြစ်ကြောင်း ဘယ်လ်ဂျီယံနည်းပြရောဘတ်တိုမာတီနက်ဇ်ကပြောကြားလာပါတယ်။

အသက်၃၀နှစ်ရှိဘယ်လ်ဂျီယံအသင်းခေါင်းဆောင်ဟာ၂၀၁၉ခုနှစ်နွေရာသီတွင်ချဲလ်ဆီးမှပြောင်းလာပြီးနောက်ရီးရဲလ်မက်ဒရစ်တွင်ဒဏ်ရာပြဿနာများစွာနှင့်ကြုံနေရပါတယ်။

အေဒင်ဟာဇက်ဟာယခုရာသီတွင်ရီးရဲလ်မက်ဒရစ်အတွက်လာလီဂါပွဲ၁၀ပွဲတွင်၄ပွဲတည်းသာပွဲထွက်ခွင့်ရထားပြီး၁ကြိမ်တည်းသာဖန်တီးထားနိုင်ကာဂိုးသွင်းနိုင်ခြင်းမရှိသေးပါဘူး။

ဟာဇက်ဟာဗီနီစီးယပ်စ်ဂျူနီယာခြေစွမ်းပြနေမှုနဲ့အတူနေရာရရှိရန်ရုန်းကန်လာရတာဖြစ်ပြီးပရီးမီးယားလိဂ်သို့ပြန်မယ်လို့သတင်းထွက်နေပါတယ်။

ချဲလ်ဆီးကသူ့ကိုစတမ်းဖို့ဒ်ဘရစ်ချ်သို့ပြန်လည်ခေါ်ဆောင်လိုနေသလိုနယူးကာဆယ်ကလည်းစိတ်ဝင်စားနေပါတယ်။

မာတီနက်ဇ်က “ဟာဇက်ဟာရီးရဲလ်မက်ဒရစ်သို့ရောက်ပြီးတဲ့နောက်ကြံ့ခိုင်မှုပိုင်းအကောင်းဆုံးအနေအထားမှာရှိပါတယ်။သူဟာဘောလုံးနဲ့ပတ်သက်တဲ့အပိုင်းမှာတော့စိတ်မကောင်းဖြစ်နေပါတယ်။သူကဒီလိုအခြေအနေမျိုးကြုံရတာပထမဆုံးအကြိမ်ဖြစ်ပါတယ်။သူကအနိုင်စီမံကိန်းတွေကိုအမြဲဦးဆောင်လာခဲ့တဲ့သူပါ။အခုသူ့မှာတာဝန်တောင်မရှိတော့ပါဘူး။သူကပါရမီရှင်ဘောလုံးသမားတစ်ဦးပါ။ဒါကတော့ဘယ်တော့မှပျောက်ကွယ်သွားမှာမဟုတ်ပါဘူး။သူ့အပေါ်မှာဆက်ပြီးတော့ယုံကြည်ဖို့လိုပါတယ်”လို့ပြောကြားသွားပါတယ်။

ရီးရဲလ်မက်ဒရစ်နှင့်၂၀၂၄ခုနှစ်တွင်စာချုပ်သက်တမ်းကုန်ဆုံးမယ့်ဟာဇက်ဟာရီးရဲလ်မက်ဒရစ်အတွက်ကစားတဲ့သုံးရာသီတွင်၅၄ပွဲတည်းသာကစားထားနိုင်ကာ၅ဂိုးတည်းသာသွင်းထားနိုင်ပါတယ်။

ရီးရဲလ်မက်ဒရစ်နည်းပြကာလိုအန်ဆယ်လော့တီကမူအသင်းတွင်မပျော်ရွှင်တော့တဲ့ကစားသမားအနေဖြင့်ထွက်ခွာလိုပါကတားဆီးသွားမှာမဟုတ်ကြောင်းဆိုထားပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာလာလီဂါအမှတ်ပေးဇယားဒုတိယနေရာမှာရပ်တည်နေပြီးတနင်္ဂနွေနေ့တွင်ဂရန်နာဒါနှင့်ရင်ဆိုင်ကစားရပါမယ်။

ZawGyi

မေပ်ာ္မ႐ႊင္ျဖစ္ေနတဲ့ ရီးရဲလ္မက္ဒရစ္စူပါစတားအေပၚ ဆက္လက္ယုံၾကည္ေပးရန္ အန္ဆယ္ေလာ့တီတိုက္တြန္းခံရ

