မန်စီးတီးဂွါဒီယိုလာဟာဘားတစ်ခုတွင်အမျိုးသမီးတစ်ဦးနှင့်မဖွယ်မရာထိတွေ့မှုပြုလုပ်ခဲ့မှုကြောင့်မန်စီးတီးစတားကိုင်လီဝေါလ်ကားရဲတပ်ဖွဲ့ရဲ့စုံစမ်းစစ်ဆေးခြင်းခံရပြီးနောက် ယင်းဖြစ်ရပ်အပေါ်ပြောကြားလာပါတယ်။
ကိုင်လီဝေါလ်ကားဟာအနားရထားစဉ်အတွင်းဝမ်စလောရှိဘားတစ်ဦးတွင်အရက်သေစာသောက်စားပြီးနောက်အမျိုးသမီးနှင့်မဖွယ်မရာထိတွေ့ကိုင်တွယ်ခြင်းတို့ပြုလုပ်ခဲ့ပါတယ်။
ကိုင်လီဝေါလ်ကားရဲ့အဖြစ်အပျက်ကိုမှတ်တမ်းတင်ထားတဲ့စီစီတီဗွီမှတ်တမ်းထွက်ပေါ်လာပြီးနောက်ရဲတပ်ဖွဲ့ဝင်များကစုံစမ်းစစ်ဆေးမှုများပြုလုပ်နေပါတယ်။ဒါပေမဲ့ရဲတပ်ဖွဲ့ကတစုံတရာဖမ်းဆီးမှုမပြုလုပ်သေးပါဘူး။
ပဲလေ့စ်ကိုအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ရမဲ့ပွဲစဉ်မတိုင်မီဂွါဒီယိုလာက “ဒါကကိုယ်ရေးကိုယ်တာကိစ္စပါ။အတွင်းပိုင်းမှာပဲဖြေရှင်းမယ်။သူနဲ့စကားပြောနေတယ်။ဒီနေရာ(သတင်းစာရှင်းလင်းပွဲ)ကကိုယ်ရေးကိုယ်တာကိစ္စကိုပြောရမဲ့နေရာမဟုတ်ပါဘူး”လို့ပြောကြားသွားပါတယ်။
ဒါ့အပြင်ဂွါဒီယိုလာကကစားသမားများအနေဖြင့်အများပြည်သူရှိနေရာနေရာတွင်ကောင်းမွန်တဲ့အပြုအမူမျိုးပြုလုပ်ရန်အထူးသတိထားရမည်ဖြစ်ကြောင်းလည်းသတိပေးသွားပါတယ်။
ZawGyi
မဖွယ်ရာထိတွေ့မှုဖြင့် ကိုင်လီဝေါလ်ကား စုံစမ်းစစ်ဆေးခြင်းခံရမှုအပေါ် ဂွါဒီယိုလာ ပြောကြားလာပြီ