ေအဒင္ဟာဇက္ဟာရီးရဲလ္မက္ဒရစ္အသင္းတြင္ေဘာလုံးႏွင့္ပတ္သက္ၿပီးစိတ္မေကာင္းျဖစ္ေနၿပီးယင္းသို႔ႀကဳံရျခင္းမွာပထမဆုံးျဖစ္ေၾကာင္း ဘယ္လ္ဂ်ီယံနည္းျပေရာဘတ္တိုမာတီနက္ဇ္ကေျပာၾကားလာပါတယ္။

အသက္၃၀ႏွစ္ရွိဘယ္လ္ဂ်ီယံအသင္းေခါင္းေဆာင္ဟာ၂၀၁၉ခုႏွစ္ေႏြရာသီတြင္ခ်ဲလ္ဆီးမွေျပာင္းလာၿပီးေနာက္ရီးရဲလ္မက္ဒရစ္တြင္ဒဏ္ရာျပႆနာမ်ားစြာႏွင့္ႀကဳံေနရပါတယ္။

ေအဒင္ဟာဇက္ဟာယခုရာသီတြင္ရီးရဲလ္မက္ဒရစ္အတြက္လာလီဂါပြဲ၁၀ပြဲတြင္၄ပြဲတည္းသာပြဲထြက္ခြင့္ရထားၿပီး၁ႀကိမ္တည္းသာဖန္တီးထားႏိုင္ကာဂိုးသြင္းႏိုင္ျခင္းမရွိေသးပါဘူး။

ဟာဇက္ဟာဗီနီစီးယပ္စ္ဂ်ဴနီယာေျခစြမ္းျပေနမႈနဲ႔အတူေနရာရရွိရန္႐ုန္းကန္လာရတာျဖစ္ၿပီးပရီးမီးယားလိဂ္သို႔ျပန္မယ္လို႔သတင္းထြက္ေနပါတယ္။

ခ်ဲလ္ဆီးကသူ႔ကိုစတမ္းဖို႔ဒ္ဘရစ္ခ်္သို႔ျပန္လည္ေခၚေဆာင္လိုေနသလိုနယူးကာဆယ္ကလည္းစိတ္ဝင္စားေနပါတယ္။

မာတီနက္ဇ္က “ဟာဇက္ဟာရီးရဲလ္မက္ဒရစ္သို႔ေရာက္ၿပီးတဲ့ေနာက္ႀကံ့ခိုင္မႈပိုင္းအေကာင္းဆုံးအေနအထားမွာရွိပါတယ္။သူဟာေဘာလုံးနဲ႔ပတ္သက္တဲ့အပိုင္းမွာေတာ့စိတ္မေကာင္းျဖစ္ေနပါတယ္။သူကဒီလိုအေျခအေနမ်ိဳးႀကဳံရတာပထမဆုံးအႀကိမ္ျဖစ္ပါတယ္။သူကအႏိုင္စီမံကိန္းေတြကိုအၿမဲဦးေဆာင္လာခဲ့တဲ့သူပါ။အခုသူ႔မွာတာဝန္ေတာင္မရွိေတာ့ပါဘူး။သူကပါရမီရွင္ေဘာလုံးသမားတစ္ဦးပါ။ဒါကေတာ့ဘယ္ေတာ့မွေပ်ာက္ကြယ္သြားမွာမဟုတ္ပါဘူး။သူ႔အေပၚမွာဆက္ၿပီးေတာ့ယုံၾကည္ဖို႔လိုပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ရီးရဲလ္မက္ဒရစ္ႏွင့္၂၀၂၄ခုႏွစ္တြင္စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ဟာဇက္ဟာရီးရဲလ္မက္ဒရစ္အတြက္ကစားတဲ့သုံးရာသီတြင္၅၄ပြဲတည္းသာကစားထားႏိုင္ကာ၅ဂိုးတည္းသာသြင္းထားႏိုင္ပါတယ္။

ရီးရဲလ္မက္ဒရစ္နည္းျပကာလိုအန္ဆယ္ေလာ့တီကမူအသင္းတြင္မေပ်ာ္႐ႊင္ေတာ့တဲ့ကစားသမားအေနျဖင့္ထြက္ခြာလိုပါကတားဆီးသြားမွာမဟုတ္ေၾကာင္းဆိုထားပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာလာလီဂါအမွတ္ေပးဇယားဒုတိယေနရာမွာရပ္တည္ေနၿပီးတနဂၤေႏြေန႔တြင္ဂရန္နာဒါႏွင့္ရင္ဆိုင္ကစားရပါမယ္။